ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၂ ၁၂/၁ စာ. ၇
  • မိသားစုအတူတကွ ပေါင်းသင်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိသားစုအတူတကွ ပေါင်းသင်းခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အဘိုးအဘွားများ မိဘများဖြစ်လာကြသောအခါ
    နိုးလော့!—၂၀၀၁
  • ခရစ္စမတ်သည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ယေဟောဝါသက်သေတွေ ဘာကြောင့် ခရစ္စမတ်ပွဲ မကျင်းပကြသလဲ
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • မျက်မှောက်ခေတ် ခရစ္စမတ်ပွဲ၏အရင်းအမြစ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
က၁၂ ၁၂/၁ စာ. ၇

မိသားစုအတူတကွ ပေါင်းသင်းခြင်း

“ညီအစ်ကိုတို့သည် သဘောတူလျက် ပေါင်းဖော်ကြသည်အရာမှာ အလွန်ကောင်းပေ၏။ အလွန် တင့်တယ်လျောက်ပတ်ပေ၏။”—ဆာလံ ၁၃၃:၁။

လူတချို့ ခရစ္စမတ်ပွဲကျင်းပရတဲ့ အကြောင်းရင်းက ဘာလဲ။

ရှေးခေတ် အစ္စရေးလူတွေဟာ ယာကုပ်ဆိုတဲ့ အမျိုးသားတစ်ယောက်ကနေ ဆင်းသက်လာတဲ့အတွက် သူတို့ဟာ “ညီအစ်ကို” တွေ၊ မိသားစုဝင်တွေ ဖြစ်ကြတယ်။ ဒါကြောင့် ပွဲတော်တွေကျင်းပဖို့ ဂျေရုဆလင်မြို့မှာ သူတို့စုရုံးတဲ့အချိန်ဟာ ပျော်ရွှင်ကြည်နူးဖွယ် ဖြစ်ပါတယ်။ သူတို့လိုပဲ ဒီနေ့ခေတ် မိသားစု တော်တော်များများဟာ ခရစ္စမတ်ပွဲနေ့မှာ အတူတကွ စုဆုံဖို့၊ ပျော်ရွှင်ကြည်နူးဖို့ မျှော်လင့်ကြတယ်။

လူတွေ ဘာကြောင့် ပျော်ရွှင်မှု မခံစားရတာလဲ။

စွယ်စုံကျမ်း (The Encyclopedia of Christmas and New Year’s Celebrations) တစ်ကျမ်းမှာ ဒီလိုဖော်ပြထားတယ်– “ခရစ္စမတ်ရာသီမှာ မိသားစုတွေ အတူတကွ စုဆုံတဲ့အခါ တစ်နှစ်ပတ်လုံး ကြုံတွေ့ရတဲ့ ပြဿနာ အသေးအမွှားလေးတွေက ကြီးမားတဲ့ပြဿနာတွေ ဖြစ်လာနိုင်တယ်။”

ဘယ်ကျမ်းစာမူတွေက ကူညီပေးနိုင်သလဲ။

“[သင်၏] မိဘဘိုးဘွားတို့ကို ကျေးဇူးဆပ်ကြပါစေ။” (၁ တိမောသေ ၅:၄) သင့်ရဲ့မိသားစုဆီ မှန်မှန်လည်ပတ်ဖို့ အတတ်နိုင်ဆုံး စီစဉ်ပါ။ ဆွေမျိုးသားချင်းတွေက ရပ်ဝေးမှာ နေထိုင်တယ်ဆိုရင်လည်း သူတို့ဆီ မကြာမကြာ အဆက်အသွယ် လုပ်နိုင်ပါတယ်။ စာရေးတာ၊ ဖုန်းဆက်တာ၊ အီးမေးလ်ပို့တာ၊ အွန်လိုင်းကနေတစ်ဆင့် စကားပြောတာတွေ လုပ်နိုင်ပါတယ်။ မှန်မှန် အဆက်အသွယ်လုပ်မယ်ဆိုရင် နားလည်မှုလွဲတာတွေ လျော့နည်းသွားနိုင်ပါတယ်။

‘သင်တို့မူကား ချစ်ခင်စုံမက်မှုကို ချုပ်တည်းထားကြ၏။ သင်တို့၏စိတ်နှလုံးကို ကျယ်ဝန်းစေကြလော့။’ (၂ ကောရိန္သု ၆:၁၂၊ ၁၃) ဆွေမျိုးသားချင်းတွေကို တစ်နှစ်မှာ တစ်ခါပဲ တွေ့ဆုံရတတ်တဲ့အတွက် ခပ်စိမ်းစိမ်း ဖြစ်သွားနိုင်ပါတယ်။ အထူးသဖြင့် ကလေးတွေနဲ့ စိမ်းသွားနိုင်တယ်။ ကလေးတချို့ဟာ အဘိုးအဘွားတွေ၊ ရပ်ဝေးက ဆွေမျိုးသားချင်းတွေနဲ့ မရင်းနှီးဘူးလို့ ခံစားရနိုင်တယ်။ ဒါကြောင့် သက်ကြီးဆွေမျိုးသားချင်းတွေကို ချစ်ခင်စုံမက်ဖို့၊ သားသမီးတွေရဲ့ စိတ်နှလုံးကို “ကျယ်ဝန်း” စေဖို့ သူတို့ကို အားပေးပါ။

“အခွင့်အခါနှင့် သင့်လျော်သည့်စကားကို ပြောဆိုနိုင်မှုသည် အလွန်ပင် ဝမ်းသာဖွယ်ဖြစ်ပါသည်တကား။” (သုတ္တံ ၁၅:၂၃၊ ခမ) မိသားစုဆက်ဆံရေးကို တင်းမာစေနိုင်တဲ့ နားလည်မှုလွဲတာတွေ မဖြစ်အောင် ဘယ်လိုတားဆီးနိုင်မလဲ။ နည်းတစ်နည်းကတော့ အရေးကြီးတဲ့ ကိစ္စရပ်တွေကို ဆွေးနွေးဖို့ “သင့်လျော်” တဲ့အချိန်ကို ရွေးဖို့ဖြစ်တယ်။ သင့်မိသားစုနဲ့ မှန်မှန်ဆက်သွယ်မယ်ဆိုရင် ပြဿနာတွေကို ဖြေရှင်းဖို့ မိသားစုဝင်တွေကို ချဉ်းကပ်ရ လွယ်ကူပါလိမ့်မယ်။ မိသားစုတွေ စုဆုံတဲ့အခါ ပိုပြီးပျော်ရွှင်ရပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ