ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၁၀/၁ စာ. ၆
  • “ငါတို့သည် မေရှိယကို တွေ့ကြပြီ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ငါတို့သည် မေရှိယကို တွေ့ကြပြီ”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုခရစ်က ဘယ်သူလဲ
    သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ
  • ယေရှုခရစ်ဟာ ဘယ်သူလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • သူတို့ မေရှိယကို စောင့်မျှော်ခဲ့ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
  • မေရှိယ! ဘုရားသခင့်ကယ်တင်ရာနည်းလမ်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၁၀/၁ စာ. ၆

မျက်နှာဖုံးဆောင်းပါး | သမ္မာကျမ်းစာမှာ ဘာအကြောင်းတွေ ရေးထားသလဲ

“ငါတို့သည် မေရှိယကို တွေ့ကြပြီ”

မိက္ခာရေးသားခဲ့တဲ့ မေရှိယနဲ့ပတ်သက်တဲ့ ကြိုဟောချက်ဟာ နှစ်ပေါင်း ခုနှစ်ရာအကြာမှာ ပြည့်စုံလာတယ်– မေရှိယဖြစ်လာမယ့် ယေရှုဟာ အစ္စရေးနိုင်ငံ ဘက်သလီဟင်မြို့မှာ တကယ်ပဲဖွားမြင်ခဲ့တယ်။ ယေရှုမွေးပြီး အနှစ် ၃၀ လောက်အကြာ ခရစ်နှစ် ၂၉ မှာ မေရှိယကြွလာမယ်ဆိုတဲ့ ဒံယေလရဲ့ကြိုဟောချက် ပထမအပိုင်း ပြည့်စုံခဲ့တယ်။ အဲဒီနှစ်မှာ ယေရှုနှစ်ခြင်းခံပြီး ဘုရားသခင်က သူ့ကို သန့်ရှင်းသောစွမ်းအားတော်နဲ့ ခန့်အပ်လိုက်တဲ့အခါ နှစ်ရှည်လများ စောင့်မျှော်လာခဲ့တဲ့ အမျိုးအနွယ် မေရှိယ ပေါ်ထွန်းလာပါတယ်။

ယေရှုဟာ ချက်ချင်းပဲ “ဘုရားသခင်၏နိုင်ငံတော် သတင်းကောင်းကို ဟောပြော” ပြီး ဘုရားရဲ့အမှုတော်ကို စလုပ်ဆောင်ခဲ့တယ်။ (လုကာ ၈:၁) ကြိုဟောထားတဲ့အတိုင်း ယေရှုဟာ သနားကြင်နာပြီး နူးညံ့သိမ်မွေ့တယ်။ လူသားတွေအပေါ်မှာလည်း စိတ်ရင်းမှန်နဲ့ စိုးရိမ်ပေးတယ်။ ယေရှုရဲ့ သွန်သင်ချက်တွေဟာ လက်တွေ့ကျပြီး မေတ္တာပါတယ်။ “ရောဂါဝေဒနာအမျိုးမျိုး” ရှိတဲ့လူတွေကိုလည်း ကုသပေးတဲ့အတွက် ယေရှုဟာ ဘုရားစေလွှတ်သူဖြစ်ကြောင်း ပေါ်လွင်ထင်ရှားလာတယ်။ (မဿဲ ၄:၂၃) ဒါကြောင့်လည်း အသက်အရွယ်အမျိုးမျိုးရှိတဲ့ လူအုပ်ကြီးဟာ ယေရှုနောက်ကိုလိုက်ပြီး “ငါတို့သည် မေရှိယကိုတွေ့ကြပြီ” လို့ ကောက်ချက်ချခဲ့တာဖြစ်တယ်။—ယောဟန် ၁:၄၁။

ကမ္ဘာကြီးကို မိမိမအုပ်ချုပ်ခင် စစ်၊ မြေငလျင်နဲ့ တခြားဒုက္ခတွေ ဖြစ်လိမ့်မယ်လို့ ယေရှု ကြိုဟောခဲ့တယ်။ “စောင့်နေကြ” ပါလို့လည်း လူအားလုံးကို တိုက်တွန်းခဲ့တယ်။—မာကု ၁၃:၃၇။

ယေရှုဟာ ဘုရားသခင်ကိုနာခံတဲ့ အပြစ်ကင်းသူဖြစ်ပေမဲ့ ကိုယ်တော့်ကို မုန်းတီးတဲ့ရန်သူတွေကြောင့် နောက်ဆုံးမှာ အသတ်ခံလိုက်ရတယ်။ ယေရှုရဲ့သေခြင်းကြောင့် ကျွန်ုပ်တို့ဟာ အာဒံနဲ့ ဧဝတို့ ဆုံးရှုံးခဲ့တဲ့ သာယာလှပတဲ့ ကမ္ဘာမြေပေါ် ထာဝစဉ်အသက်ရှင်ရမယ့် အခွင့်အရေးကို ပြန်ရရှိမှာဖြစ်တယ်။

ယေရှုသေဆုံးမယ်၊ သုံးရက်ကြာပြီးနောက် ဘုရားသခင်က ယေရှုကို တန်ခိုးကြီး နာမ်ဝိညာဉ်ပုဂ္ဂိုလ်အဖြစ်နဲ့ ပြန်ရှင်အောင် လုပ်ပေးမယ်ဆိုတဲ့ ကြိုဟောချက်တွေ အားလုံး တကယ်ပဲ ပြည့်စုံခဲ့တယ်။ နောက်ပိုင်း ကိုယ်တော်ဟာ တပည့် ၅၀၀ ကျော်ရှေ့မှာ ကိုယ်ထင်ရှားပြခဲ့တယ်။ “လူမျိုးတကာမှ လူတို့ကို” မိမိအကြောင်းနဲ့ မိမိအုပ်ချုပ်မယ့်နိုင်ငံတော်အကြောင်း သတင်းကောင်းအဖြစ် ဟောပြောပါလို့ ယေရှု ကောင်းကင်မတက်ခင် တပည့်တွေကို တာဝန်ပေးခဲ့တယ်။ (မဿဲ ၂၈:၁၉) ပေးအပ်ထားတဲ့ ဒီတာဝန်ကို သူတို့ ဘယ်လောက်အထိ စေ့စေ့စပ်စပ် လုပ်ဆောင်ခဲ့ကြသလဲ။

—မဿဲ၊ မာကု၊ လုကာ၊ ယောဟန်၊ ၁ ကောရိန္သု တို့အပေါ် အခြေခံထား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ