ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၁၀/၁ စာ. ၇
  • လူမျိုးအပေါင်းအတွက် သတင်းကောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူမျိုးအပေါင်းအတွက် သတင်းကောင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်—ကျွန်ုပ်တို့ကိုယ်တိုင်နဲ့ တခြားသူတွေအကျိုးအတွက်ဖြစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • ခရစ်ယာန်ဘာသာတရားစစ် အောင်မြင်နေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • အသင်းတော်တို့အား ဝိညာဉ်တော် ဆင့်ဆိုရာကို ကြားနာပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၁၀/၁ စာ. ၇

မျက်နှာဖုံးဆောင်းပါး | သမ္မာကျမ်းစာမှာ ဘာအကြောင်းတွေ ရေးထားသလဲ

လူမျိုးအပေါင်းအတွက် သတင်းကောင်း

ယေရှု အသက်ပြန်ရှင်လာတဲ့အတွက် တပည့်တွေဟာ ယုံကြည်စိတ်ချမှုအပြည့်နဲ့ စိတ်အားထက်သန်လာကြတယ်။ အထူးသဖြင့် တမန်တော်ပေါလုဟာ အာရှမိုင်းနားနဲ့ မြေထဲပင်လယ်တစ်လျှောက် ခရီးလှည့်လည်သွားလာပြီး အသင်းတော်တွေကို တည်ထောင်ခဲ့တယ်။ ကိုယ်ကျင့်တရား ပျက်ပြားမှုတွေနဲ့ အကြမ်းဖက်ဆန့်ကျင်မှုတွေ ရင်ဆိုင်နေရတဲ့ ခရစ်ယာန်တွေကို မြဲမြံစွာရပ်တည်နိုင်အောင် အားပေးခဲ့တယ်။ အဲဒီလိုအခက်အခဲတွေကြားမှာတောင် လူများစွာ ခရစ်ယာန်တွေ ဖြစ်လာကြတယ်။

နောက်ပိုင်းမှာ ပေါလုကိုယ်တိုင်လည်း ထောင်ချခံခဲ့ရတယ်။ ထောင်ထဲမှာ ရှိနေတာတောင်မှ သူဟာ ခရစ်ယာန်အသင်းတော်တွေဆီ အားပေးစာတွေနဲ့ ဆုံးမစာတွေ ရေးခဲ့တယ်။ ဒီထက်ဆိုးရွားတဲ့ အန္တရာယ်တစ်ခုအကြောင်းကိုလည်း ပြောခဲ့တယ်– အဲဒါကတော့ အယူဖောက်ပြန်ခြင်း (ခရစ်ယာန်အယူဝါဒကို တလွဲသွန်သင်ခြင်း) ပါပဲ။ “မှားယွင်းသော သွန်သင်ချက်များကို ဟောပြော” တဲ့ “ကြမ်းကြုတ်သော ဝံပုလွေ” တွေဟာ အသင်းတော်ထဲဝင်လာပြီး ‘တပည့်တော်တို့ကို ဆွဲဆောင်’ ကြလိမ့်မယ်လို့ ပေါလုကနေတစ်ဆင့် ဘုရားသခင် ကြိုပြောခဲ့တယ်။—တမန်တော် ၂၀:၂၉၊ ၃၀။

ပထမရာစုအဆုံးပိုင်းမှာ ဒီအယူဖောက်ပြန်မှုကြီး စတင်ခဲ့တယ်။ အဲဒီအချိန်လောက်မှာပဲ အသက်ပြန်ရှင်လာတဲ့ ယေရှုဟာ တမန်တော်ယောဟန်ကို အနာဂတ်အကြောင်း သရုပ်ဖော်ချက်တွေပါတဲ့ ဗျာဒိတ်ရူပါရုံပေးခဲ့တယ်။ ယောဟန်ရေးခဲ့တဲ့အတိုင်း ဘယ်ဆန့်ကျင်သူမဆို၊ ဘယ်ဘာသာရေးခေါင်းဆောင် အတုအယောင်မဆို ကမ္ဘာမြေနဲ့ လူသားတွေအတွက် ဘုရားရဲ့မူလရည်ရွယ်ချက်ကို အပြည့်အဝသဘောမပေါက်အောင် တားဆီးနိုင်မှာမဟုတ်ဘူး။ “လူမျိုး၊ လူမျိုးနွယ်၊ ဘာသာစကား၊ လူစုအသီးသီးတို့” ဟာ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းအကြောင်း ကြားရပါလိမ့်မယ်။ (ဗျာဒိတ် ၁၄:၆) ကမ္ဘာကြီးတစ်ခုလုံး လှပတဲ့ဥယျာဉ်အဖြစ် ပြောင်းလဲသွားချိန်မှာ ဘုရားရဲ့ အလိုဆန္ဒကို ထမ်းဆောင်ချင်တဲ့ ဘယ်သူမဆို အဲဒီမှာ နေထိုင်ခွင့် ရကြပါလိမ့်မယ်။

ဒါက သတင်းကောင်းပဲလို့ သင် ခံစားရပါသလား။ ခံစားရတယ်ဆိုရင် လူသားတွေအတွက် သမ္မာကျမ်းစာမှာပါတဲ့ ဘုရားသခင်ရဲ့သတင်းစကားကို သင်ယူကြည့်ပါ။ ဒီကျမ်းစကားတွေက သင့်ကို အခုရော၊ အနာဂတ်မှာပါ ဘယ်လိုအကျိုးကျေးဇူး ရရှိစေသလဲဆိုတာ လေ့လာကြည့်ပါ။

ကျမ်းစာကို www.pr2711.com မှာ ဘာသာစကားပေါင်း ၅၀ လောက်နဲ့ဖတ်နိုင်ပါတယ်။ အဲဒီဝက်ဘ်ဆိုက်မှာ သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း၊ လူမျိုးအားလုံးအတွက်သတင်းကောင်း စတဲ့စာစောင်တွေနဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း ဆိုတဲ့ စာအုပ်ကိုလည်း ဖတ်ကြည့်ပါ။ ကျမ်းစာကို ကျွန်ုပ်တို့ ဘာကြောင့်ယုံကြည်နိုင်သလဲဆိုတာနဲ့ ကျမ်းစာရဲ့ လက်တွေ့ကျတဲ့ လမ်းညွှန်ချက်တွေကို မိသားစုမှာရော၊ ကိုယ့်ရဲ့ဘဝမှာပါ ဘယ်လို လက်တွေ့ကျင့်သုံးနိုင်မလဲဆိုတာ ဆွေးနွေးထားတဲ့ တခြားစာပေစာတမ်းတွေကိုလည်း ဖတ်ကြည့်ပါ။ ဒါမှမဟုတ် ဒီထက်ပိုသိနိုင်ဖို့ ယေဟောဝါသက်သေတစ်ယောက်ယောက်ကို မေးမြန်းကြည့်ပါ။

—တမန်တော်၊ ဧဖက်၊ ဖိလိပ္ပိ၊ ကောလောသဲ၊ ဖိလေမုန်၊ ၁ ယောဟန်၊ ဗျာဒိတ် တို့အပေါ် အခြေခံထား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ