ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၂/၁ စာ. ၃-၅
  • အာမဂေဒုန်ကို လူတချို့ ဘယ်လိုယူမှတ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အာမဂေဒုန်ကို လူတချို့ ဘယ်လိုယူမှတ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာမဂေဒုန်စစ်ပွဲဆိုတာ ဘာကိုပြောတာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • အာမဂေဒုန်—ရုတ်တရက်ကမ္ဘာကုန်ခြင်းလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ကျမ်းစာ သွန်သင်ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • အာမဂေဒုန်—ပျော်ရွှင်ဖွယ်ကောင်းသောအစ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၂/၁ စာ. ၃-၅

အာမဂေဒုန်ကို လူတချို့ ဘယ်လိုယူမှတ်

“ရှင်ဘုရင်တို့အား ဟေဗြဲဘာသာအားဖြင့် အာမဂေဒုန်ဟု နာမည်တွင်သော အရပ်သို့ ခေါ်ဆောင်စုရုံးစေကြ၏။”—ဗျာ. ၁၆:၁၆၊ ခမ။

“အာမဂေဒုန်” ဆိုတဲ့ စကားလုံးကို ကြားတဲ့အခါ သင် ဘာကို သွားမြင်ယောင်သလဲ။ လူအများစုက ကြားဖူးကြမှာ မဟုတ်ပေမဲ့ လူတချို့ကတော့ အာမဂေဒုန်ကို အကြီးစား ကပ်ဘေးကြီးတစ်ခုလို့ မြင်ယောင်ကြပါတယ်။ သမ္မာကျမ်းစာထဲမှာ အဲဒီစကားလုံးကို တစ်နေရာတည်းပဲ တွေ့ရပေမဲ့ သတင်းမီဒီယာတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကတော့ မကြာခဏ အသုံးပြုတတ်ကြပါတယ်။

အာမဂေဒုန်နဲ့ပတ်သက်ပြီး လူအများ လက်ခံထားတဲ့ ယူဆချက်တွေက ကျမ်းစာဖော်ပြချက်တွေနဲ့ ကိုက်ညီပါသလား။ ဒီမေးခွန်းရဲ့ အဖြေကို သိဖို့လိုပါတယ်။ ဘာကြောင့်လဲ။ ဘာကြောင့်လဲဆိုတော့ အာမဂေဒုန်နဲ့ပတ်သက်တဲ့ အမှန်တရားက သင့်ကို အကြောင်းမဲ့ ကြောက်လန့်မနေစေဘူး၊ သင့်ရဲ့အနာဂတ် မျှော်လင့်ချက်ကို တောက်ပစေတယ်၊ ဘုရားသခင်နဲ့ပတ်သက်ပြီး သင့်ရဲ့ စဉ်းစားတွေးတောပုံကို လမ်းညွှန်ပေးနိုင်လို့ပါပဲ။

တစ်ဖက်စာမျက်နှာမှာ ဖော်ပြထားတဲ့ မေးခွန်းသုံးခုကို သုံးသပ်ပြီး အာမဂေဒုန်နဲ့ ပတ်သက်တဲ့ လူအများရဲ့ ယူဆချက်တွေကို ကျမ်းစာဖော်ပြချက်တွေနဲ့ နှိုင်းယှဉ်ကြည့်ပါ။

၁။ အာမဂေဒုန်ဟာ လူတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကပ်ဘေးတစ်ခုလား။

သတင်းစာဆရာတွေနဲ့ သုတေသီတွေက “အာမဂေဒုန်” ဆိုတဲ့ စကားလုံးကို လူတွေကြောင့် ဖြစ်ပေါ်လာတဲ့ ကပ်ဘေးကြီးတွေဆိုပြီး အဓိပ္ပာယ်ဖွင့်ဆိုတတ်ကြပါတယ်။ ဥပမာ၊ ပထမကမ္ဘာစစ်နဲ့ ဒုတိယကမ္ဘာစစ်ကို အာမဂေဒုန်စစ်ပွဲလို့ ရည်ညွှန်းခဲ့ကြတယ်။ အဲဒီစစ်ပွဲကြီးနှစ်ခု ပြီးသွားတဲ့နောက်မှာ အမေရိကန်နိုင်ငံနဲ့ ဆိုဗီယက်ပြည်ထောင်စုတို့ဟာ တစ်နိုင်ငံနဲ့တစ်နိုင်ငံ အဏုမြူလက်နက်တွေနဲ့ တိုက်ခိုက်ကြမှာကို လူတွေ စိုးရိမ်ခဲ့ကြတယ်။ ဖြစ်လာနိုင်ဖွယ်ရှိတဲ့ အဲဒီစစ်ပွဲကို “နျူကလီးယားလက်နက်တွေနဲ့ တိုက်ခိုက်မယ့် အာမဂေဒုန်” လို့ မီဒီယာတွေက ဆိုကြတယ်။ ကနေ့ခေတ်မှာ ပတ်ဝန်းကျင် ညစ်ညမ်းမှုကြောင့် ကမ္ဘာ့ရာသီဥတု အကြီးအကျယ် ပြောင်းလဲသွားမှာကို စိုးရိမ်နေကြတဲ့ သုတေသီတွေက “ရာသီဥတုဆိုင်ရာ အာမဂေဒုန်” ဖြစ်လာလိမ့်မယ်လို့ သတိပေးကြတယ်။

သူတို့ရဲ့ ဖွင့်ဆိုချက်က ဘာသဘော သက်ရောက်သလဲ– လူတွေမှာ ကမ္ဘာမြေကြီးနဲ့ သက်ရှိသတ္တဝါအားလုံးရဲ့ အနာဂတ်ကို အပြည့်အဝ ထိန်းချုပ်နိုင်စွမ်း ရှိတယ်။ လူ့အုပ်စိုးရှင်တွေကသာ ပညာရှိရှိ မလုပ်ဆောင်ဘူးဆိုရင်တော့ ကမ္ဘာမြေကြီးက လုံးဝကို ပျက်စီးသွားပါလိမ့်မယ်။

ကျမ်းစာဖော်ပြချက်– ကမ္ဘာမြေကြီးကို လူတွေဖျက်ဆီးဖို့ ယေဟောဝါa ခွင့်ပြုမှာမဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဘုရားသခင်ဟာ ကမ္ဘာမြေကြီးကို “အချည်းနှီး” ဖန်ဆင်းထားတာ မဟုတ်ဘဲ “သတ္တဝါနေစရာဖို့” ဖန်ဆင်းထားတာလို့ သမ္မာကျမ်းစာမှာ အခိုင်အမာပြောထားလို့ပါ။ (ဟေရှာယ ၄၅:၁၈) ဒါကြောင့် ကမ္ဘာမြေကြီးကို ဖျက်ဆီးဖို့ လူတွေကို ခွင့်ပြုမှာမဟုတ်ဘဲ “မြေကြီးကိုဖျက်ဆီးသောသူတို့ကို ဖျက်ဆီး” မှာ ဖြစ်ပါတယ်။—ဗျာ. ၁၁:၁၈။

၂။ အာမဂေဒုန်ဆိုတာ သဘာဝကပ်ဘေးကြီး တစ်ခုလား။

တစ်ခါတလေ သတင်းစာဆရာတွေက “အာမဂေဒုန်” ဆိုတဲ့ စကားလုံးကို သဘာဝကပ်ဘေးကြီးတွေလို့ အမည်တပ်ပြီး ပြောဆိုကြတယ်။ ဥပမာ၊ ၂၀၁၀ ပြည့်နှစ်တုန်းက သတင်းတစ်ပုဒ်ထဲမှာ “ဟေတီနိုင်ငံက ‘အာမဂေဒုန်’” ဆိုတဲ့ ခေါင်းစဉ်နဲ့ အဲဒီနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ပြင်းထန်တဲ့ မြေငလျင်ကြောင့် လူတွေရဲ့ အသက်အိုးအိမ် ပျက်စီးဆုံးရှုံးသွားတဲ့အကြောင်း ဖော်ပြထားပါတယ်။ သတင်းထောက်တွေနဲ့ ရုပ်ရှင်ရိုက်ကူးရေးသမားတွေက ဖြစ်ပြီးသွားတဲ့ အဖြစ်အပျက်အတွက်သာမက ဖြစ်လာဦးမယ့် ကြောက်မက်ဖွယ် အဖြစ်အပျက်အတွက်ကိုပါ အာမဂေဒုန်ဆိုပြီး သုံးနှုန်းပြောဆိုကြတယ်။ ဥပမာ၊ ကမ္ဘာကို ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခု လာတိုက်မိရာကနေ ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ ဆိုးကျိုးတွေကို ဖော်ပြဖို့ “အာမဂေဒုန်” ဆိုတဲ့ စကားလုံးကို သူတို့ အသုံးပြုခဲ့ကြပါတယ်။

သူတို့ရဲ့ ဖွင့်ဆိုချက်က ဘာသဘော သက်ရောက်သလဲ– အာမဂေဒုန်ဆိုတာ အပြစ်မရှိတဲ့သူတွေကို သိမ်းကျုံးဖျက်ဆီးမယ့် ရုတ်တရက် ဖြစ်ပေါ်လာတဲ့ ဖြစ်ရပ်တစ်ခုပါ။ အဲဒီဖြစ်ရပ်ကနေ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာ မဟုတ်ဘူး။

ကျမ်းစာဖော်ပြချက်– အာမဂေဒုန်ဆိုတာ လူတွေကို သိမ်းကျုံးဖျက်ဆီးမယ့် ဖြစ်ရပ်တစ်ခု မဟုတ်ပါဘူး။ အာမဂေဒုန်အတွင်းမှာ လူဆိုးတွေကိုပဲ ဖျက်ဆီးပစ်မှာပါ။ မကြာခင် “မတရားသောသူသည် မရှိရ။ သူ၏နေရာကို စေ့စေ့ရှာ၍ မတွေ့ရ” လို့ သမ္မာကျမ်းစာမှာ ကတိပြုထားပါတယ်။—ဆာလံ ၃၇:၁၀။

၃။ ဘုရားသခင်က ကမ္ဘာမြေကြီးကို အာမဂေဒုန်မှာ ဖျက်ဆီးပစ်မှာလား။

အကောင်းနဲ့အဆိုးတွေရဲ့ နောက်ဆုံးတိုက်ပွဲ ဖြစ်လာပြီးတဲ့နောက်မှာ ကမ္ဘာပျက်သွားလိမ့်မယ်လို့ ဘာသာရေးသမား အတော်များများက ယုံကြည်ကြတယ်။ အမေရိကန်နိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ လူထုသဘောထား စစ်တမ်းတစ်ခုမှာ အစစ်ဆေးခံခဲ့တဲ့ အရွယ်ရောက်သူ ၄၀ ရာခိုင်နှုန်းက “အာမဂေဒုန်စစ်ပွဲ” မှာ ကမ္ဘာပျက်သွားလိမ့်မယ်ဆိုပြီး ယုံကြည်ကြတယ်လို့ ဖော်ပြထားပါတယ်။

သူတို့ရဲ့ ဖွင့်ဆိုချက်က ဘာသဘော သက်ရောက်သလဲ– လူသားတွေဟာ ကမ္ဘာပေါ် ထာဝစဉ် အသက်ရှင်ဖို့ မဟုတ်သလို ကမ္ဘာမြေကြီးကလည်း ထာဝစဉ် တည်တံ့မှာမဟုတ်ပါဘူး။ လူသားတွေဟာ တစ်ချိန်ချိန်မှာ သေကိုသေရမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဘုရားသခင် ဖန်ဆင်းခဲ့တာဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားတယ်။

ကျမ်းစာဖော်ပြချက်– ဘုရားသခင်က မြေကြီးကို “ကာလအစဉ်အမြဲ မရွေ့မလှုပ်စေခြင်းငှာ တည်တော်မူ” တယ်လို့ သမ္မာကျမ်းစာမှာ ရှင်းရှင်းလင်းလင်း ဖော်ပြထားပါတယ်။ (ဆာလံ ၁၀၄:၅) လူတွေနဲ့ပတ်သက်ပြီး သမ္မာကျမ်းစာမှာ ဒီလိုဖော်ပြထားပါတယ်– “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [“ကမ္ဘာမြေကြီး၊” ကဘ] ကိုအမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉။

အာမဂေဒုန်နဲ့ပတ်သက်ပြီး လူအများ လက်ခံထားတဲ့ ယူဆချက်တွေက ကျမ်းစာဖော်ပြချက်တွေနဲ့ ဆန့်ကျင်ကွဲလွဲနေပါတယ်။ ဒါဆိုရင် ဘယ်အရာက အမှန်လဲ။

[အောက်ခြေမှတ်ချက်]

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ ကိုယ်ပိုင်နာမည်ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ