ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၈/၁ စာ. ၃
  • ဘုရားက သင့်ကို ဂရုစိုက်သလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားက သင့်ကို ဂရုစိုက်သလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ငါ၏ လူတို့ကို နှစ်သိမ့်စေကြလော့”
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
  • ‘ခါတိုင်းထက်ပို၍ အာရုံစိုက်ကြလော့’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • ဘုရားရဲ့ မိတ်ဆွေ ဘယ်လို ဖြစ်နိုင်မလဲ
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၂
  • ဘုရားကို လူအများ အကြည်ညိုပျက်နေကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၈/၁ စာ. ၃

မျက်နှာဖုံးဆောင်းပါး | ဘုရားက သင့်ကို ဂရုစိုက်သလား

ဘုရားက သင့်ကို ဂရုစိုက်သလား

“ကျွန်ုပ်မူကား ဆင်းရဲငတ်မွတ်သော်လည်း ထာဝရဘုရား [ယေဟောဝါ] သည်အကျွန်ုပ်ကို အောက်မေ့ [ဂရုစိုက်] တော်မူ၏။”a—ရှေးအစ္စရေးဘုရင် ဒါဝိဒ်။

ရေပုံးကနေ ကျလာတဲ့ ရေတစ်စက်

“လူအမျိုးမျိုးတို့သည် ရေပုံးမှကျသော ရေစက်ကဲ့သို့ဖြစ်၏။”—ဟေရှာယ ၄၀:၁၅

ဒါဝိဒ်က ဘုရားရဲ့ဂရုစိုက်မှုကို လိုချင်နေတယ်။ ဘုရားက သူ့ကို တကယ်ပဲ ဂရုစိုက်ခဲ့သလား။ သင့်ကိုရော ဘုရား ဂရုစိုက်သလား။ လူများစွာက သူတို့ကို တန်ခိုးအကြီးဆုံးအရှင်ဘုရားသခင် ဂရုစိုက်တယ်ဆိုတာ ယုံရခက်နေကြတယ်။ ဘာဖြစ်လို့လဲ။

အကြောင်းရင်းတစ်ခုက ဘုရားဟာ ဘယ်လူသားထက်မဆို ကြီးမြတ်လွန်းတဲ့အတွက်ဖြစ်တယ်။ ကြီးမြတ်လွန်းတဲ့ ဘုရားဘက်ကနေ ကြည့်မယ်ဆိုရင် “လူအမျိုးမျိုးတို့သည် ရေပုံးမှကျသော ရေစက်ကဲ့သို့ဖြစ်၍ ချိန်ခွင်၌ မြူမှုန့်ကဲ့သို့ ထင်မှတ်စရာရှိ” တယ်။ (ဟေရှာယ ၄၀:၁၅) ဘုရားကိုမယုံတဲ့ မျက်မှောက်ခေတ် စာရေးဆရာတစ်ယောက်က “ကိုယ့်လုပ်ရပ်အားလုံးကို အလေးအနက်ထားပြီး စိတ်ဝင်စားမှုပြတဲ့ဘုရား ရှိတယ်လို့ယုံတဲ့သူဟာ ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းတဲ့သူပဲ” ဆိုပြီး ထုတ်ဖော်ပြောဆိုခဲ့တယ်။

တချို့ကျပြန်တော့ ကိုယ့်ရဲ့လုပ်ရပ်တွေကို ဘုရား ဂရုစိုက်ကြည့်ရလောက်အောင် တန်ဖိုးမရှိဘူးလို့ ယူမှတ်ကြတယ်။ ဥပမာ၊ ဂျင်မ်ဆိုတဲ့ လူလတ်ပိုင်းအမျိုးသားတစ်ယောက်က ဒီလိုပြောပြတယ်– “စိတ်ငြိမ်သက်အောင်၊ စိတ်ထိန်းနိုင်အောင် ကူညီပေးပါလို့ ဘုရားဆီ မပြတ်တမ်း ဆုတောင်းတယ်။ ဒါပေမဲ့ ဒေါသကို မချုပ်ထိန်းနိုင်ဘူး။ အဲဒါကြောင့် ငါအရမ်းဆိုးလွန်းလို့ ဘုရားသခင်တောင် မကူညီပေးနိုင်တော့ဘူးဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယူမှတ်မိတယ်။”

ဘုရားသခင်က လူသားတွေကို ဂရုမစိုက်နိုင်လောက်တဲ့အထိ အလှမ်းဝေးလွန်းနေသလား။ အပြစ်အားနည်းချက်ရှိတဲ့ လူသားတွေကို ဘုရား ဘယ်လိုသဘောထားသလဲ။ ဘုရားကသာ ကိုယ့်အကြောင်းကို ထုတ်ဖော်မပြောဘူးဆိုရင် ဘယ်လူသားကမှ ဘုရားအကြောင်းကို မှန်မှန်ကန်ကန် ပြောနိုင်မှာမဟုတ်သလို အဲဒီမေးခွန်းတွေကိုလည်း အဖြေပေးနိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ လူသားတွေကို ဂရုမစိုက်နိုင်လောက်တဲ့အထိ ဘုရားသခင် အလှမ်းမဝေးဘူးလို့ ကိုယ်တော့်စကားတော်တွေကို မှတ်တမ်းတင်ထားတဲ့စာအုပ်မှာ အာမခံထားပါတယ်။ အဲဒီစာအုပ်မှာ ဒီလိုဖော်ပြထားတယ်– “အမှန်စင်စစ် ဘုရားသခင်သည် ငါတို့တွင် မည်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်။” (တမန်တော် ၁၇:၂၇) နောက်ဆက်တွဲဆောင်းပါးလေးခုမှာ လူသားတွေကို စိတ်ဝင်စားကြောင်း ဘုရားပြောဆိုရာတွေနဲ့ အဲဒီစိတ်ဝင်စားမှုတွေကို ဘယ်လိုဖော်ပြသလဲဆိုတာကို သုံးသပ်ကြည့်ရအောင်။

a ဆာလံ ၄၀:၁၇; ယေဟောဝါဆိုတာ ဘုရားနာမည်ဖြစ်တယ်လို့ ကျမ်းစာမှာ ဖော်ပြထားပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ