ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၅ ၁၁/၁ စာ. ၃
  • စစ်ပွဲတွေကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်ပွဲတွေကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • စစ်ပွဲ
    နိုးလော့!—၂၀၁၇
  • ဒီနေ့ခေတ်မှာ စစ်ပွဲတွေအပေါ် ဘုရားသခင့်ရှုမြင်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ပထမရာစုခေတ်မှာစစ်ပွဲအပေါ်ထားတဲ့ ဘုရားသခင့်ရှုမြင်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ရှေးခေတ်မှာစစ်ပွဲအပေါ်ထားတဲ့ ဘုရားသခင့်ရှုမြင်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
က၁၅ ၁၁/၁ စာ. ၃
စစ်သားများ၊ တင့်ကားနဲ့ ဗုံးကြဲလေယာဉ်များ

မျက်နှာဖုံးဆောင်းပါး

စစ်ပွဲတွေကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ

သင်သာဆို အဲဒီမေးခွန်းကို ဘယ်လိုဖြေမလဲ။ စစ်ပွဲတွေကို ဘုရားသခင် နှစ်သက်တယ်လို့ လူအများထင်ကြတယ်။ ဘုရားသခင်က မိမိရဲ့ရှေးခေတ်ကျေးကျွန်တွေကို စစ်တိုက်ခိုင်းတာကိုထောက်ပြီး သူတို့ အဲဒီလိုထင်ကြတာ ဖြစ်တယ်။ တချို့ကျတော့ ဘုရားသခင့်သားတော် ယေရှုက တပည့်တွေကို မိန့်မှာခဲ့တဲ့ ရန်သူကိုတောင်ချစ်ရမယ်ဆိုတဲ့အချက်ကို ထောက်ပြကြပြန်တယ်။ (မဿဲ ၅:၄၃၊ ၄၄) ဒါကြောင့် စစ်ပွဲအပေါ် ဘုရားသခင် ရှုမြင်ပုံ ပြောင်းလဲသွားပြီး ဒီနေ့ခေတ်မှာ စစ်ဖြစ်တာကို ကိုယ်တော် စက်ဆုပ်ရွံရှာတယ်လို့ တချို့ကောက်ချက်ချကြတယ်။

သင်ကော ဘယ်လိုထင်သလဲ။ စစ်ပွဲကို ဘုရားသခင် နှစ်သက်သလား။ တကယ်လို့ နှစ်သက်တယ်ဆိုရင် ဒီနေ့ခေတ်တိုက်ပွဲတွေမှာ ဘုရားက ဘယ်သူ့ဘက်ပါသလဲ။ အဲဒီမေးခွန်းတွေရဲ့ အဖြေကိုသိလာရင် စစ်ပွဲနဲ့ပတ်သက်ပြီး သင့်သဘောထားကို ဆန်းစစ်နိုင်ပါလိမ့်မယ်။ ဥပမာ၊ ဘုရားသခင်ဟာ စစ်ပွဲတွေကို နှစ်သက်ရုံသာမက တိုက်ပွဲတစ်ခုခုမှာ သင် နိုင်စေချင်တဲ့ဘက်ကနေ ကိုယ်တော် ရပ်တည်တယ်ဆိုပါစို့။ အဲဒီလိုဆိုရင် သင့်ဘက်က ကျိန်းသေအောင်ပွဲခံမှာပဲဆိုပြီး ထင်မိနိုင်တယ်။ ဒါပေမဲ့ ဘုရားသခင်က သင်နဲ့ဆန့်ကျင်တဲ့ဘက်ကနေ ရပ်တည်ပေးနေကြောင်း သိလိုက်ရရင်ကော။ သင် နိုင်စေချင်တဲ့ဘက်နဲ့ပတ်သက်ပြီး စဉ်းစားစရာဖြစ်လာမယ်မဟုတ်လား။

အဲဒါတွေထက် ပိုအရေးကြီးတဲ့အချက် ရှိပါသေးတယ်။ စစ်နဲ့ပတ်သက်ပြီး ဘုရားအမြင်ကိုသိလာရင် ကိုယ်တော့်အပေါ် သင့်ရှုမြင်ချက် ပြောင်းသွားနိုင်တယ်။ စစ်ပွဲတွေကြောင့် အကြီးအကျယ် ထိခိုက်နစ်နာနေရတဲ့ သန်းပေါင်းများစွာထဲမှာ သင်ပါဝင်နေတယ်ဆိုရင် ဒီမေးခွန်းတွေရဲ့ အဖြေကိုသိချင်မှာပဲ– တချို့သူတွေထင်သလို ဘုရားသခင်ဟာ စစ်မီးမွှေးသူလား။ မတရားဖိနှိပ်ခံရသူတွေကို ဂရုမစိုက်၊ ပစ်ထားတဲ့ ဘုရားမျိုးလား။

ကျမ်းစာဖြေဆိုချက်က လူတွေရဲ့ရှုမြင်ချက်တွေနဲ့ လုံးဝခြားနားနေမှန်း သင်သိမယ်ဆိုရင် အံ့အားသင့်သွားနိုင်ပါတယ်။ စစ်နဲ့ပတ်သက်တဲ့ ဘုရားသခင့်အမြင်က အရင်တုန်းကလည်း ဒီအတိုင်း၊ အခုလည်း ဒီအတိုင်းပါပဲ။ ရှေးခေတ်နဲ့ မြေကြီးပေါ်ယေရှုအသက်ရှင်ခဲ့တဲ့ ပထမရာစုခေတ်မှာ စစ်ပွဲကို ဘုရားသခင် ဘယ်လိုရှုမြင်ခဲ့သလဲဆိုတဲ့ ကျမ်းစာအဆိုကို သုံးသပ်ကြည့်ကြစို့။ ဒါက ဒီနေ့ခေတ်မှာ စစ်ပွဲအပေါ် ဘုရားရှုမြင်ပုံ၊ အနာဂတ်မှာ စစ်ပွဲတွေရှိ၊ မရှိ ဆိုတာသိနိုင်အောင် ထောက်ကူပေးပါလိမ့်မယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ