ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၁ ၁၁/၁ စာ. ၃
  • ကျမ်းစာအမြင်ကိုသိဖို့ အရေးကြီးသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာအမြင်ကိုသိဖို့ အရေးကြီးသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်က “မင်းသမီး” လို့ နာမည်ပေးခဲ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ကျမ်းစာစံနှုန်းတွေအတိုင်း ဘာကြောင့် နေထိုင်ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • ‘မင်းဟာ မိန်းမချောပဲ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • သင့်သားသမီးတွေကို လိင်အကြောင်း ပြောပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
က၁၁ ၁၁/၁ စာ. ၃

ကျမ်းစာအမြင်ကိုသိဖို့ အရေးကြီးသလား

“ကျွန်မ ဆယ်နှစ်အရွယ်မှာ ကောင်လေးတွေနဲ့တွဲပြီး လျှောက်သွားတတ်နေပြီ။ အစပိုင်းမှာတော့၊ ကျွန်မတို့က လက်လေးကိုင်လိုက်၊ နမ်းလိုက်ပေါ့။ ဒါပေမဲ့ မကြာခင်မှာပဲ ကျွန်မတို့ နှစ်ယောက်စလုံး ပွတ်သီးပွတ်သပ် လုပ်လာကြပြီး ဖိုမစိတ်ကို နှိုးဆွပေးတဲ့ အပြုအမူအမျိုးမျိုးကို မြည်းစမ်းလာကြတယ်။ ကျွန်မအသက် ၁၅ နှစ်အရွယ်မှာ အလုပ်စဝင်ရပြီ။ အလုပ်ထဲမှာ ကျွန်မနဲ့ ဖိုမဆက်ဆံချင်တဲ့သူတွေက ကျွန်မနဲ့ ရင်းနှီးအောင် ကြိုးစားလာကြတယ်။ ကျွန်မ သတ္တိရှိချင်လာတယ်၊ ကျွန်မရဲ့အလုပ်ဖော်တွေလုပ်သမျှ လိုက်လုပ်ကြည့်ချင်လာတယ်။ သူတို့ ရဲ့အပယ်ခံ မဖြစ်ချင်ဘူး။ ဒါကြောင့် ဖိုမကိစ္စကို ပိုပြီးမြည်းစမ်းဖြစ်သွားတာပေါ့။”​—စဲရာ၊a ဩစတြေးလျနိုင်ငံ။

စဲရာဟာ ဘာသာတရားကိုင်းရှိုင်းတဲ့ မိသားစုကနေ ကြီးပြင်းလာတယ်ဆိုတာကို သင် သိလိုက်ရရင် အံ့သြသွားလိမ့်မယ်။ ကျမ်းစာစံနှုန်းတွေနဲ့အညီ အသက်ရှင်နေထိုင်ဖို့ သူ့ကို မိဘတွေက ကြိုးစားသင်ပေးခဲ့တယ်။ ဒါပေမဲ့ သူ လက်မခံခဲ့ပါဘူး။

လူအများကတော့ စဲရာရဲ့ ရွေးချယ်မှုကို သဘောတူကြမှာဖြစ်တယ်။ ဖိုမကိစ္စနဲ့ပတ်သက်ပြီး ကျမ်းစာရဲ့အမြင်က ခေတ်နောက်ကျသွားပြီလို့ သူတို့ ယူဆထားကြတယ်။ တချို့ကျတော့ ဘာသာတရားလည်း လိုက်စားလို့ရသလို တစ်ချိန်တည်းမှာ အကျင့်ပျက်ဘဝပုံစံကိုလည်း လိုက်စားလို့ရတယ်ဆိုပြီး ယူဆကြတယ်။

ဖိုမကိစ္စနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်တွေကို သိပြီး လိုက်လျှောက်မယ်၊ မလိုက်လျှောက်ဘူးဆိုတာက အရေးကြီးသလား။ သမ္မာကျမ်းစာကို ‘ဘုရားသခင့် စွမ်းအားတော်၏ လမ်းညွှန်မှုဖြင့် ရေးထားသောကြောင့် သွန်သင်ခြင်းတွင် အကျိုးရှိ၏’ လို့ကျမ်းစာမှာ ဖော်ပြထားပါတယ်။ (၂ တိမောသေ ၃:၁၆) လူသားတွေကို ဘုရားသခင် ဖန်ဆင်းထားပြီး သမ္မာကျမ်းစာကို ဘုရားသခင့်စွမ်းအားတော်နဲ့ ရေးထားတယ်ဆိုတာကို သင် ယုံယုံ၊ မယုံယုံ ဖိုမကိစ္စနဲ့ပတ်သက်တဲ့ ကျမ်းစာပြောဆိုရာတွေကို သိထားသင့်ပါတယ်။

ဖိုမကိစ္စနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ချက်တွေကို လူအများက နားမလည်နိုင်ဘဲ ဖြစ်နေကြတယ်။ သမ္မာကျမ်းစာကို လေးမြတ်ပါတယ်လို့ ပြောဆိုတဲ့ ဘာသာရေးခေါင်းဆောင်တွေက ရှုပ်ထွေးအောင် အမျိုးမျိုးသွန်သင်ပေးနေကြတယ်။ အဲဒါနဲ့ပတ်သက်ပြီး ခရစ်ယာန်ဂိုဏ်း အတော်များများမှာလည်း သဘောထားတွေ ကွဲလွဲနေကြတယ်။

ဖိုမကိစ္စနဲ့ပတ်သက်ပြီး တခြားသူတွေရဲ့ ပြောဆိုရာတွေကို ယုံကြည်ကိုးစားမယ့်အစား ကျမ်းစာသွန်သင်ချက်တွေကို သင်ကိုယ်တိုင် ဆန်းစစ်ကြည့်ပါ။ အဲဒါနဲ့ပတ်သက်ပြီး ကျမ်းစာအမြင်က ဘာလဲဆိုတာကို ပွင့်ပွင့်လင်းလင်း မေးထားတဲ့ မေးခွန်းဆယ်ခုကို နောက်ဆောင်းပါးမှာ သုံးသပ်ထားပါတယ်။ အဲဒီဆောင်းပါးမှာ ကျမ်းစာသွန်သင်ချက်တွေအပေါ် အခြေပြုပြီး ရှင်းရှင်းလင်းလင်း ဖြေဆိုပေးထားတာကို သင်တွေ့ရပါလိမ့်မယ်။ ဒီဆောင်းပါးတွဲရဲ့ နောက်ဆုံးဆောင်းပါးမှာ ကျွန်ုပ်တို့ရဲ့ ရွေးချယ်မှုက ဘာကြောင့် အရေးကြီးရသလဲဆိုတာကို သုံးသပ်ပါလိမ့်မယ်။

[အောက်ခြေမှတ်ချက်]

a နာမည် ပြောင်းထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ