ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၄ ၁၂/၁ စာ. ၁၆
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကလေးတွေ ဘုရားကို ဘယ်လိုချစ်လာနိုင်မလဲ
  • ကလေးတွေရဲ့နှလုံး ထိမိဖို့ ဘယ်လိုသွန်သင်ပေးနိုင်သလဲ
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေကို ဘယ်မှာ ရှာတွေ့နိုင်မလဲ
    ဘဝနဲ့ပတ်သက်တဲ့ မေးခွန်းတွေရဲ့အဖြေကို ဘယ်မှာ ရှာတွေ့နိုင်မလဲ
  • မိသားစုအတွက် ထပ်ဆင့်အကူအညီ
    နိုးလော့!—၂၀၁၈
  • ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား
    ဆင်းရဲဒုက္ခတွေ အဆုံးတိုင်မှာလား
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
က၁၄ ၁၂/၁ စာ. ၁၆

ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ

ကလေးတွေ ဘုရားကို ဘယ်လိုချစ်လာနိုင်မလဲ

အဖေက သားကို ဘုရားရဲ့ဖန်ဆင်းခြင်းလက်ရာတွေကိုပြပြီး သင်ပေးနေ

ကလေးက ဘုရားကိုသိပြီး ချစ်တတ်လာအောင် ဘုရားရဲ့ဖန်ဆင်းခြင်းလက်ရာတွေကို ပြပြီး သင်ပေးပါ

ကလေးတွေဟာ ဘုရားရှိပြီး သူတို့ကိုချစ်တယ်ဆိုတဲ့ အထောက်အထားတွေကို သိမှသာ ဘုရားကိုချစ်လာကြမှာ ဖြစ်တယ်။ ဘုရားကို ကလေးတွေ ချစ်လာဖို့ဆိုရင် ကိုယ်တော့်အကြောင်း သိဖို့လိုတယ်။ (၁ ယောဟန် ၄:၈) ဥပမာ၊ လူတွေကို ဖန်ဆင်းရတဲ့ ဘုရားရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ဆင်းရဲဒုက္ခတွေကို ဘုရား ဘာကြောင့် ခွင့်ပြုထားတာလဲ။ လူသားတွေအတွက် အနာဂတ်မှာ ဘုရား ဘာလုပ်ဆောင်ပေးမလဲ စတဲ့မေးခွန်းတွေကို ကလေးတွေ သိဖို့လိုတယ်။—ဖိလိပ္ပိ ၁:၉ ကိုဖတ်ပါ။

ကလေးတွေ ဘုရားကိုချစ်တတ်လာဖို့ မိဘတွေကိုယ်တိုင် ဘုရားကိုချစ်ကြောင်း ပြရမယ်။ ဒါကို သူတို့ သိမြင်လာတဲ့အခါ မိဘတွေရဲ့ စံနမူနာကို လိုက်လျှောက်ချင်လာမှာဖြစ်တယ်။—တရားဟောရာ ၆:၅–၇; သုတ္တံ ၂၂:၆ တို့ကို ဖတ်ပါ။

ကလေးတွေရဲ့နှလုံး ထိမိဖို့ ဘယ်လိုသွန်သင်ပေးနိုင်သလဲ

ဘုရားရဲ့စကားတော်ဖြစ်တဲ့ ကျမ်းစာဟာ တန်ခိုးရှိပါတယ်။ (ဟေဗြဲ ၄:၁၂) ဒါကြောင့် ကလေးတွေကို ကျမ်းစာအခြေခံသွန်သင်ချက်တွေ သင်ပေးပါ။ ယေရှုက လူတွေရဲ့နှလုံးကို ထိမိစေဖို့ မေးခွန်းတွေ မေးတယ်၊ နားထောင်ပေးတယ်၊ ဒါ့အပြင် ကျမ်းချက်တွေရဲ့ သက်ဆိုင်ပုံကိုလည်း ရှင်းပြပေးတယ်။ ကလေးတွေရဲ့ နှလုံး ထိမိဖို့ သင်ပေးတဲ့အခါ ယေရှုရဲ့ သွန်သင်နည်းတွေကို တုပနိုင်ပါတယ်။—လုကာ ၂၄:၁၅–၁၉၊ ၂၇၊ ၃၂ ကိုဖတ်ပါ။

ဒါ့အပြင် ဘုရားက လူတွေနဲ့ ဘယ်လိုပြောဆိုဆက်ဆံသလဲဆိုတဲ့ ကျမ်းစာဇာတ်လမ်းတွေကို ပြောပြမယ်ဆိုရင် ကလေးတွေ ဘုရားအကြောင်း သိလာပြီး ချစ်လာကြမှာဖြစ်တယ်။ အဲဒီရည်ရွယ်ချက်နဲ့ ထုတ်ဝေထားတဲ့ ကျမ်းစာအခြေပြုစာပေတွေကို www.pr2711.com/mya ကနေ ကူးယူရရှိနိုင်ပါတယ်။—၂ တိမောသေ ၃:၁၆ ကိုဖတ်ပါ။

ထပ်သိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၁၄ ကိုဖတ်ကြည့်ပါ

အဲဒီစာအုပ်ကို www.pr2711.com/myaကနေလည်း ကူးယူနိုင်ပါတယ်၊ ဒါမှမဟုတ် စာမျက်နှာ ၂ မှာပါတဲ့ လိပ်စာနဲ့ အခမဲ့တောင်းခံနိုင်ပါတယ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ