ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၄/၁ စာ. ၃
  • အဖြေများကို ရှာရာဝယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဖြေများကို ရှာရာဝယ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုခရစ် နဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ယေရှုခရစ်ဟာ ဘယ်သူလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ယေရှုခရစ်က ဘယ်သူလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • မိမိအကြောင်း ယေရှု သွန်သင်ခဲ့ရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၄/၁ စာ. ၃

အဖြေများကို ရှာရာဝယ်

“[ယေရှု] ဘယ်သူလဲဆိုတာနဲ့ပတ်သက်ပြီး လူတိုင်းမှာ ထင်မြင်ချက် ကိုယ်စီရှိကြပါတယ်။ ခရစ်ယာန်ပဲဖြစ်ဖြစ်၊ ခရစ်ယာန်မဟုတ်တဲ့သူပဲဖြစ်ဖြစ် ကျွန်တော်တို့ စဉ်းစားမိတဲ့အချက်ကတော့ ‘ယေရှု ဘယ်သူလဲ’ ဆိုတာပါပဲ။” —စာရေးဆရာ စတန် ဂက်သရီ။

ယေရှုအကြောင်းဆို လူတွေက သိချင်ကြတယ်။ သူ့အကြောင်း ရေးသားထုတ်ဝေတဲ့ စာအုပ်တွေဆိုရင် အရောင်းရဆုံးစာရင်းဝင်တယ်။ သူ့အကြောင်း ရိုက်ကူးထုတ်လုပ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေဆိုရင်လည်း နာမည်အရမ်းကြီးတယ်။ ဒါပေမဲ့ ယေရှုနဲ့ပတ်သက်တဲ့ မေးခွန်းတွေက လူများစွာရဲ့စိတ်ထဲမှာ ထင်ကျန်နေဆဲပါ။ ယေရှု ဘယ်သူလဲဆိုတာနဲ့ပတ်သက်ပြီး လူတွေက ထင်မြင်ချက်အမျိုးမျိုး ပေးနေကြပါတယ်။

လွန်ခဲ့တဲ့နှစ်အနည်းငယ်က စာနယ်ဇင်းသမားနှစ်ယောက်ဟာ “ယေရှု ဘယ်သူလဲ” ဆိုတဲ့မေးခွန်းကို အွန်လိုင်းပေါ်တင်ပြီး လူတွေကို အဖြေပေးကြဖို့ တောင်းဆိုခဲ့တယ်။ ရရှိလာတဲ့ အဖြေတွေထဲမှာ အောက်မှာဖော်ပြထားတဲ့ အဖြေတွေလည်းပါတယ်–

● “သနားကြင်နာမှုအရည်အသွေးကို ဘဝတစ်လျှောက်လုံး တင်ပြသွားခဲ့တဲ့ ရဗ္ဗိ (ဆရာ) တစ်ယောက်ဖြစ်ပုံရတယ်။”

● “သာမန်ထက်ထူးခြားတဲ့ အသက်တာနဲ့ အသက်ရှင်ခဲ့တဲ့ သာမန်အမျိုးသားတစ်ယောက်ဖြစ်တယ်။”

● “ယေရှု ရှိခဲ့တယ်ဆိုတဲ့ အထောက်အထား မရှိပါဘူး။”

● “ယေရှုဆိုတာ ကျွန်တော်တို့ကို အပြစ်ကနေ ကယ်တင်ဖို့ ဘုရားသခင်ရဲ့ သားတော်တစ်ဦးအနေနဲ့ မွေးဖွားလာပြီး သေဆုံးသွားတယ်၊ အဲဒီနောက် သေရာကနေ ပြန်ရှင်လာတဲ့သူတစ်ယောက်ပါ။ သူဟာ အခုအချိန်မှာ အသက်ရှင်နေပြီး ဒီကမ္ဘာကြီးဆီကို နောက်တစ်ခေါက် ပြန်လာဦးမှာ။”

● “ယေရှုခရစ်ဆိုတာ ဘုရားသခင်ရဲ့တစ်ဦးတည်းသော သားတော်ဖြစ်ပြီး လူတစ်ပိုင်းဘုရား[သခင်]တစ်ပိုင်း ပုဂ္ဂိုလ်ဖြစ်တယ်လို့ ကျွန်တော်ယုံတယ်။”

● “ယေရှုဟာ ကလေးတွေအတွက် ပုံပြင်ထဲက ဇာတ်ကောင်ပါ။”

ရှင်းနေတဲ့ အချက်တစ်ချက်ကတော့ အဲဒီလို အမျိုးမျိုးဖြစ်နေတဲ့ ထင်မြင်ချက်တွေ အားလုံး မမှန်နိုင်ဘူးဆိုတာပါပဲ။ ဒါဆိုရင် ယေရှုနဲ့ပတ်သက်ပြီး တိကျမှန်ကန်၊ စိတ်ချရတဲ့အဖြေတွေကို ဘယ်နေရာက ရရှိနိုင်မလဲ။ သမ္မာကျမ်းစာဟာ ဘုရားသခင်ဆီကလာတဲ့ စာအုပ်တစ်အုပ်ဖြစ်ပြီး ဒီစာအုပ်ကပဲ ယေရှုနဲ့ပတ်သက်ပြီး တိကျမှန်ကန်စွာ ဖြေဆိုပေးနိုင်တယ်ဆိုတာ ဒီမဂ္ဂဇင်းထုတ်ဝေသူတွေ ယုံကြည်စိတ်ချကြပါတယ်။a—၂ တိမောသေ ၃:၁၆။

နောက်ဆောင်းပါးမှာ ယေရှုနဲ့ပတ်သက်ပြီး လူတွေ မေးတတ်တဲ့ မေးခွန်းတချို့နဲ့ ကျမ်းစာအဖြေတွေကို ဆွေးနွေးသုံးသပ်ပါမယ်။ “သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့” ဟာ ကယ်တင်ခြင်း ရနိုင်တယ်ဆိုပြီး ယေရှုကိုယ်တိုင်ပြောခဲ့တယ်။ (ယောဟန် ၃:၁၆) အဲဒီအတွက် ယေရှုနဲ့ပတ်သက်တဲ့ အဖြေတွေကို ဆန်းစစ်ဖို့ သင့်ကို တိုက်တွန်းပါတယ်။ ဆန်းစစ်ပြီးတဲ့နောက် ယေရှုအကြောင်း ထပ်လေ့လာသင့်မသင့်၊ ယေရှုကို ယုံကြည်ကြောင်း တင်ပြသင့်မသင့်ဆိုတာကို သင်ကိုယ်တိုင် ဆုံးဖြတ်ပါ။

[အောက်ခြေမှတ်ချက်]

a ဒီထက်မက ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာမှာအဘယ်နည်း စာအုပ်ထဲက အခန်း ၂၊ “သမ္မာကျမ်းစာ—ဘုရားသခင့်ထံတော်မှ စာအုပ်တစ်အုပ်” ကိုဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ