ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၁၀/၁ စာ. ၂၅
  • အိမ်ထောင်ပြုမှပဲ ပျော်ရွှင်မှာလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အိမ်ထောင်ပြုမှပဲ ပျော်ရွှင်မှာလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်ကိုယ်ရေနေခြင်း၊ အိမ်ထောင်ပြုခြင်းအကြောင်း ကျမ်းစာအဆို
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • အိမ်ထောင်မင်္ဂလာသည် ပျော်ရွှင်မှု၏ တစ်ခုတည်းသောသော့ချက်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • အိမ်ထောင်မင်္ဂလာ—မေတ္တာရှင် ဘုရားသခင်ဆီက ဆုလက်ဆောင်
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • တစ်ကိုယ်ရေနဲ့ အိမ်ထောင်သည်တွေအတွက် ပညာရှိလမ်းညွှန်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၁၀/၁ စာ. ၂၅

စာရှုသူများအမေး

အိမ်ထောင်ပြုမှပဲ ပျော်ရွှင်မှာလား

ဘဝမှာ ပြီးပြည့်စုံပြီး ပျော်ရွှင်ချင်တယ်ဆိုရင် အိမ်ထောင်ပြုရမယ်လို့ ကျမ်းစာက သွန်သင်ပါသလား။ ကျမ်းစာကို အပေါ်ယံ ဖတ်ကြည့်လိုက်ရင် အဲဒီလို သွန်သင်ထားပုံရတယ်။ ဒါဆိုရင် ကျမ်းစာမှာ ဘယ်လို သွန်သင်ထားပုံရသလဲ။

ပထမဆုံးလူသား အာဒံဟာ တစ်ကိုယ်တည်းနေဖို့ မသင့်တော်ဘူးဆိုတာ ဘုရားသခင် သိမြင်တယ်လို့ ကမ္ဘာဦးကျမ်း မှတ်တမ်းမှာ ဖော်ပြထားတယ်။ ဒါကြောင့် ဘုရားသခင်က အာဒံအတွက် ဧဝကို “အထောက်အမ” အဖြစ် ဖန်ဆင်းပေးခဲ့တယ်။ (ကမ္ဘာဦး ၂:၁၈) အဲဒီမှတ်တမ်းအရ လူတစ်ဦးဟာ အိမ်ထောင်မပြုဘဲနဲ့ ပြီးပြည့်စုံမှာ မဟုတ်ဘူးလို့ ကောက်ချက်ချကောင်း ချနိုင်ပါတယ်။ ဒါ့အပြင် ကျမ်းစာမှတ်တမ်း အတော်များများမှာ အိမ်ထောင်ပြုခြင်းကို ကောင်းချီးနဲ့ ပျော်ရွှင်မှုတို့ရဲ့ ရင်းမြစ်လို့ ဖော်ပြထားတယ်။ ရုသလို့ခေါ်တဲ့ အမျိုးသမီးတစ်ဦးရဲ့ အဖြစ်အပျက်က ဥပမာတစ်ခုဖြစ်ပါတယ်။

ဒါပေမဲ့ ကနေ့ခေတ် ခရစ်ယာန်စစ်တွေဟာ အိမ်ထောင်သားမွေး မပြုဘူးဆိုရင် ပြည့်စုံပြီး ပျော်ရွှင်တဲ့ဘဝကို မရရှိနိုင်ဘူးလို့ အဲဒီကျမ်းမှတ်တမ်းတွေက ဆိုလိုပါသလား။ မဆိုလိုနိုင်ပါဘူး။ အသက်ရှင်ခဲ့သမျှ လူသားတွေထဲမှာ အပျော်ရွှင်ဆုံးနဲ့ အပြည့်စုံဆုံးဘဝကို ပိုင်ဆိုင်ခဲ့တဲ့သူကတော့ ယေရှုခရစ်ပါပဲ။ ဒါပေမဲ့ ယေရှုဟာ သေဆုံးတဲ့အထိ တစ်ကိုယ်ရေဘဝနဲ့ပဲ နေထိုင်ခဲ့ပါတယ်။ ဉာဏ်ပညာအရှိဆုံးဖြစ်တဲ့ ယေရှုဟာ “ပျော်ရွှင်သော ဘုရားသခင်” ယေဟောဝါကို အပြည့်အဝ ရောင်ပြန်ဟပ်တယ်။ (၁ တိမောသေ ၁:၁၁; ယောဟန် ၁၄:၉) ဒီလောကမှာ ဘယ်အရာတွေက ပျော်ရွှင်စေတယ်ဆိုတာကို ယေရှု ထုတ်ဖော်ပြသခဲ့တယ်။ (မဿဲ ၅:၁-၁၂) ယေရှု ဖော်ပြသွားတဲ့အထဲမှာ အိမ်ထောင်ပြုခြင်းဆိုတဲ့အချက် မပါဘူး။

ဒါဆိုရင် အိမ်ထောင်ပြုခြင်းနဲ့ပတ်သက်ပြီး ကျမ်းစာရဲ့အတွင်းသဘောက ဆန့်ကျင်ကွဲလွဲနေသလား။ မဆန့်ကျင်ပါဘူး။ ယေဟောဝါဘုရားသခင်ရဲ့ ရည်ရွယ်ချက်ထဲမှာ အိမ်ထောင်ပြုခြင်းလည်း ပါတယ်ဆိုတာကို သုံးသပ်ဖို့လည်း လိုပါတယ်။ အိမ်ထောင်ပြုခြင်းဟာ ပျော်ရွှင်မှု၊ ရင်းနှီးမှု၊ နှစ်သိမ့်မှုတို့ကို ရရှိစေတဲ့အရာအဖြစ် ဘုရားသခင် သတ်မှတ်ထားပေမဲ့ တစ်ခါတလေ ကိုယ်တော့်ရည်ရွယ်ချက် ပြည့်စုံစေရေးမှာ အရေးပါတဲ့အရာလည်း ဖြစ်တယ်။ ဥပမာ၊ အာဒံနဲ့ ဧဝတို့အတွက် ဘုရားသခင်ရဲ့ ရည်ရွယ်ချက်က ‘များပြားစွာ မွေးဖွားပြီး မြေကြီးကိုပြည့်စေ’ ဖို့ဖြစ်တယ်။ (ကမ္ဘာဦး ၁:၂၈) အာဒံတစ်ယောက်တည်း ဒါမှမဟုတ် ဧဝတစ်ယောက်တည်းနဲ့ ဘုရားသခင်ရဲ့ရည်ရွယ်ချက် ပြည့်စုံနိုင်မှာ မဟုတ်ပါဘူး။ သူတို့ဟာ တစ်ယောက်ကိုတစ်ယောက် လိုအပ်ပြီး အပြန်အလှန် ထောက်မပေးရမယ်။

အလားတူ၊ အစ္စရေးလူမျိုးတွေနဲ့ပတ်သက်ပြီး ကိုယ်တော့်ရည်ရွယ်ချက်ကို အကောင်အထည်ဖော်တဲ့အခါ အိမ်ထောင်ပြုခြင်းနဲ့ မိသားစုဘဝလည်း ပါဝင်တယ်။ အစ္စရေးလူတွေကို ရန်သူတွေ မလွှမ်းမိုးသွားအောင် သားသမီးတွေ များများ မွေးဖွားစေခဲ့တယ်။ သစ္စာရှိလူသားတွေကို အပြစ်နဲ့သေခြင်းကနေ လွတ်မြောက်စေမယ့် မေရှိယ (ခရစ်တော်) ကို ယုဒအနွယ်ကနေ ပေါ်ထွန်းစေဖို့လည်း ဘုရားသခင် ရည်ရွယ်ခဲ့တယ်။ (ကမ္ဘာဦး ၄၉:၁၀) ဒါကြောင့် သစ္စာရှိ အစ္စရေးအမျိုးသမီးတွေဟာ အိမ်ထောင်သားမွေးခြင်းကို အခွင့်ထူးအဖြစ် ယူမှတ်ကြတယ်။ တကယ်လို့ အိမ်ထောင်သားမွေး မပြုဘူးဆိုရင် ရှက်စရာ၊ ဝမ်းနည်းစရာအဖြစ် ယူမှတ်ကြတယ်။

ကနေ့ခေတ်မှာကော။ “မြေကြီးကို ပြည့်စေ” ပါဆိုတဲ့ ဘုရားသခင်ရဲ့ မူလမိန့်မှာချက်ကြောင့် လူဦးရေတိုးပွားနေတဲ့ ကနေ့လောကမှာ နေထိုင်နေတဲ့ ခရစ်ယာန်စစ်တွေလည်း အိမ်ထောင်သားမွေးဖို့ တာဝန်ရှိသလား။ မရှိပါဘူး။ (မဿဲ ၁၉:၁၀-၁၂) ခရစ်တော်နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက်တွေက ပြည့်စုံသွားခဲ့ပြီဖြစ်လို့ ခရစ်တော်ပေါ်ထွန်းမယ့် မျိုးနွယ်ကို ကာကွယ်ပေးဖို့ မလိုအပ်တော့ပါဘူး။ ဒါဆိုရင် ခရစ်ယာန်စစ်တွေဟာ အိမ်ထောင်ပြုခြင်းနဲ့ တစ်ကိုယ်ရေနေခြင်းကို ဘယ်လိုရှုမြင်ကြသလဲ။

အိမ်ထောင်ပြုခြင်းနဲ့ တစ်ကိုယ်ရေနေခြင်း နှစ်ခုစလုံးကို ဘုရားသခင်ဆီကရတဲ့ ဆုကျေးဇူးအဖြစ် သတ်မှတ်နိုင်ပါတယ်။ လူတစ်ယောက်က အိမ်ထောင်ပြုဖို့ ရွေးချယ်မှာဖြစ်ပြီး တခြားတစ်ယောက်ကတော့ တစ်ကိုယ်ရေဘဝနဲ့နေဖို့ ရွေးချယ်ပြီး ပျော်ရွှင်ကျေနပ်နိုင်ပါတယ်။ အိမ်ထောင်ပြုခြင်းဟာ မြင့်မြတ်တဲ့ အစီအစဉ်ဖြစ်ပြီး မေတ္တာ၊ အဖော်အဖက်၊ တည်ငြိမ်တဲ့ မိသားစုဘဝကို ရရှိစေနိုင်ပါတယ်။ တစ်ချိန်တည်းမှာ အခုခေတ် အိမ်ထောင်ပြုတဲ့သူတွေဟာ “ကာယဆင်းရဲဒုက္ခ” ကိုလည်း ခံစားရမယ်ဆိုပြီး ကျမ်းစာက အမှန်အတိုင်း ဖော်ပြတယ်။ တစ်ကိုယ်ရေဘဝကို ရှက်စရာ ဒါမှမဟုတ် ဝမ်းနည်းစရာအဖြစ် ယေဟောဝါဘုရားသခင် မရှုမြင်ပါဘူး။ တစ်ကိုယ်ရေဘဝဟာ အိမ်ထောင်သည်ဘဝနဲ့ မတူတဲ့ အကျိုးကျေးဇူးတွေ ခံစားရနိုင်တယ်ဆိုပြီး ကျမ်းစာမှာ ဖော်ပြထားတယ်။—၁ ကောရိန္သု ၇:၂၈၊ ၃၂-၃၅။

ဒါကြောင့် အိမ်ထောင်ပြုခြင်းနဲ့ တစ်ကိုယ်ရေနေခြင်းကို ကျမ်းစာက မျှမျှတတ ရှုမြင်ပါတယ်။ အိမ်ထောင်နဲ့ မိသားစုကို အစပြုရှင် ယေဟောဝါဘုရားသခင်ဟာ အိမ်ထောင်သည်ဖြစ်စေ၊ တစ်ကိုယ်ရေဖြစ်စေ မိမိရဲ့ဝတ်ပြုသူအားလုံးကို ပျော်ရွှင်စေပြီး ပြည့်စုံစေချင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ