ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၃ ၁၂/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်မယ့်အစိုးရကို ဘုရားသခင် ဖွဲ့စည်းပေးမှာလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ဘုရားသခင်၏နိုင်ငံတော်အကြောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
က၁၃ ၁၂/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့အဖြေ

ဘာရည်ရွယ်ချက်နဲ့ ခရစ်တော်ပြန်လာမှာလဲ

ယေရှုခရစ်က ကမ္ဘာပေါ် ပြန်လာမယ်လို့ ကတိပေးခဲ့တယ်။ အဲဒီကတိကို ကောင်းကင်မတက်ခင် အေဒီ ၃၃ မှာ ပေးခဲ့တာဖြစ်တယ်။ ယေရှုဟာ ခရီးဝေးကို ထွက်သွားပြီးနောက် ဘုရင်အဖြစ် ပြန်လာမယ့် မင်းသားနဲ့ သူ့ကိုယ်သူ နှိုင်းယှဉ်ခဲ့တယ်။ ဒါကြောင့် ယေရှု ပြန်လာရတဲ့ရည်ရွယ်ချက်က လူသားတွေကို အုပ်ချုပ်ဖို့ဖြစ်တယ်။—လုကာ ၁၉:၁၁၊ ၁၂ ကိုဖတ်ပါ။

ယေရှု ပြန်လာရတဲ့ရည်ရွယ်ချက်က လူသားတွေကို အုပ်ချုပ်ဖို့ဖြစ်

ဘယ်လို ခန္ဓာကိုယ်မျိုးနဲ့ ခရစ်တော် ပြန်လာမှာလဲ။ ယေရှုဟာ သေပြီးတဲ့နောက် မမြင်နိုင်တဲ့ နာမ်ဝိညာဉ်ခန္ဓာကိုယ်နဲ့ အသက်ပြန်ရှင်ခဲ့တယ်။ (၁ ပေတရု ၃:၁၈) အဲဒီနောက် ကောင်းကင်ကို ပြန်သွားပြီး ယေဟောဝါဘုရားရဲ့ ညာဘက်မှာ ထိုင်စောင့်နေခဲ့တယ်။ (ဆာလံ ၁၁၀:၁) တော်တော်လေးကြာပြီးနောက် “အသက်ကြီးသောသူ” ဖြစ်တဲ့ ယေဟောဝါဘုရားက လူသားတွေကို အုပ်ချုပ်ဖို့ ယေရှုကို အာဏာအပ်နှင်းခဲ့တယ်။ ဒါကြောင့် ယေရှုဟာ လူတစ်ယောက်အဖြစ်မဟုတ်ဘဲ မမြင်ရတဲ့ နာမ်ဝိညာဉ်ခန္ဓာကိုယ်နဲ့ ဘုရင်အဖြစ် ပြန်လာမှာဖြစ်တယ်။—ဒံယေလ ၇:၁၃၊ ၁၄ ကိုဖတ်ပါ။

ယေရှုပြန်လာတဲ့အခါ ဘာတွေလုပ်မှာလဲ

မျက်မြင်မရတဲ့နည်းနဲ့ ကောင်းကင်တမန်တွေနဲ့အတူ ယေရှု ပြန်လာတဲ့အခါ လူသားတွေကို တရားစီရင်ပါလိမ့်မယ်။ လူဆိုးတွေကို ဖျက်ဆီးပြီး မိမိကို ဘုရင်အဖြစ် လက်ခံသူတွေကို ထာဝရအသက်ဆု ပေးမှာဖြစ်တယ်။—မဿဲ ၂၅:၃၁-၃၃၊ ၄၆ ကိုဖတ်ပါ။

ယေရှု ဘုရင်အဖြစ် အုပ်ချုပ်တဲ့အခါ ကမ္ဘာမြေကြီးကို သာယာလှပတဲ့ဥယျာဉ်အဖြစ် ပြောင်းလဲပေးမှာဖြစ်တယ်။ သေဆုံးသွားသူတွေလည်း သာယာလှပတဲ့ ကမ္ဘာမြေကြီးမှာ ပျော်ရွှင်စွာနေထိုင်နိုင်ဖို့ သူတို့ကို အသက်ပြန်ရှင်အောင် လုပ်ပေးမှာဖြစ်တယ်။—လုကာ ၂၃:၄၂၊ ၄၃ ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ စာမျက်နှာ ၇၃-၈၅ ကို ဖတ်ကြည့်ပါ

နောက်ထပ် ကျမ်းစာမေးခွန်းတွေရဲ့ အဖြေတွေကို www.pr2711.com/mya ဖတ်ကြည့်ပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ