မာတိကာ
မေ ၁၅၊ ၂၀၁၃
© 2013 Watch Tower Bible and Tract Society of Pennsylvania. All rights reserved.
လေ့လာရန်ဆောင်းပါးများ
ဇူလိုင် ၁–၇၊ ၂၀၁၃
သင့်ရဲ့ဧဝံဂေလိတရားဟောပြောခြင်းတာဝန်ကို ကျေပွန်စေပါ
စာမျက်နှာ ၃ • သီချင်း– ၁၀၃၊ ၁၀၂
ဇူလိုင် ၈–၁၄၊ ၂၀၁၃
သင်ဟာ ‘ကောင်းသောအမှု၌ စိတ်အားထက်သန်’ သူလား
စာမျက်နှာ ၈ • သီချင်း– ၁၀၈၊ ၉၃
ဇူလိုင် ၁၅–၂၁၊ ၂၀၁၃
ကောင်းတဲ့ဆက်သွယ်မှုအားဖြင့် သင့်အိမ်ထောင်ကို ခိုင်မြဲစေပါ
စာမျက်နှာ ၁၄ • သီချင်း– ၃၆၊ ၈၇
ဇူလိုင် ၂၂–၂၈၊ ၂၀၁၃
မိဘနဲ့ သားသမီးတို့၊ မေတ္တာရှိရှိ ပြောဆိုဆက်သွယ်ကြပါ
စာမျက်နှာ ၁၉ • သီချင်း– ၈၈၊ ၃
ဇူလိုင် ၂၉၊ ၂၀၁၃–ဩဂုတ် ၄၊ ၂၀၁၃
မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်ခြင်းအားဖြင့် သင့်အမွေကို စောင့်ရှောက်ပါ
စာမျက်နှာ ၂၆ • သီချင်း– ၁၄၊ ၁၃၄
လေ့လာရန်ဆောင်းပါးများ
▪ သင့်ရဲ့ဧဝံဂေလိတရားဟောပြောခြင်းတာဝန်ကို ကျေပွန်စေပါ
ဧဝံဂေလိတရားဟောပြောသူရဲ့ အဓိပ္ပာယ်ကဘာလဲ။ ဒီဆောင်းပါးမှာ အဲဒီမေးခွန်းရဲ့အဖြေနဲ့ လူတွေ ဘာကြောင့် သတင်းကောင်းကြားဖို့လိုတယ်ဆိုတာ ဖော်ပြထားတယ်။ ကျွန်ုပ်တို့ရဲ့ ဧဝံဂေလိတရား ဟောပြောခြင်းတာဝန်ကို ဘယ်လို အကောင်းဆုံးလုပ်ဆောင်နိုင်တယ်ဆိုတာကိုလည်း ရှင်းပြထားတယ်။
▪ သင်ဟာ ‘ကောင်းသောအမှု၌ စိတ်အားထက်သန်’ သူလား
ကျွန်ုပ်တို့က ‘ကောင်းသောအမှု၌ စိတ်အားထက်သန်’ တယ်ဆိုရင် လူတွေကို ဘုရားသခင်ထံ ဆွဲဆောင်နိုင်တယ်ဆိုတာကို ဒီဆောင်းပါးမှာ ဖော်ပြထားတယ်။ (တိ. ၂:၁၄) အဲဒီလိုလုပ်နိုင်တဲ့ နည်းနှစ်နည်းကတော့ ဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ခြင်း၊ ကောင်းတဲ့ခရစ်ယာန်အမူအကျင့် တင်ပြခြင်းတို့ဖြစ်တယ်။
▪ ကောင်းတဲ့ဆက်သွယ်မှုအားဖြင့် သင့်အိမ်ထောင်ကို ခိုင်မြဲစေပါ
▪ မိဘနဲ့ သားသမီးတို့၊ မေတ္တာရှိရှိ ပြောဆိုဆက်သွယ်ကြပါ
သာယာတဲ့အိမ်ထောင်နဲ့ ပျော်စရာကောင်းတဲ့မိသားစုဘဝကို ပိုင်ဆိုင်ဖို့ ကောင်းတဲ့ပြောဆိုဆက်သွယ်မှုက မရှိမဖြစ် အရေးပါတယ်။ ပထမဆောင်းပါးမှာတော့ ကျွန်ုပ်တို့ အကျိုးရှိရှိ ပြောဆိုဆက်သွယ်နိုင်ဖို့ အကူအညီဖြစ်စေတဲ့ အရည်အသွေးတွေကို ဖော်ပြထားတယ်။ ဒုတိယဆောင်းပါးမှာတော့ မိဘနဲ့သားသမီးကြားမှာရှိတဲ့ ပြောဆိုဆက်သွယ်မှုကို အတားအဆီးဖြစ်စေတဲ့အရာတွေကို ဘယ်လို အောင်မြင်နိုင်တယ်ဆိုတာ ဖော်ပြထားတယ်။
▪ မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်ခြင်းအားဖြင့် သင့်အမွေကို စောင့်ရှောက်ပါ
ခရစ်ယာန်တွေကို ဘာအမွေပေးမယ်လို့ ဘုရားသခင် ကတိပေးထားသလဲ။ ဧသော သူ့ရဲ့အမွေအပေါ် ရှုမြင်ပုံကနေ ကျွန်ုပ်တို့ရဲ့အမွေအကြောင်း ဘာသင်ယူနိုင်သလဲ။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချပြီး ကျွန်ုပ်တို့ရဲ့အမွေကိုကာကွယ်ဖို့ ဘာကကူညီပေးမလဲ။ ဒီမေးခွန်းတွေကို ဒီဆောင်းပါးက ဖြေဆိုပေးမှာဖြစ်တယ်။
အရန်ဆောင်းပါးများ
၁၃ စာရှုသူများထံမှ မေးခွန်းလွှာ
၂၄ အဓိပ္ပာယ်ပြည့်ဝလှတဲ့ ကျွန်မတို့ဘဝ
၃၁ ကျွန်ုပ်တို့၏မော်ကွန်းတိုက်မှ
အဖုံး– လန်ဒန်အနောက်မြောက်ပိုင်းမှာရှိတဲ့ ဆိုင်ပိုင်ရှင်တစ်ယောက်ကို ညီအစ်မတွေက ဂူဂျရာသီစာပေသုံးပြီး သက်သေခံနေ
လန်ဒန်၊ အင်္ဂလန်