ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၁၂/၁ စာ. ၁၄-၁၅
  • ယေရှုခရစ် အခု ဘာလုပ်နေသလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုခရစ် အခု ဘာလုပ်နေသလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘သူဟာ ငါ့သားပဲ’
    ကြီးမြတ်သောဆရာထံမှ သင်ယူပါ
  • ယေရှု နွားတင်းကုပ်ထဲ မွေးလာတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • သူ “ဆင်ခြင်တွေးတော” ခဲ့
    သူတို့ရဲ့ယုံကြည်ခြင်းကို တုပပါ
  • ယေရှုမွေးဖွားတဲ့အကြောင်း ကောင်းကင်တမန်တွေ ကြေညာ
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၁၂/၁ စာ. ၁၄-၁၅

သားသမီးတွေကို သွန်သင်ပေးပါ

ယေရှုခရစ် အခု ဘာလုပ်နေသလဲ

ဒီဇင်ဘာလရောက်ပြီဆိုရင် ကမ္ဘာတစ်ဝန်းက လူတွေဟာ ယေရှုကို ကောက်ရိုးတွေထည့်ထားတဲ့ နွားစားခွက်ထဲက ကလေးလေးတစ်ယောက်အနေနဲ့ ပုံဖော်ကြတယ်။ ဒါပေမဲ့ ယေရှုကို ကလေးတစ်ယောက်အနေနဲ့ပဲ တို့တွေ သတိရသင့်သလား။—a ယေရှုကို ဘယ်လို သတိရသင့်သလဲဆိုတဲ့အကြောင်း ပြောပြမယ်နော်။ တစ်ညမှာ သိုးထိန်းတစ်စုဟာ ဘက်သလီဟင်မြို့အနီးက လယ်ကွင်းမှာ သိုးကျောင်းနေကြတယ်ကွဲ့။ အဲဒီညမှာ သူတို့ ကြုံခဲ့တဲ့ အဖြစ်အပျက်ကနေ တို့တွေ သင်ယူစရာတွေ ရှိတယ်။

သိုးထိန်းတွေရဲ့ရှေ့မှာ ကောင်းကင်တမန်တစ်ပါး ရုတ်တရက် ပေါ်လာပြီး ‘သခင်ခရစ်တော်တည်းဟူသော ကယ်တင်ရှင်သည် သင်တို့အတွက် ယနေ့ ဖွားမြင်ခြင်းကို ခံတော်မူပြီ။ အနှီးဖြင့်ပတ်လျက် နွားစားခွက်၌ သိပ်ထားသည်ကို တွေ့ရလိမ့်မည်’ လို့ ပြောခဲ့တယ်။ အဲဒီလိုပြောပြီးတာနဲ့ တခြားကောင်းကင်တမန်တွေလည်း ပေါ်လာပြီး ဘုရားကို “ချီးမွမ်းကြ” တယ်လေ။

ဘုရားသခင်ကို ချီးမွမ်းနေတဲ့ ကောင်းကင်တမန်တွေရဲ့ အသံကို ကလေးတို့သာ ကြားမယ်ဆိုရင် ဘယ်လိုခံစားရမလဲ။— သိုးထိန်းတွေကတော့ ဝမ်းသာပျော်ရွှင်ခဲ့ကြပြီး “ဤအမှုကိုကြည့်ရှုရန် ဘက်သလီဟင်မြို့သို့ ယခုသွားကြစို့” လို့ ပြောကြတယ်။ သူတို့သွားတဲ့အခါ အဲဒီမှာ မိဘတွေဖြစ်တဲ့ “မာရိနှင့်ယောသပ်အပြင် နွားစားခွက်၌ သိပ်ထားလျက်ရှိသော ဖွားစသူငယ်ကိုလည်း” တွေ့ခဲ့ကြတယ်။

မကြာခင်မှာပဲ တခြားသူတွေလည်း မာရိနဲ့ယောသပ်တို့ရှိတဲ့ ဘက်သလီဟင်မြို့ကို ရောက်လာကြတယ်။ သိုးထိန်းတွေက တွေ့ခဲ့၊ ကြားခဲ့တာတွေကို တခြားသူတွေကို ပြောပြတဲ့အခါ သူတို့လည်း အံ့သြကုန်တယ်။ ကလေးတို့ရော၊ ယေရှုနဲ့ပတ်သက်တဲ့ ဒီအံ့သြစရာ အဖြစ်အပျက်ကို သိရလို့ ဝမ်းမသာဘူးလား။— ဘုရားကိုချစ်တဲ့ တို့တွေအားလုံး ဝမ်းသာကြတယ် မဟုတ်လား။ ယေရှုမွေးလာတာက ဘာကြောင့် ဝမ်းသာစရာကောင်းတယ်ဆိုတာ သိနိုင်ဖို့ ဆက်လေ့လာကြရအောင်။ အရင်ဆုံး မာရိလက်မထပ်ခင်က အခြေအနေကို စဉ်းစားကြည့်ကြစို့။

တစ်နေ့မှာ ဂါဗြေလလို့ခေါ်တဲ့ ကောင်းကင်တမန်တစ်ပါးက မာရိဆီ ရောက်လာပြီး သားတစ်ယောက်ရမယ်လို့ ပြောပြတယ်။ ‘ထိုသားသည် ကြီးမြတ်သောသူ ဖြစ်လိမ့်မည်။ အမြင့်ဆုံးသောအရှင်၏သားတော်ဟု အခေါ်ခံရလိမ့်မည်။ သူသည် အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း အဆုံးမရှိရ’ လို့လည်း ကတိပေးတယ်။

မာရိက အပျိုစင်ဖြစ်တဲ့အတွက် ဘယ်လိုလုပ် ကလေးရနိုင်မှာလဲလို့ သိချင်နေတယ်လေ။ ဒါကြောင့် ဂါဗြေလက “အမြင့်ဆုံးသောအရှင်၏ တန်ခိုးတော်သည် သင့်ကိုလွှမ်းမိုးလိမ့်မည်။ ထိုအကြောင်းကြောင့် မွေးဖွားမည့်သူငယ်သည် ဘုရားသခင်၏သားတော်၊ သန့်ရှင်းတော်မူသောသူဟု ခေါ်ဆိုခြင်းကို ခံရလိမ့်မည်” လို့ ရှင်းပြခဲ့တယ်။ ဘုရားသခင်က သားတော်ရဲ့အသက်ကို ကောင်းကင်ကနေ မာရိရဲ့ဗိုက်ထဲကို ထည့်ပေးလိုက်တဲ့အတွက် မာရိဗိုက်ထဲမှာ ကလေး,လေး ရှိသွားတာပေါ့။ ဒါဟာ တကယ့်ကို အံ့ဩစရာပဲနော်။

ကလေး,လေး ယေရှုဆီ သိုးထိန်းတွေနဲ့အတူ ပညာရှိသုံးယောက်လာလည်ကြတဲ့ပုံကို ကလေးတို့ မြင်ဖူးကြသလား။— အဲဒီလိုပုံမျိုးတွေက ခရစ္စမတ်ရာသီဆို မြင်နေကျပဲ။ ဒါပေမဲ့ အဲဒီသရုပ်ဖော်ပုံတွေက ကျမ်းစာနဲ့မညီပါဘူး။ ပညာရှိသုံးယောက်ဆိုတာ တကယ်တော့ ဘုရားတားမြစ်ထားတဲ့အရာတွေကို လုပ်ဆောင်ကြတဲ့ နက္ခတ်ဗေဒင်ဆရာတွေ ဖြစ်တယ်။ သူတို့ရောက်လာတဲ့အခါ ဘာတွေဆက်ဖြစ်သလဲဆိုတာ ကြည့်ရအောင်။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “အိမ်ထဲသို့ သူတို့ဝင်သောအခါ သူငယ်ကို မိခင်ဖြစ်သူမာရိနှင့်အတူ တွေ့ရ၏။” ဒီကျမ်းချက်အရ ယေရှုဟာ နွားစားခွက်ထဲက နို့စို့ကလေးအရွယ် မဟုတ်တော့ဘူးဆိုတာ သိရတယ်။ ကလေးငယ်ယေရှုဟာ မိဘတွေဖြစ်တဲ့ ယောသပ်၊ မာရိတို့နဲ့အတူ အိမ်မှာ ရှိနေပြီ။

နက္ခတ်ဗေဒင်ဆရာတွေက ယေရှုကို ဘယ်လိုရှာတွေ့ကြတာလဲ။— သူတို့ကို ကြယ်တစ်လုံးက လမ်းပြခဲ့တာဖြစ်တယ်။ ဒါပေမဲ့ အဲဒီကြယ်က ဘက်သလီဟင်မြို့ကိုမဟုတ်ဘဲ အရင်ဆုံး ဂျေရုဆလင်မြို့မှာရှိတဲ့ ဟေရုဒ်မင်းဆီကို ခေါ်သွားတယ်။ ဟေရုဒ်မင်းက ယေရှုကို သတ်ချင်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားတယ်။ စဉ်းစားကြည့်ပါဦး။ နက္ခတ်ဗေဒင်ဆရာတွေကို အဲဒီကြယ်နဲ့ ဟေရုဒ်မင်းဆီ ဦးဆောင်လမ်းပြသူက ဘယ်သူဖြစ်မယ်လို့ ကလေးတို့ထင်သလဲ။— စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါ မဟုတ်ဘူး။ ဘုရားရဲ့ရန်သူ စာတန်မာရ်နတ်က ဦးဆောင်လမ်းပြတာဖြစ်တယ်။

အခုအချိန်မှာ ယေရှုကို ကလေးလေးတစ်ယောက်အဖြစ်နဲ့ပဲ လူတွေမြင်အောင် စာတန် ကြိုးစားနေတယ်။ ဒါပေမဲ့ ‘သူသည် အုပ်စိုးလိမ့်မည်။ သူ၏နိုင်ငံသည်လည်း အဆုံးမရှိရ’ လို့ ကောင်းကင်တမန် ဂါဗြေလက မာရိကို ပြောခဲ့တယ်။ ဂါဗြေလပြောခဲ့တဲ့အတိုင်း အခုဆိုရင် ယေရှုဟာ ကောင်းကင်မှာ ဘုရင်အနေနဲ့ အုပ်ချုပ်နေပြီလေ။ မကြာခင်မှာလည်း ဘုရားရဲ့ရန်သူအားလုံးကို ဖျက်ဆီးတော့မယ်။ ဒါကြောင့် ယေရှုက ဘုရင်ဖြစ်နေပြီဆိုတဲ့အချက်ကို တို့တွေ သတိရသင့်ပြီး တခြားသူတွေကိုလည်း ပြောပြရမယ်နော်။

သမ္မာကျမ်းစာထဲမှာ ဖတ်ကြည့်ပါ

  • လုကာ ၁:၂၆-၃၅; ၂:၈-၁၈

  • မဿဲ ၂:၇-၁၂; ၁ ပေတရု ၅:၈

  • ဗျာဒိတ် ၁၉:၁၉-၂၁; ၁ ယောဟန် ၂:၁၇

a ကလေးနဲ့အတူ ဖတ်နေတယ်ဆိုရင် မျဉ်းရှည်က ခေတ္တရပ်တန့်ပြီး ကလေးကို ဖြေဆိုစေပါဆိုတဲ့ သတိပေးချက် ဖြစ်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ