ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၆/၁ စာ. ၅
  • ဒဏ္ဍာရီမဟုတ်တဲ့ သမိုင်းမှတ်တမ်းများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဒဏ္ဍာရီမဟုတ်တဲ့ သမိုင်းမှတ်တမ်းများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဧရာမသစ်ပင်ကြီး၏ နက်နဲမှုကို ဖြေရှင်းခြင်း
    ဒံယေလ၏ ပရောဖက်ပြုချက်ကို ဂရုပြုလော့!
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၆/၁ စာ. ၅

ဒဏ္ဍာရီမဟုတ်တဲ့ သမိုင်းမှတ်တမ်းများ

‘ကျွန်ုပ်သည်လည်း ထိုအကြောင်းအရာအလုံးစုံကို အစမှ သေချာစွာ လေ့လာစိစစ်ထားပါ၏။’—လုကာ ၁:၃။

သမ္မာကျမ်းစာက ဘယ်လိုနည်းနဲ့ ထူးခြားသလဲ။ ပုံပြင်ဒဏ္ဍာရီတွေထဲက အကြောင်းအရာတွေဟာ ဖတ်လို့ကောင်းပေမဲ့ တည်နေရာ၊ ရက်စွဲနဲ့ သမိုင်းဝင်ဇာတ်ကောင်တွေရဲ့ နာမည်တွေကို အတိအကျ မဖော်ပြပေးပါဘူး။ ဒါပေမဲ့ သမ္မာကျမ်းစာထဲမှာတော့ အသေးစိတ်ကျတဲ့ သမိုင်းဆိုင်ရာအချက်အလက်တွေ မရေမတွက်နိုင်အောင် ပါရှိတဲ့အတွက် ‘စကားတော်အလုံးစုံတို့သည် အလွန်တရာ မှန်ကန်’ တယ်ဆိုတာ စာဖတ်သူတွေ စိတ်ချနိုင်ပါတယ်။—ဆာလံ ၁၁၉:၁၆၀၊ The Psalms for Today, by R. K. Harrison.

ဥပမာ– ‘ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် [ယုဒရှင်ဘုရင်] ယေခေါနိကို ဗာဗုလုန်မြို့သို့ လက်ရသိမ်းသွားလေ၏’ လို့ကျမ်းစာမှာ ဆိုထားပါတယ်။ နောက်ပိုင်းမှာ “ဗာဗုလုန်ရှင်ဘုရင် ဧဝိလမေရောဒက် နန်းစံစက ယုဒရှင်ဘုရင် ယေခေါနိကို ထောင်ထဲကနုတ်၍ ချမ်းသာပေးလေ၏။” ဒါ့အပြင် “အသက်ရှည်သမျှ နေ့ရက်အစဉ်မပြတ် သူစားစရာဖို့ ဗာဗုလုန်ရှင်ဘုရင် ပေးသနားတော်မူ၏။”—၄ ဓမ္မရာဇဝင် ၂၄:၁၁၊ ၁၅၊ ၁၆; ၂၅:၂၇-၃၀။

ရှေးဟောင်းသုတေသနပညာရှင်များ တွေ့ရှိခဲ့ရာ– ရှေးဟောင်းသုတေသနပညာရှင်တွေဟာ ဒုတိယမြောက် နေဗုခဒ်နေဇာဘုရင် အုပ်စိုးချိန်က အုပ်ချုပ်ရေးပိုင်းဆိုင်ရာ မှတ်တမ်းမှတ်ရာတွေကို ဗာဗုလုန်မြို့ဟောင်း အပျက်အယွင်းတွေကြားထဲမှာ ရှာဖွေတွေ့ရှိခဲ့ကြပါတယ်။ အဲဒီမှတ်တမ်းတွေထဲမှာ အကျဉ်းသားတွေနဲ့ နန်းတွင်းသူနန်းတွင်းသားတွေကိုပေးတဲ့ ရိက္ခာခွဲတမ်းစာရင်း ပါရှိတယ်။ “ယာဟဒ်ပြည် (ယုဒ) ရဲ့ရှင်ဘုရင် ယောခင် [ယေခေါနိ]” နဲ့ သူ့မိသားစုဝင်တွေရဲ့ နာမည်စာရင်းလည်း ပါတယ်။ နေဗုခဒ်နေဇာရဲ့နေရာကို ဆက်ခံသူ ဧဝိလမေရောဒက် တကယ်ရှိမရှိဆိုတာနဲ့ ပတ်သက်ပြီးတော့ကော။ စူဆာမြို့အနီးမှာ တွေ့ရှိခဲ့တဲ့ မြေအိုးတစ်အိုးပေါ် ဒီလိုရေးထိုးထားတယ်– “ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာရဲ့သား ဗာဗုလုန်ရှင်ဘုရင် အေမယ်လ်-မာဒွတ် [ဧဝိလမေရောဒက်] ရဲ့နန်းတော်။”

သင် ဘယ်လိုယူဆသလဲ။ ဒီလိုမျိုး အသေးစိတ်ကျပြီး တိကျမှန်ကန်တဲ့ သမိုင်းဆိုင်ရာ အချက်အလက်တွေကို တခြားကျမ်းဂန်တွေမှာ တွေ့ရပါသလား။ ဒါမှမဟုတ် သမ္မာကျမ်းစာမှာ တွေ့ရပါသလား။

[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]

“သမ္မာကျမ်းစာမှာ ဖော်ပြထားတဲ့ ဖြစ်ရပ်တွေရဲ့ အချိန်ကာလနဲ့ နေရာဒေသတွေဟာ တခြားရှေးဟောင်း မှတ်တမ်းမှတ်ရာတွေမှာ ဖော်ပြထားရာတွေထက် ပိုတိကျပြီး ပိုယုံကြည်စိတ်ချရတယ်။”—A SCIENTIFIC INVESTIGATION OF THE OLD TESTAMENT, BY ROBERT D. WILSON

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ယုဒဘုရင် ယေခေါနိရဲ့ နာမည်ပါရှိတဲ့ ဘေဘီလုန်မှတ်တမ်းမှတ်ရာ

[Credit Line]

© bpk, Berlin/Vorderasiatisches Museum, SMB/Olaf M. Tessmer/Art Resource, NY

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ