ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwfq ဆောင်းပါး ၁၈
  • ယေဟောဝါသက်သေတွေ ဘာကြောင့် ခရစ္စမတ်ပွဲ မကျင်းပကြသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသက်သေတွေ ဘာကြောင့် ခရစ္စမတ်ပွဲ မကျင်းပကြသလဲ
  • ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တလွဲယူဆလေ့ရှိရာများ
  • ယေဟောဝါသက်သေတွေ ဘာကြောင့် ခရစ္စမတ်ပွဲ မကျင်းပကြသလဲ
  • ခရစ္စမတ်ပွဲကို မကျင်းပခြင်းအားဖြင့် ဘာကြောင့် လူမုန်းခံချင်ကြတာလဲ
  • ခရစ္စမတ်ပွဲရဲ့ အနှစ်သာရကို ဆန်းစစ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • လူတချို့ ဘာကြောင့် ခရစ္စမတ်ပွဲ မကျင်းပကြတာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • မျက်မှောက်ခေတ် ခရစ္စမတ်ပွဲ၏အရင်းအမြစ်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ခရစ္စမတ်သည် သင့်အတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
ijwfq ဆောင်းပါး ၁၈
မိဘတွေက သားငယ် လက်ဆောင်ထုပ် ဖြေနေစဉ် စကားပြောနေ

ယေဟောဝါသက်သေတွေ ဘာကြောင့် ခရစ္စမတ်ပွဲ မကျင်းပကြသလဲ

တလွဲယူဆလေ့ရှိရာများ

လူအများ အထင်လွဲရာ။ ယေဟောဝါသက်သေတွေဟာ ယေရှုကို မယုံကြည်တဲ့အတွက် ခရစ္စမတ်ပွဲ မကျင်းပကြတာပါ။

အဖြစ်မှန်။ ကျွန်ုပ်တို့ဟာ ခရစ်ယာန်တွေ ဖြစ်ကြပါတယ်။ ယေရှုခရစ်အားဖြင့်သာ ကယ်တင်ခြင်း ရမယ်လို့ ကျွန်ုပ်တို့ ယုံကြည်ကြပါတယ်။—တမန်တော် ၄:၁၂။

လူအများ အထင်လွဲရာ။ ခရစ္စမတ်ပွဲ မကျင်းပဖို့ သွန်သင်ပေးခြင်းအားဖြင့် မိသားစုတွေကို စိတ်ဝမ်းကွဲအောင် လုပ်နေကြတယ်။

အဖြစ်မှန်။ မိသားစုကို ကျွန်ုပ်တို့ အလွန် ဂရုစိုက်ပါတယ်။ ပိုစည်းလုံးတဲ့ မိသားစု ဖြစ်လာဖို့ သမ္မာကျမ်းစာကို အသုံးပြုကြပါတယ်။

လူအများ အထင်လွဲရာ။ ရက်ရောမှု၊ မြေကြီးပေါ်မှာ ငြိမ်သက်ခြင်းနဲ့ ဘုရားမျက်နှာသာ ရခြင်းဆိုတဲ့ “ခရစ္စမတ် အနှစ်သာရ” ကို သင်တို့ လက်လွတ်လိုက်ရပြီ။

အဖြစ်မှန်။ ကျွန်ုပ်တို့ဟာ နေ့တိုင်း ရက်ရောတဲ့သူ ဖြစ်ဖို့၊ ငြိမ်သက်ခြင်းရှိတဲ့သူ ဖြစ်ဖို့ ကြိုးစားနေကြပါတယ်။ (ပညာအလိမ္မာ ၁၁:၂၅။ ရောမ ၁၂:၁၈) ဥပမာ၊ ကျွန်ုပ်တို့ အစည်းအဝေးတွေ ကျင်းပပုံနဲ့ ဟောပြောပုံက “အခမဲ့ ရထားတဲ့အတွက် အခမဲ့ ပေးကမ်းကြပါ” ဆိုတဲ့ ယေရှုရဲ့ လမ်းညွှန်ချက်နဲ့ ကိုက်ညီပါတယ်။ (မဿဲ ၁၀:၈) အဲဒီအပြင် ကမ္ဘာကြီးတစ်ခုလုံး ငြိမ်းချမ်းနိုင်ဖို့ တစ်ခုတည်းသော မျှော်လင့်ချက်ဟာ ဘုရားသခင့် နိုင်ငံတော် ဖြစ်တယ်ဆိုတာကိုလည်း ကျွန်ုပ်တို့ ညွှန်ပြကြပါတယ်။—မဿဲ ၁၀:၇။

ယေဟောဝါသက်သေတွေ ဘာကြောင့် ခရစ္စမတ်ပွဲ မကျင်းပကြသလဲ

  • ယေရှုဟာ မိမိမွေးနေ့ကို ကျင်းပဖို့ မမှာဘဲ မိမိသေတဲ့နေ့ကို သတိရအောက်မေ့တဲ့ပွဲ ကျင်းပဖို့ မှာသွားပါတယ်။—လုကာ ၂၂:၁၉၊ ၂၀။

  • ယေရှုရဲ့ တမန်တော်တွေနဲ့ အစောပိုင်း တပည့်တွေဟာ ခရစ္စမတ်ပွဲ မကျင်းပခဲ့ကြဘူး။ စွယ်စုံကျမ်းတစ်ကျမ်း (New Catholic Encyclopedia) က “ယေရှုရဲ့ မွေးနေ့ပွဲကို အေဒီ ၂၄၃ နောက်ပိုင်းမှ စတင် ကျင်းပလာကြတယ်” လို့ဆိုတယ်။ အဲဒါက နောက်ဆုံးတမန်တော် သေဆုံးပြီး ရာစုနှစ်တစ်ခုကျော်ပြီးမှ ဖြစ်တယ်။

  • ယေရှုမွေးနေ့ကို သမ္မာကျမ်းစာမှာ မဖော်ပြထားပါဘူး။ ဒီဇင်ဘာ ၂၅ မှာ မွေးဖွားတယ်ဆိုတဲ့ အထောက်အထားတွေလည်း မရှိပါဘူး။

  • ခရစ္စမတ်ပွဲ ကျင်းပတာကို ဘုရားသခင် မနှစ်သက်ဘူးလို့ ကျွန်ုပ်တို့ ယုံကြည်ကြတယ်။ အကြောင်းကတော့ ခရစ္စမတ်ပွဲ ထုံးတမ်းတွေဟာ အယူမှားဝတ်ပြုမှု ထုံးတမ်းစဉ်လာတွေကနေ ဆင်းသက်လာတာကြောင့် ဖြစ်တယ်။—၂ ကောရိန္သု ၆:၁၇။

ခရစ္စမတ်ပွဲကို မကျင်းပခြင်းအားဖြင့် ဘာကြောင့် လူမုန်းခံချင်ကြတာလဲ

လူများစွာက ခရစ္စမတ်ပွဲဟာ အယူမှားဘာသာကနေ မြစ်ဖျားခံတယ်၊ ကျမ်းစာအထောက်အထား မရှိဘူးဆိုတာကို သိလျက်နဲ့ ဆက်ကျင်းပနေကြတယ်။ သူတို့တွေ ဒီလိုပြောလာနိုင်ပါတယ်– ခရစ္စမတ်ပွဲကို မကျင်းပလို့ လူမုန်းခံရတာမျိုးတော့ မဖြစ်ချင်ပါဘူး။

သမ္မာကျမ်းစာက ကိုယ့်အတွက်လည်း စဉ်းစားဖို့၊ ကိုယ့်ရဲ့ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို အသုံးပြုဖို့ အားပေးထားပါတယ်။ (ရောမ ၁၂:၁၊ ၂) အမှန်တရားကို တန်ဖိုးထားဖို့လည်း သွန်သင်ပေးတယ်။ (ယောဟန် ၄:၂၃၊ ၂၄) ဒါကြောင့် ကိုယ့်ကို တခြားသူတွေ ဘယ်လို ရှုမြင်သလဲ ဆိုတာကို ဂရုစိုက်ပေမဲ့လည်း လူမုန်းခံရတယ်ဆိုရင်တောင် ကျမ်းစာမူတွေကို ဆက်ပြီးလိုက်နာကြတယ်။

ကျွန်ုပ်တို့ဟာ ခရစ္စမတ်ပွဲကို မကျင်းပကြပေမဲ့လည်း တခြားသူတွေ မိမိတို့လုပ်ပိုင်ခွင့်နဲ့ ခရစ္စမတ်ပွဲ ကျင်းပတာကို မလေးမစား မလုပ်ပါဘူး။ တခြားသူတွေ ခရစ္စမတ်ပွဲ ကျင်းပတာကို အနှောင့်အယှက် မပေးပါဘူး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ