ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၃/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုရဲ့သေခြင်းက လူသားတွေအတွက် ဘယ်လိုအကျိုးဖြစ်စေသလဲ
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ယေရှုဘာကြောင့် ဆင်းရဲဒုက္ခခံပြီး အသက်ပေးဆက်ခဲ့တာလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • မေးခွန်း ၂– ကျွန်ုပ် သေဆုံးပြီးတဲ့နောက် ဘာဖြစ်သွားမလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ယေရှုရဲ့ သေခြင်းနဲ့ အသက်ပြန်ရှင်လာခြင်း—သင့်အတွက် ဘာအကျိုးရှိနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၃/၁ စာ. ၁၆
ကမ္ဘာသစ်မှာရှိတဲ့ ပင်လယ်ကမ်းခြေမှာ ပျော်ရွှင်နေတဲ့ လူတွေနဲ့ ရေကူးနေတဲ့ကလေးတွေ

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ယေရှုရဲ့သေခြင်းက လူသားတွေအတွက် ဘယ်လိုအကျိုးဖြစ်စေသလဲ

လူသားတွေကို ဘုရားသခင် ဖန်ဆင်းချိန်တုန်းက ဒီကမ္ဘာမြေပေါ်မှာ ဖျားနာမှု၊ သေခြင်းမရှိဘဲ ထာဝစဉ်နေသွားဖို့ ရည်ရွယ်ခဲ့တယ်။ ဒါပေမဲ့ ပထမဆုံးလူသား အာဒံဟာ ဘုရားစကား နားမထောင်ခဲ့တဲ့အတွက် ထာဝစဉ်အသက်ရှင်ခွင့် ဆုံးရှုံးပြီး သေဆုံးခဲ့ရတယ်။ အာဒံရဲ့သားစဉ်မြေးဆက်တွေဖြစ်တဲ့ လူသားအားလုံးဟာလည်း သူ့ဆီကနေ သေခြင်းအမွေကို လက်ဆင့်ကမ်းရရှိခဲ့ကြတယ်။ (ရောမ ၅:၈၊ ၁၂; ၆:၂၃) စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါက သားတော်ယေရှုကို ကမ္ဘာပေါ်စေလွှတ်ပြီး အသေခံစေတယ်။ ဒီလိုနည်းနဲ့ လူသားတွေဟာ အာဒံဆုံးရှုံးခဲ့တဲ့ ထာဝစဉ်အသက်ရှင်ခွင့်ကို ပြန်ရရှိနိုင်ကြတယ်။—ယောဟန် ၃:၁၆ ကိုဖတ်ပါ။

လူသားအားလုံး ထာဝရအသက်ရဖို့ ယေရှု အသေခံပေးခဲ့။ ကမ္ဘာပေါ်မှာ ထာဝစဉ်နေထိုင်ရမယ့် အသက်တာကို သင်ဘယ်လို မြင်ယောင်မိသလဲ

ယေရှုရဲ့သေခြင်းက လူသားအားလုံးရဲ့အပြစ်ကို ခွင့်လွှတ်ပေးပြီး ထာဝရအသက်ရဖို့ မျှော်လင့်ချက်ရှိစေတယ်။ အိုမင်းရင့်ရော်မှု၊ ရောဂါ၊ သေခြင်းမရှိတဲ့အသက်တာနဲ့ ကမ္ဘာပေါ်မှာ နေထိုင်ရမယ်ဆိုတာ သမ္မာကျမ်းစာမှာ ဖော်ပြပေးထားပါတယ်။—ဟေရှာယ ၂၅:၈; ၃၃:၂၄; ဗျာဒိတ် ၂၁:၄၊ ၅ တို့ကိုဖတ်ပါ။

ယေရှုရဲ့သေခြင်းကို အမှတ်ရကြောင်း ဘယ်လိုဖော်ပြသင့်သလဲ

ယေရှုမသေခင်ညမှာ သူ့ရဲ့သေခြင်းကို သတိရဖို့ ရိုးရှင်းတဲ့ အောက်မေ့ရာပွဲလုပ်ပါလို့ တပည့်တွေကို မိန့်မှာခဲ့ပါတယ်။ နှစ်တိုင်းကျင်းပတဲ့ ယေရှုရဲ့သေခြင်း အောက်မေ့ရာပွဲကို တက်ရောက်ခြင်းက လူသားတွေကို ယေဟောဝါဘုရားနဲ့ သားတော်ယေရှုတို့ ဘယ်လောက်ချစ်မြတ်နိုးတယ်ဆိုတာ ပြန်သတိရစေပါတယ်။—လုကာ ၂၂:၁၉၊ ၂၀; ၁ ယောဟန် ၄:၉၊ ၁၀ တို့ကိုဖတ်ပါ။

ဒီနှစ်မှာ ယေရှုရဲ့သေခြင်း အောက်မေ့ရာပွဲကို ဧပြီ ၁၄ ရက်၊ တနင်္လာနေ့ နေဝင်ပြီးချိန်မှာ ကျင်းပမှာဖြစ်တယ်။ ဒေသခံယေဟောဝါသက်သေတွေနဲ့အတူ အဲဒီပွဲကို တက်ရောက်ဖို့ သင့်ကို ဖိတ်ခေါ်ပါတယ်။—ရောမ ၁:၁၁၊ ၁၂ ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၄ နဲ့ ၅ ကို ဖတ်ကြည့်ပါ

www.pr2711.com/mya ကနေ ကူးယူနိုင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ