ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၆ အမှတ် ၁ စာ. ၃
  • ရိုးသားမှု ခေတ်နောက်ကျသွားပြီလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရိုးသားမှု ခေတ်နောက်ကျသွားပြီလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရိုးသားတာ အကျိုးရှိသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • အဘယ်အရာက စစ်မှန်သောတန်ဖိုး ရှိသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ယနေ့အတွက်သတင်းတစ်ရပ်ပါသော ဉာဏ်ပညာဆိုင်ရာစာအုပ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • အရာရာမှာ ရိုးသားပါ
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
ကလ၁၆ အမှတ် ၁ စာ. ၃
အလုပ်ရှင်တစ်ဦးက အလုပ်သမားတစ်ဦးကို ခြိမ်းခြောက်ပြောဆို

မျက်နှာဖုံးဆောင်းပါး | ရိုးသားတာ အကျိုးရှိရဲ့လား

ရိုးသားမှု ခေတ်နောက်ကျသွားပြီလား

ဟီတိုရှိဟာ ဂျပန်နိုင်ငံက အလုပ်အကိုင်ရှာဖွေရေးကုမ္ပဏီတစ်ခုရဲ့ ငွေစာရင်းဌာနမှာ အလုပ်လုပ်သူပါ။ အထက်အရာရှိနဲ့အတူ ငွေစာရင်းတစ်ခုစစ်နေတုန်း သူ့ကို စာရင်းလိမ်ညာတင်ခိုင်းတယ်။ အဲဒီလို မရိုးမသားမလုပ်နိုင်ကြောင်း ဟီတိုရှိပြောတော့ သူ့ကိုအလုပ်ဖြုတ်ပစ်မယ်လို့ အထက်အရာရှိက ခြိမ်းခြောက်တယ်။ ဒါနဲ့ နောက်ဆုံးမှာ အလုပ်ပြုတ်သွားတယ်။

အဲဒီနောက်ပိုင်း လအတော်ကြာတဲ့အထိ သင့်တော်တဲ့အလုပ်မရတော့ ဟီတိုရှိ စိတ်ဓာတ်ကျလာတယ်။ အလုပ်အင်တာဗျူးတစ်ခုမှာ ဟီတိုရှိဟာ မရိုးသားတဲ့အလုပ်ကို မလုပ်နိုင်ကြောင်းပြောတော့ အင်တာဗျူးမေးသူက “မင်းစိတ်ဓာတ်ကလည်း အထူးအဆန်းပါလား” ဆိုပြီး ပြန်ပြောတယ်။ ဟီတိုရှိရဲ့ မိဘတွေနဲ့ မိတ်ဆွေတွေက သူ ရိုးရိုးသားသားနေတာကို အားပေးကြတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာ သံသယတချို့ဝင်လာတယ်။ ဥပမာ၊ “ငါ့ယုံကြည်ချက်အတိုင်း ရိုးရိုးသားသားနေတာက အကျိုးရှိမှရှိရဲ့လား” ဆိုတဲ့ အတွေးဝင်လာကြောင်း ပြောပြတယ်။

ရိုးသားမှုကို လူတိုင်းတန်ဖိုးမထားကြောင်း ဟီတိုရှိရဲ့အဖြစ်က ဖော်ပြနေတယ် မဟုတ်လား။ တချို့သူတွေ၊ အထူးသဖြင့် စီးပွားရေးလောကမှာဆိုရင် ရိုးသားမှုကို ဘာမှသုံးစားလို့မရတဲ့အရာအဖြစ် သဘောထားကြတယ်။ “ကျွန်မဝန်းကျင်မှာဆို မရိုးသားတဲ့သူတွေချည်းပဲ၊ တစ်ခါတလေ ကျွန်မကိုလည်း သူတို့လိုလိုက်လုပ်ဖို့ အတင်းဖိအားပေးကြတယ်” လို့ တောင်အာဖရိကမှ အမျိုးသမီးအလုပ်သမားတစ်ဦး ပြောပြတယ်။

ဒီနေ့၊ နေရာတကာမှာတွေ့နေရတဲ့ မရိုးသားမှုပုံစံတစ်မျိုးက လိမ်ညာတာဖြစ်တယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းမှာ မက်ဆာချူးဆက် အမ္မဟတ် (Massachusetts Amherst) တက္ကသိုလ်က စိတ်ပညာရှင် ရောဘတ် အက်စ် ဖဲလ်မန်ရဲ့ လေ့လာမှုအရ အရွယ်ရောက်ပြီးသူ ၆၀ ရာခိုင်နှုန်းဟာ ဆယ်မိနစ်လောက်စကားပြောတိုင်း အနည်းဆုံး တစ်ကြိမ်လိမ်ပြောကြောင်း တွေ့ရှိခဲ့တယ်။ “ဒါက တော်တော်အံ့သြဖို့ကောင်းတဲ့ တွေ့ရှိချက်ပဲ။ လိမ်ညာတာကို ထမင်းစားရေသောက်သလိုမျိုး ပေါ့ပေါ့တန်တန် သဘောထားမယ်လို့ ကျွန်တော်တို့ မထင်ခဲ့ကြဘူး” ဆိုပြီး ဖဲလ်မန်ပြောပြတယ်။ လူအများစုဟာ အလိမ်ခံရတာကို မုန်းကြပေမဲ့ သူတို့ကိုယ်နှိုက်ကျတော့ တခြားသူတွေကို လိမ်ညာနေကြပြန်တယ်။

ဒီနေ့ခေတ်မှာ လိမ်တာ၊ ခိုးတာနဲ့ တခြားမရိုးသားမှုပုံစံတွေကို ဘာကြောင့် နေရာအနှံ့မှာ တွေ့နေရတာလဲ။ မရိုးသားမှုဟာ လူ့အဖွဲ့အစည်းတစ်ရပ်လုံးအပေါ် ဘယ်လိုအကျိုးသက်ရောက်နေလဲ။ ဒါထက်ပိုအရေးကြီးတာက ကျွန်ုပ်တို့လည်း မရိုးမသား မလုပ်မိအောင် ဘယ်လိုရှောင်နိုင်မလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ