ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၈/၁ စာ. ၄
  • ဘုရားက သင့်ကို ကြည့်ရှုနေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားက သင့်ကို ကြည့်ရှုနေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဆင်တူတဲ့ အကြောင်းအရာ
  • ညီအစ်ကို ညီအစ်မတွေနဲ့ ဆက်ဆံရာမှာ ယေဟောဝါကို တုပပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ကျွန်ုပ်တို့အတွက် “ပုံဆောင်ဇာတ်လမ်း”၏ အကျိုးကျေးဇူး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • အရာရာတိုင်းတွင် ဘုရားသခင့်လမ်းပြမှုကို ရှာဖွေလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • စိတ်နှလုံးကြေကွဲသူတို့အတွက် နှစ်သိမ့်မှု
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၈/၁ စာ. ၄

မျက်နှာဖုံးဆောင်းပါး | ဘုရားက သင့်ကို ဂရုစိုက်သလား

ဘုရားက သင့်ကို ကြည့်ရှုနေ

“လူသွားရာလမ်းတို့ကို ဘုရားသခင် ကြည့်ရှု၍ လူခြေရာရှိသမျှတို့ကို မြင်တော်မူ၏။”—ယောဘ ၃၄:၂၁။

သားအဖနှစ်ယောက် အတူကစားနေ

ကလေးငယ်တွေဟာ မိဘရဲ့ ဂရုစိုက် စောင့်ရှောက်မှုကို ပိုပြီးလိုအပ်

လူတချို့ မယုံရတဲ့အကြောင်းရင်း– ကျွန်ုပ်တို့ရဲ့ ဂလက်ဆီတစ်ခုတည်းမှာ အနည်းဆုံး ဂြိုဟ်အလုံးပေါင်း ၁၀၀ ဘီလီယံ ရှိနိုင်တယ်လို့ မကြာသေးခင်က လေ့လာတွေ့ရှိခဲ့ကြတယ်။ လူများစွာက ကြီးမားကျယ်ပြောလှတဲ့ ဒီစကြဝဠာကြီးအကြောင်း စဉ်းစားရင်း ဒီလိုမေးခဲ့ကြတယ်– ‘တန်ခိုးအကြီးဆုံးအရှင်က ကမ္ဘာဂြိုဟ်သေးသေးလေးပေါ်မှာရှိတဲ့ ဘာမဟုတ်တဲ့လူတွေကို ဘာလို့ ကြည့်ရှုနေမှာလဲ။’

ဘုရားပြောဆိုရာ– ဘုရားက လူသားတွေကို ကျမ်းစာအုပ် ပေးထားရုံလောက် မဟုတ်ပါဘူး။ ကျွန်ုပ်တို့ကို စိတ်ဝင်တစား ကြည့်ရှုနေပါတယ်။ “သင်သွားရမည့်လမ်းကို ပြညွှန်မည်။ သင့်ကို ကြည့်ရှုပြုစုမည်” လို့ ယေဟောဝါဘုရား အာမခံထားပါတယ်။—ဆာလံ ၃၂:၈။

ခရစ်နှစ် မတိုင်ခင် ၁၉၀၀ ပြည့်နှစ်လောက်က အသက်ရှင်ခဲ့တဲ့ အီဂျစ်အမျိုးသမီး ဟာဂရအကြောင်းကို သုံးသပ်ကြည့်ပါ။ ဟာဂရက သခင်မ စာရဲကို မထီလေးစားပြုခဲ့တဲ့အတွက် စာရဲက သူ့ကို နှိပ်ကွပ်တော့တယ်။ ဒါနဲ့ ဟာဂရ တောထဲကို ထွက်ပြေးသွားရတယ်။ အပြစ်လုပ်ခဲ့တဲ့ဟာဂရကို ယေဟောဝါဘုရား စိတ်မဝင်စားတော့ဘူးလား။ ကျမ်းစာမှတ်တမ်းအရ ‘ယေဟောဝါဘုရား၏ ကောင်းကင်တမန်သည် ဟာဂရကို တွေ့’ တဲ့အခါ ‘ယေဟောဝါဘုရားသည် သင်၏ ဆင်းရဲဒုက္ခကို ကြားသိတော်မူပြီ’ လို့ပြောခဲ့တယ်။ အဲဒီအခါ ဟာဂရက ‘ငါ့ကို မြင်တော်မူသောအရှင်’ လို့ ယေဟောဝါဘုရားကို ခေါ်ခဲ့တယ်။—ကမ္ဘာဦး ၁၆:၄-၁၃။

ဟာဂရကို မြင်တဲ့အရှင်က သင့်ကိုလည်း မြင်ပါတယ်။ ဥပမာ၊ မေတ္တာရှိတဲ့မိခင်က ကလေးငယ်လေးတွေကို အထူးဂရုစိုက်ကြည့်ရှုတယ်။ ကလေးက ငယ်သေးတဲ့အတွက် မိဘရဲ့ ဂရုစိုက်စောင့်ရှောက်မှုကို ပိုလိုအပ်လို့ဖြစ်တယ်။ အဲဒီလိုပါပဲ၊ ဘုရားသခင်က ကျွန်ုပ်တို့ စိတ်ဓာတ်ကျပြီး အားအင်ချည့်နဲ့နေချိန်မှာ အထူးဂရုစိုက်ကြည့်ရှုပေးတယ်။ ယေဟောဝါဘုရားက ဒီလိုအာမခံထားတယ်– ‘ငါသည် သန့်ရှင်းမြင့်မြတ်ရာ အထက်ဘုံတွင် စံနေတော်မူသော်လည်း စိတ်နှလုံးကြေကွဲသူ၊ စိတ်နှိမ့်ချသူတို့ ပြန်လည်လန်းဆန်း အားတက်လာကြစေရန် ထိုသူတို့ထံတွင်လည်း ကျိန်းဝပ်တော်မူ၏။’—ဟေရှာယ ၅၇:၁၅၊ ခမ။

ဒါဆိုရင် သင် ဒီလိုမေးကောင်းမေးနိုင်တယ်– ‘ဘုရားက ငါ့ကို ဘယ်လို ကြည့်ရှုနေတာလဲ။ ငါ့ရဲ့ အပြင်ပန်းကိုပဲ ကြည့်ပြီး ဆုံးဖြတ်တာလား။ ဒါမှမဟုတ် ငါဟာ ဘယ်လိုလူစားမျိုးလဲဆိုတာကို သိပြီး နားလည်ပေးသလား။’

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ