ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၆ အမှတ် ၁ စာ. ၁၀
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့် တရားစီရင်ရာနေ့  ​—၎င်း၏ရွှင်လန်းဖွယ် အကျိုးရလဒ်
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • ရှေးဟောင်း ကျမ်းလိပ်ကို “ဖွင့်ကြည့်ခြင်း”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ပင်လယ်သေကျမ်းလိပ်များ နှင့်ပတ်သက်၍ အမှန်တရားကားအဘယ်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • “မည်သူ စာလိပ်ကို ဖွင့်ထိုက်သနည်း”
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
ကလ၁၆ အမှတ် ၁ စာ. ၁၀

သင် သိပါသလား

ကျမ်းစာခေတ်မှာ ကျမ်းလိပ်တွေကို ဘယ်လိုပြုလုပ်သလဲ၊ ဘယ်လိုအသုံးပြုခဲ့ကြသလဲ

ဧသတာကျမ်းရဲ့ သားရေစာလိပ်များ၊ အေဒီ ၁၈ ရာစု

ဧသတာကျမ်းရဲ့ သားရေစာလိပ်များ၊ အေဒီ ၁၈ ရာစု

ယေရှုက ဟေရှာယကျမ်းလိပ်ကိုဖွင့်ဖတ်ပြီး ပြန်လိပ်တဲ့အကြောင်း လုကာကျမ်းမှာ မှတ်တမ်းတင်ထားတယ်။ ကျမ်းရေးသူယောဟန်လည်းပဲ သူ့ကျမ်းမှတ်တမ်းရဲ့ အဆုံးပိုင်းမှာ ယေရှုလုပ်ခဲ့တဲ့ အံ့ဖွယ်အမှုအားလုံးကို သူ့ကျမ်းလိပ်ထဲထည့်ရေးဖို့ မဖြစ်နိုင်တဲ့အကြောင်းပြောရင်း ကျမ်းလိပ်အကြောင်း ထည့်ဖော်ပြခဲ့တယ်။—လုကာ ၄:၁၆-၂၀; ယောဟန် ၂၀:၃၀; ၂၁:၂၅။

ကျမ်းလိပ်တွေကို ဘယ်လိုပြုလုပ်ခဲ့ကြသလဲ။ သားရေ၊ သားရေအပိုင်းအစ၊ ကျူရွက်စတာတွေကို ဘေးချင်းယှဉ် ကော်နဲ့ကပ်ပြီး စာလိပ်ပုံစံ ချပ်ပြားအရှည်ကြီးဖြစ်အောင် လုပ်တယ်။ အဲဒီနောက် စာရေးထားတဲ့ဘက်ကို အတွင်းဘက်မှာထားပြီး တုတ်တံနဲ့ လိပ်တယ်။ ကျမ်းလိပ်ရဲ့မျက်နှာပြင်တစ်လျှောက်မှာ ဒေါင်လိုက်ကော်လံပုံစံနဲ့ ရေးသားထားတဲ့စာတွေကို တွေ့နိုင်တယ်။ ရှည်လျားတဲ့ စာလိပ်တွေရဲ့ အစွန်းနှစ်ဘက်မှာ တုတ်တံထည့်ပေးထားတာကြောင့် စာဖတ်သူက လက်တစ်ဖက်နဲ့ စာလိပ်ကိုဖြေ၊ နောက်လက်တစ်ဖက်နဲ့ စာလိပ်ကိုပြန်လိပ်ရင်း လိုချင်တဲ့နေရာကိုရှာနိုင်တယ်။

“ကျမ်းလိပ်ရဲ့အားသာချက်က ကျမ်းလိပ်တစ်လိပ်ရဲ့အရှည်ဟာ အများအားဖြင့် ၃၃ ပေခန့် (၁၀ မီတာ) အထိ ရှိတဲ့အတွက် ကျမ်းစောင်တစ်စောင်ဟာ သိပ်မထူဘူး၊ ဒါကြောင့် လိပ်ထားလို့ရတယ်” ဆိုပြီး The Anchor Bible Dictionary က ဖော်ပြတယ်။ ဥပမာ၊ လုကာခရစ်ဝင်ကျမ်းအတွက် ကျမ်းလိပ်ဟာ အရှည် ၃၁ ပေခန့် (၉.၅ မီတာ) ရှိမယ်လို့ ခန့်မှန်းကြတယ်။ တချို့ကျမ်းလိပ်တွေမှာတော့ ကျမ်းလိပ်ရဲ့ အထက်အောက်အနားကို တိထားတယ်။ ကျမ်းလိပ်ချောမွေ့အောင် ရေမြှုပ်ကျောက်နဲ့တိုက်ပြီး အရောင်ဆိုးကြတယ်။

ခရစ်ယာန်ဂရိကျမ်းစောင်တွေမှာ ဖော်ပြထားတဲ့ “ယဇ်ပုရောဟိတ်ကြီးများ” က ဘယ်သူတွေဖြစ်နိုင်သလဲ

ဂျူးယဇ်ပုရောဟိတ်ကြီးများ

အစပိုင်း အစ္စရေးလူမျိုးရဲ့ ယဇ်ပုရောဟိတ်တာဝန် ခန့်အပ်မှုအရဆိုရင် ယဇ်ပုရောဟိတ်မင်းနေရာအတွက် တစ်ကြိမ်မှာ အမျိုးသားတစ်ဦးကိုပဲခန့်အပ်ပြီး ဒီတာဝန်က ရာသက်ပန်ဖြစ်တယ်။ (တောလည်ရာ ၃၅:၂၅) အာရုန်က ဦးဆုံးယဇ်ပုရောဟိတ်မင်းအဖြစ် ထမ်းဆောင်ခဲ့တယ်။ နောက်ပိုင်း အဖေဖြစ်သူ တာဝန်မထမ်းဆောင်နိုင်တဲ့အခါ အကြီးဆုံးသားကို လွှဲပြောင်းပေးတယ်။ (ထွက်မြောက်ရာ ၂၉:၉) အာရုန်ရဲ့ သားစဉ်မြေးဆက်ထဲက အမျိုးသားအများစုဟာ ယဇ်ပုရောဟိတ်တွေဖြစ်ခဲ့ကြပြီး အနည်းစုကသာ ယဇ်ပုရောဟိတ်မင်းတွေ ဖြစ်ခဲ့ကြတယ်။

တိုင်းတစ်ပါးလက်အောက် အစ္စရေးလူမျိုးရောက်သွားတဲ့အခါ လူမျိုးခြားအုပ်ချုပ်သူတွေက ဂျူးယဇ်ပုရောဟိတ်မင်းတွေကို စိတ်ကြိုက် ခန့်အပ်၊ ဖယ်ရှားကြတယ်။ ဒါပေမဲ့ ယဇ်ပုရောဟိတ်အသစ်တွေကိုလည်း အာရုန်မျိုးမှဆင်းသက်လာတဲ့ ယဇ်ပုရောဟိတ်မျိုးမိသားစုတွေထဲကနေ အမြဲလိုလို ရွေးချယ်ကြတယ်။ “ယဇ်ပုရောဟိတ်ကြီးများ” ဆိုတဲ့အသုံးအနှုန်းက ယဇ်ပုရောဟိတ်အဖွဲ့ရဲ့ အဓိကအဖွဲ့ဝင်တွေကို ရည်ညွှန်းမှန်းထင်ရှားတယ်။ ယဇ်ပုရောဟိတ်ကြီးတွေထဲမှာ ယဇ်ပုရောဟိတ်အဖွဲ့ ၂၄ ဖွဲ့ရဲ့ ခေါင်းဆောင်တွေ၊ ယဇ်ပုရောဟိတ်မင်း မိသားစုထဲက ထင်ပေါ်ကျော်ကြားသူတွေ၊ အန္နတ်လိုမျိုတ်ချခံခဲ့ရတဲ့ ယဇ်ပုရောဟိတ်မင်းတွေလည်း ပါဝင်နိုင်တယ်။​—၅ ဓမ္မရာဇဝင် ၂၄:၁-၁၉; မဿဲ ၂:၄; မာကု ၈:၃၁; တမန်တော် ၄:၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ