ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၁၇ အမှတ် ၅ စာ. ၁၀-၁၁
  • စစ်ပွဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်ပွဲ
  • နိုးလော့!—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှေးခေတ်အစ္စရေးတွေ ဘာကြောင့် စစ်ဆင်နွှဲကြတာလဲ။
  • အခုခေတ် စစ်ပွဲတွေမှာ ဘုရား ဝင်ပါသလား။
  • စစ်ပွဲတွေ ရပ်ပါဦးမလား
  • စစ်ပွဲတွေကို ဘုရားသခင် ဘယ်လိုရှုမြင်သလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ဒီနေ့ခေတ်မှာ စစ်ပွဲတွေအပေါ် ဘုရားသခင့်ရှုမြင်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ရှေးအစ္စရေးတွေ စစ်တိုက်ခဲ့ပေမဲ့ ကျွန်တော်တို့ ဘာကြောင့် စစ်မတိုက်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • ရှေးခေတ်မှာစစ်ပွဲအပေါ်ထားတဲ့ ဘုရားသခင့်ရှုမြင်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၇
န၁၇ အမှတ် ၅ စာ. ၁၀-၁၁
အပိုင်းပိုင်းကျိုးနေတဲ့ သေနတ်

သမ္မာကျမ်းစာရှုထောင့်

စစ်ပွဲ

ရှေးအချိန်က အစ္စရေးတွေဟာ ယေဟောဝါဘုရားရဲ့နာမည်နဲ့ စစ်ပွဲတွေ ဆင်နွှဲခဲ့ကြတယ်။ ဒါဟာ အခုခေတ် စစ်ပွဲတွေကို ဘုရားနှစ်သက်တယ်ဆိုတဲ့ အဓိပ္ပာယ်လား။

ရှေးခေတ်အစ္စရေးတွေ ဘာကြောင့် စစ်ဆင်နွှဲကြတာလဲ။

လူတချို့ပြောဆိုရာ

အစ္စရေးတွေဟာ သွေးဆာနေတဲ့ စစ်ဘုရားကို ကိုးကွယ်ကြတယ်။

သမ္မာကျမ်းစာ ပြောဆိုရာ

အစ္စရေးတွေ တိုက်ခိုက်အနိုင်ယူခဲ့တဲ့ လူမျိုးတွေဟာ အကြမ်းဖက်တာ၊ တိရစ္ဆာန်နဲ့လိင်ဆက်ဆံတာ၊ သွေးနီးချင်းလိင်ဆက်ဆံတာ၊ သားသမီးတွေကို ယဇ်ပူဇော်တာစတဲ့ ယုတ်ညံ့တဲ့အကျင့်ရှိသူတွေ ဖြစ်တယ်။ ဘုရားသခင်ဟာ သူတို့ရဲ့အကျင့်ပြောင်းဖို့ နှစ်ပေါင်းရာနဲ့ချီ အချိန်ပေးခဲ့တယ်။ “မင်းတို့ရှေ့ကနေ ငါနှင်ထုတ်တော့မယ့် လူမျိုးတွေဟာ ဒီအကျင့်တွေနဲ့ ညစ်ညူးနေကြတယ်” လို့ ဘုရားပြောတယ်။—ဝတ်ပြုရာ ၁၈:၂၁-၂၅။ ယေရမိ ၇:၃၁။

“ဒီလူမျိုးတွေ ဆိုးသွမ်းလွန်းလို့ ယေဟောဝါဘုရား နှင်ထုတ်လိုက်တာ။” —တရားဟောရာ ၉:၅။

အခုခေတ် စစ်ပွဲတွေမှာ ဘုရား ဝင်ပါသလား။

သင် သိထားတဲ့အရာ

စစ်ပွဲအတော်များများမှာ ဘာသာရေးခေါင်းဆောင်တွေက သူတို့ဘက်မှာ ဘုရားရှိတယ်လို့ ပြောကြတယ်။ “တိုက်ခဲ့သမျှ စစ်ပွဲတွေမှာ ဘာသာရေးက ဝင်စွက်လေ့ရှိတယ်” လို့ စစ်ပွဲဖြစ်ရတဲ့အကြောင်းရင်း စာအုပ်မှာ ဖော်ပြတယ်။

သမ္မာကျမ်းစာ ပြောဆိုရာ

ခရစ်ယာန်တွေဟာ ရန်သူတွေကို တိုက်ခိုက်ပိုင်ခွင့် မရှိဘူး။ တမန်တော်ပေါလုက ခရစ်ယာန်တွေကို “ဖြစ်နိုင်မယ်ဆိုရင် လူအားလုံးနဲ့ သင့်မြတ်အောင် အတတ်နိုင်ဆုံး ကြိုးစားပါ။ . . . လက်စားမချေပါနဲ့” လို့ရေးခဲ့တယ်။—ရောမ ၁၂:၁၈၊ ၁၉။

ယေရှုက မိမိနောက်လိုက်တွေကို စစ်တိုက်ခိုင်းမယ့်အစား “ရန်သူကို ချစ်မြဲချစ်ပါ။ ကိုယ့်ကိုနှိပ်စက်သူတွေအတွက် အမြဲဆုတောင်းပေးပါ။ ဒါမှ ခင်ဗျားတို့ဟာ ကောင်းကင်မှာစံမြန်းတဲ့ အဖဘုရားရဲ့ သားတွေဖြစ်မှန်း သက်သေပြရာ ရောက်မှာပေါ့” လို့ပြောတယ်။ (မဿဲ ၅:၄၄၊ ၄၅) ကိုယ့်နိုင်ငံမှာရှိတဲ့ လူတွေ စစ်တိုက်မယ်ဆိုရင်တောင် ခရစ်ယာန်တွေဟာ “ဒီလောကနဲ့ ဘာမှ မပတ်သက်” ဘဲ ကြားနေသင့်တယ်။ (ယောဟန် ၁၅:၁၉) ဘုရားသခင်က နိုင်ငံအသီးသီးမှာရှိတဲ့ မိမိကို ဝတ်ပြုသူတွေ ရန်သူကိုချစ်ဖို့၊ လောကနဲ့ သီးခြားနေဖို့ လိုလားတယ်ဆိုရင် အခုခေတ် အကြမ်းဖက်တိုက်ခိုက်မှုတွေရဲ့ တစ်ဖက်ဖက်မှာ ဝင်ပြီးကူညီပေးပါ့မလား။

“ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မပတ်သက်ဘူး။ ဒီလောကနဲ့ ပတ်သက်တယ်ဆိုရင် ကျွန်တော့်ရဲ့ နောက်လိုက်တွေက ဂျူးတွေလက်ထဲ ကျွန်တော် မရောက်သွားရအောင် တိုက်ခိုက်မှာပဲ။ ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မသက်ဆိုင်ဘူး။” —ယောဟန် ၁၈:၃၆။

စစ်ပွဲတွေ ရပ်ပါဦးမလား

လူတချို့ပြောဆိုရာ

စစ်ဆိုတာ ရှောင်လွဲလို့ မရတဲ့အရာပဲ။ ၂၁ ရာစုရဲ့ စစ်နဲ့ အာဏာ ဆိုတဲ့ စာအုပ်မှာ “စစ်ပွဲတွေ အမြဲရှိနေမှာပဲ။ ဒီရာစုနှစ်မှာ ကမ္ဘာချီ ငြိမ်းချမ်းရေးရဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး” လို့ ဖော်ပြတယ်။

သမ္မာကျမ်းစာ ပြောဆိုရာ

စစ်တိုက်ချင်တဲ့သူတွေ မရှိတော့ရင် စစ်ပွဲတွေ ရပ်သွားပါလိမ့်မယ်။ ကောင်းကင်ကနေ အုပ်ချုပ်မယ့် ဘုရားနိုင်ငံတော်က ဒီကမ္ဘာပေါ်မှာရှိတဲ့ စစ်လက်နက်အားလုံးကို ဖယ်ရှားပြီး လူတွေ သင့်သင့်မြတ်မြတ် နေထိုင်နိုင်အောင် လုပ်ဆောင်ပေးပါတော့မယ်။ ဘုရားသခင်က “ရပ်ဝေးမှာရှိတဲ့ ခွန်အားကြီးလူမျိုးတွေရဲ့ အကျိုးအတွက် အရာရာကို ဖြေရှင်းပေးမယ်။ အဲဒီအခါ ဓားကို ထယ်သွားဖြစ်အောင်၊ လှံကို တံစဉ်ဖြစ်အောင် ထုလုပ်ကြလိမ့်မယ်။ လူမျိုးအချင်းချင်း တိုက်ခိုက်ကြတော့မှာ မဟုတ်ဘူး။ စစ်အတတ်ပညာကိုလည်း မသင်ကြတော့ဘူး” ဆိုတဲ့ ကျမ်းစာကတိ ရှိတယ်။—မိက္ခာ ၄:၃။

ဘုရားနိုင်ငံတော် အုပ်ချုပ်တဲ့အခါ ကိုယ်ကျိုးအတွက် တိုက်ခိုက်တဲ့ အစိုးရတွေ၊ ပုန်ကန်ထကြွစေတဲ့ မတော်မတရား အုပ်ချုပ်မှုတွေ၊ လူမျိုးရေးခွဲခြားမှု ဖြစ်ပေါ်စေတဲ့ တစ်ဖက်သတ်အစွဲတွေ ရှိတော့မှာ မဟုတ်ဘူးဆိုပြီး ကျမ်းစာ သွန်သင်တယ်။ ဒါကြောင့် စစ်ပွဲတွေ ရှိတော့မှာ မဟုတ်ဘူး။ “သူတို့က . . . ဘာအန္တရာယ်မှပေးမှာ မဟုတ်ဘူး။ ဖျက်လိုဖျက်ဆီးလုပ်မှာ မဟုတ်ဘူး။ ပင်လယ်ဟာ ရေတွေနဲ့ ဖုံးလွှမ်းနေသလို ကမ္ဘာမြေဟာ ယေဟောဝါကို သိကျွမ်းခြင်းနဲ့ပြည့်နေမှာ ဖြစ်လို့ပဲ” လို့ ဘုရား ကတိပေးတယ်။—ဟေရှာယ ၁၁:၉။

“ဘုရားက မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေတယ်။ လေးတွေကို ချိုးပြီး လှံတွေကို အပိုင်းပိုင်း ဖြတ်ပစ်တယ်။ စစ်မြင်းရထားတွေကို မီးရှို့ပစ်တယ်။” —ဆာလံ ၄၆:၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ