ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၆ အမှတ် ၂ စာ. ၅-၇
  • ယေရှုဘာကြောင့် ဆင်းရဲဒုက္ခခံပြီး အသက်ပေးဆက်ခဲ့တာလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုဘာကြောင့် ဆင်းရဲဒုက္ခခံပြီး အသက်ပေးဆက်ခဲ့တာလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်ခုခုလွဲချော်သွား
  • ဘုရားသခင် လုပ်ဆောင်ခဲ့ရာ
  • ဘာကြောင့် ယေရှု ဆင်းရဲဒုက္ခခံပြီး အသက်ပေးဆက်ခဲ့
  • သင်လည်း အကျိုးခံစားရနိုင်
  • ယေရှု ကယ်တင်သည်—မည်သို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ယေရှု ဘာကြောင့် သေရသလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ယေရှုရဲ့ သေခြင်းနဲ့ အသက်ပြန်ရှင်လာခြင်း—သင့်အတွက် ဘာအကျိုးရှိနိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • နောက်ဆုံးရန်သူသေခြင်းဟာ ဆုံးရှုံးခြင်းသို့ ရောက်ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
ကလ၁၆ အမှတ် ၂ စာ. ၅-၇
ကမ္ဘာသစ်မှာ လူမျိုးပေါင်းစုံ ပျော်ရွှင်စွာ အသက်ရှင်ကြ

မျက်နှာဖုံးဆောင်းပါး

ယေရှုဘာကြောင့် ဆင်းရဲဒုက္ခခံပြီး အသက်ပေးဆက်ခဲ့တာလဲ

“အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။”—ရောမ ၅:၁၂။

အာဒံနဲ့ ဧဝတို့ တားမြစ်ထားတဲ့အသီးကို ကြည့်နေကြ၊ အာဒံနဲ့ဧဝတို့ အသက်အရွယ်အိုမင်းလာ၊ ခေါင်းတလားကို သုဿန်ဆီ ပို့ဆောင်နေကြ

“ထာဝစဉ်အသက်ရှင်ချင်လား” လို့မေးရင် သင် ဘယ်လိုဖြေမလဲ။ အသက်ရှင်ချင်တာပေါ့ဆိုပြီး အများစု ပြန်ဖြေပါလိမ့်မယ်။ ဒါပေမဲ့ ထာဝစဉ်အသက်ရှင်ဖို့ ဖြစ်မှမဖြစ်နိုင်တာလို့ လူတွေထင်နေကြတယ်။ သေခြင်းတရားဆိုတာ ဓမ္မတာပဲ၊ ဖြစ်ပြီးရင် ပျက်ရမှာပေါ့လို့ လူတွေပြောကြတယ်။

အဲဒီမေးခွန်းနဲ့ဆန့်ကျင်ဘက် “သေချင်လား” လို့ မေးမယ်ဆိုရင်ကော။ ပုံမှန်အားဖြင့်တော့ လူအများစုက မသေချင်ဘူးလို့ ပြန်ဖြေကြလိမ့်မယ်။ ဒါက ဘာကိုဖော်ပြနေသလဲ။ အခက်အခဲပြဿနာတွေကြုံရတာတောင်မှ ဆက်အသက်ရှင်ချင်တာ ကျွန်ုပ်တို့ရဲ့ပင်ကိုစိတ်ပါ။ “လူစိတ်နှလုံးကိုလည်း အနန္တကာလ၌ စွဲလမ်းစေတော်မူပြီ” လို့ကျမ်းစာမှာ ဖော်ပြထားတယ်။—ဒေသနာ ၃:၁၁။

လက်တွေ့မှာ လူသားတွေ ထာဝစဉ်အသက်မရှင်ကြဘူးဆိုတာ မှန်ပါတယ်။ ဒါဆို ဘာများလွဲချော်နေသလဲ။ ဒီအခြေအနေကိုကုစားဖို့ ဘုရားသခင် တစ်ခုခုများလုပ်ဆောင်ခဲ့သလား။ ကျမ်းစာအဖြေက အားရှိစရာပါပဲ။ အဲဒီအဖြေက ယေရှု ဆင်းရဲဒုက္ခခံပြီး အသက်ပေးဆက်သွားတာနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။

တစ်ခုခုလွဲချော်သွား

သမ္မာကျမ်းစာထဲက ကမ္ဘာဦးကျမ်း၊ ဦးဆုံးအခန်းကြီး ၃ ခန်းမှာ ပထမလူသားမောင်နှံ အာဒံနဲ့ဧဝတို့ရနိုင်တဲ့ ဘုရားပေးထာဝစဉ်အသက်ရှင်ခွင့်အကြောင်း၊ ထာဝစဉ်အသက်ရှင်နိုင်ဖို့ လုပ်ဆောင်ရမယ့်အရာအကြောင်း ဖော်ပြထားတယ်။ ဒါ့အပြင် သူတို့ ဘုရားစကားနားမထောင်လို့ ထာဝစဉ်အသက်ရှင်ခွင့် ဆုံးရှုံးသွားတဲ့အကြောင်းကိုပါ ဆက်ဖော်ပြတယ်။ အဖြစ်အပျက်က သိပ်ရိုးရှင်းလွန်းလို့ တချို့က ဒါကို ရိုးရာပုံပြင်တစ်ပုဒ်လို သဘောထားကြတယ်။ ဒါပေမဲ့ ခရစ်ဝင်ကျမ်းတွေမှာလိုပဲ ကမ္ဘာဦးကျမ်းမှာလည်း တိကျမှန်ကန်တဲ့ သမိုင်းဆိုင်ရာအထောက်အထားတွေ အသေးစိတ်ပါရှိတယ်။a

အာဒံ မနာခံတဲ့အတွက် ဘာဖြစ်လာသလဲ။ ကျမ်းစာမှာ ခုလိုဖော်ပြထားတယ်– “အပြစ်တရားသည် တစ်ယောက်သောသူ [အာဒံ] အားဖြင့် ဤလောကသို့ ဝင်လာ၏။ သေခြင်းတရားသည်လည်း အပြစ်တရားအားဖြင့် ဝင်လာ၏။ သို့ဖြစ်၍ လူအပေါင်းတို့သည် အပြစ်ရှိသောကြောင့် သေခြင်းတရားသည် လူအပေါင်းတို့ထံ ပြန့်ပွားရ၏။” (ရောမ ၅:၁၂) ဘုရားသခင့်စကားနားမထောင်ဘဲ အာဒံ အပြစ်ကျူးလွန်ခဲ့တယ်။ ဒါကြောင့် သူ ထာဝစဉ်အသက်ရှင်ခွင့်ဆုံးရှုံးပြီး သေဆုံးသွားတယ်။ သူ့သားစဉ်မြေးဆက်တွေဖြစ်တဲ့ ကျွန်ုပ်တို့လည်း အပြစ်တရားကိုအမွေရပြီး မွေးဖွားလာကြတယ်။ ဒါကြောင့် ကျွန်ုပ်တို့ ဖျားနာ၊ အိုမင်းမစွမ်းဖြစ်ပြီး သေဆုံးကြရတယ်။ ကျွန်ုပ်တို့ ဘာကြောင့်သေဆုံးရတယ်ဆိုတဲ့ ဒီရှင်းပြချက်ဟာ အခုခေတ် သိပ္ပံပညာရှင်တွေလက်ခံထားတဲ့ မျိုးရိုးလိုက်ရောဂါနဲ့ သဘောတရားတူတယ်။ ဒါပေမဲ့ ဒီအခြေအနေကို ကုစားပေးဖို့ ဘုရားသခင် တစ်ခုခုလုပ်ဆောင်ခဲ့သလား။

ဘုရားသခင် လုပ်ဆောင်ခဲ့ရာ

အာဒံကြောင့် သူ့သားစဉ်မြေးဆက်တွေဆုံးရှုံးခဲ့ရတဲ့ ထာဝစဉ်အသက်ရှင်ခွင့်ပြန်ရရှိနိုင်ဖို့ ဘုရားသခင် စီစဉ်ခဲ့ပါတယ်။ ကိုယ်တော် ဘယ်လိုလုပ်ဆောင်ခဲ့သလဲ။

“အပြစ်တရား၏အခကား သေခြင်းဖြစ်၏” ဆိုပြီး ရောမ ၆:၂၃ မှာ ဖော်ပြထားတယ်။ အပြစ်ရဲ့ နောက်ဆက်တွဲဆိုးကျိုးက သေခြင်းဖြစ်တယ်။ အပြစ်လုပ်လို့ အာဒံ သေဆုံးခဲ့ရတယ်။ အလားတူ ကျွန်ုပ်တို့လည်း အပြစ်လုပ်ကြတယ်။ ဒါကြောင့် အပြစ်အတွက်အခဖြစ်တဲ့ သေခြင်းကို ရင်ဆိုင်ရတယ်။ ဒါပေမဲ့ ကျွန်ုပ်တို့သေဆုံးရတာက ကိုယ့်အပြစ်ကြောင့်မဟုတ်ဘဲ အပြစ်ရှိအနေအထားနဲ့ မွေးဖွားလာလို့ဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့အပြစ်ကြွေးတွေကျေဖို့အတွက် ဘုရားသခင်က သားတော်ယေရှုကို စေလွှတ်ခဲ့တယ်။ ဒါက ဘယ်လိုအကျိုးသက်ရောက်သလဲ။

ကမ္ဘာသစ်မှာ လူမျိုးပေါင်းစုံ ပျော်ရွှင်စွာ အသက်ရှင်ကြ

ယေရှု အသက်ပေးဆက်ခဲ့တာကြောင့် ပျော်ရွှင်ကျေနပ်ဖွယ်ကောင်းတဲ့ ထာဝရအသက်ရဖို့ လမ်းပွင့်သွား

ပြည့်ဝစုံလင်သူ၊ တစ်ယောက်သောသူ လူသားအာဒံ မနာခံမှုကြောင့် အပြစ်နဲ့သေခြင်းဝင်လာခဲ့တာဖြစ်လို့ ကျွန်ုပ်တို့ကို အပြစ်ကြွေးတွေကနေ လွတ်မြောက်အောင်လုပ်ပေးဖို့ဆိုရင် ပြည့်ဝစုံလင်သူ လူသားတစ်ဦး အသက်သေဆုံးသည့်တိုင် နာခံမှုပြဖို့ လိုအပ်တယ်။ ကျမ်းစာမှာ ဒီလိုဖော်ပြထားတယ်– “တစ်ယောက်သောသူ နာခံမှုမရှိသောကြောင့် လူအများသည် အပြစ်သားများ ဖြစ်ရ၏။ ထိုနည်းတူ တစ်ယောက်သောသူ နာခံသောကြောင့် လူအများသည် ဖြောင့်မတ်ရာသို့ ရောက်ရ၏။” (ရောမ ၅:၁၉) ယေရှုက “တစ်ယောက်သောသူ” ဖြစ်တယ်။ ကိုယ်တော်ဟာ ကောင်းကင်ကိုစွန့်ခွာ၊ စုံလင်သူလူသားတစ်ဦးbဖြစ်လာပြီး ကျွန်ုပ်တို့အတွက် အသက်ပေးဆက်သွားတယ်။ ဒါကြောင့် ကျွန်ုပ်တို့ဟာ ဘုရားသခင်ရှေ့ ဖြောင့်မတ်တဲ့အနေအထားရှိနိုင်ပြီး ထာဝစဉ်အသက်ရှင်ဖို့အခွင့်အလမ်း ပွင့်သွားတယ်။

ဘာကြောင့် ယေရှု ဆင်းရဲဒုက္ခခံပြီး အသက်ပေးဆက်ခဲ့

ယေရှု အသက်ပေးဆက်ဖို့ ဘာကြောင့်လိုအပ်ရတာလဲ။ အနန္တတန်ခိုးရှင်ဘုရားသခင်အနေနဲ့ အာဒံရဲ့သားစဉ်မြေးဆက်တွေ ထာဝစဉ်အသက်ရှင်နိုင်အောင် အမိန့်ထုတ်ပြန်လိုက်လို့ မရဘူးလား။ ဘုရားသခင်မှာ အဲဒီလိုလုပ်နိုင်တဲ့ အခွင့်အာဏာရှိပေမဲ့ အဲဒီလိုလုပ်လိုက်မယ်ဆိုရင် အပြစ်ရဲ့အခက သေခြင်းဖြစ်တယ်ဆိုတဲ့ မိမိထုတ်ပြန်ထားတဲ့ဥပဒေကို မလေးစားရာရောက်ပါလိမ့်မယ်။ ဥပဒေဆိုတာ အခြေအနေပေါ်မူတည်ပြီး ပယ်ဖျက်နိုင်၊ ပြောင်းလဲနိုင်တဲ့ စည်းမျဉ်းတစ်ခု မဟုတ်ပါဘူး။ စစ်မှန်တဲ့တရားမျှတမှုအတွက် မဏ္ဍိုင်ဖြစ်ပါတယ်။—ဆာလံ ၃၇:၂၈။

ဒီကိစ္စမှာ ဘုရားသခင်က တရားမျှတမှုကို ဘေးချိတ်လိုက်မယ်ဆိုရင် တခြားကိစ္စတွေကိုလည်း ဒီလိုလုပ်မှာပဲဆိုပြီး လူတွေ သံသယဝင်ကြပါလိမ့်မယ်။ ဥပမာ– အာဒံရဲ့သားမြေးတွေထဲက ဘယ်သူတွေဟာ ထာဝရအသက် ရထိုက်သူတွေလို့ ဆုံးဖြတ်တဲ့ကိစ္စမှာရော ကိုယ်တော် တရားမျှတပါ့မလား။ ကိုယ်တော့် ကတိတွေကိုရော ယုံကြည်စိတ်ချလို့ရပါ့မလား။ ကျွန်ုပ်တို့ကိုကယ်တင်ဖို့ လုပ်ဆောင်ရာမှာ တရားမျှတမှုကိုမြဲမြဲကိုင်စွဲတဲ့အတွက် ဘုရားသခင့်လုပ်ရပ်တိုင်းဟာ အမြဲမှန်ကန်မယ်ဆိုတာ ယုံကြည်စိတ်ချနိုင်တယ်။

ယေရှုအသေခံခဲ့တာကြောင့် သာယာလှပတဲ့မြေကြီးပေါ်ထာဝစဉ် အသက်ရှင်ခွင့်ကို ဘုရားသခင် လမ်းဖွင့်ပေးနိုင်ခဲ့တယ်။ ယောဟန် ၃:၁၆ ပါ ယေရှုရဲ့စကားတွေကို မှတ်သားပါ– “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်းတင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်ဘဲ၊ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသော သားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။” ယေရှုရဲ့သေခြင်းက ဘုရားသခင်ရဲ့ မယိမ်းယိုင်တဲ့တရားမျှတမှုကိုသာမက လူသားတွေအပေါ်ထားရှိတဲ့ ဘုရားသခင့်မေတ္တာကြီးမားမှုကိုပါ ဖော်ပြနေတယ်။

ဒါပေမဲ့ ခရစ်ဝင်ကျမ်းဖော်ပြချက်အတိုင်း နာကျင်မှုဝေဒနာ မချိမဆံ့ခံစားပြီး ယေရှု ဘာကြောင့် သေရတာလဲ။ ယေရှုဟာ အပြင်းထန်ဆုံးစမ်းသပ်မှုကြားမှာ သစ္စာတည်ကြည်ခြင်းအားဖြင့် အခက်အခဲကြုံရချိန်မှာ ဘယ်လူသားမှ ဘုရားသခင်အပေါ် သစ္စာမရှိနိုင်ဘူးဆိုတဲ့ မာရ်နတ်ရဲ့စွပ်စွဲချက်မှားကြောင်း တစ်ခါတည်းနဲ့အပြီး ဖြေရှင်းပေးခဲ့တယ်။ (ယောဘ ၂:၄၊ ၅) စုံလင်သူလူသားအာဒံကို အပြစ်ပြုအောင် စာတန်သွေးဆောင်နိုင်ခဲ့လို့ သူ့စွပ်စွဲချက်က မှန်သယောင်ရှိတယ်။ ဒါပေမဲ့ အာဒံလိုပဲ စုံလင်သူလူသားဖြစ်တဲ့ ယေရှုဟာ အကြီးအကျယ်ဝေဒနာခံစားနေရတဲ့ကြားကနေ နာခံမှုတင်ပြခဲ့တယ်။ (၁ ကောရိန္သု ၁၅:၄၅) ဒါကြောင့် ဘုရားသခင်ကိုနာခံဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် အာဒံလည်းပဲ နာခံမှုပြနိုင်ကြောင်း ကိုယ်တော် သက်သေပြခဲ့တယ်။ အခက်အခဲစမ်းသပ်မှုတွေကိုခံရပ်ခြင်းအားဖြင့် ကျွန်ုပ်တို့အတွက် ယေရှု ပုံသက်သေထားခဲ့တယ်။ (၁ ပေတရု ၂:၂၁) မြေဝယ်မကျနာခံမှုပြခဲ့တဲ့ သားတော်ကို ဖခင်ဘုရားသခင်က မသေနိုင်တဲ့ကောင်းကင်အသက်ဆု ချခဲ့တယ်။

သင်လည်း အကျိုးခံစားရနိုင်

ယေရှုရဲ့သေခြင်းက တကယ်ဖြစ်ပျက်ခဲ့တာပါ။ ထာဝစဉ်အသက်ရှင်ဖို့ အခွင့်အလမ်းရှိပါတယ်။ သင် ထာဝစဉ်အသက်ရှင်လိုပါသလား။ ကျွန်ုပ်တို့လုပ်ဆောင်ရမယ့်အပိုင်းနဲ့ပတ်သက်ပြီး ယေရှု အခုလိုပြောခဲ့ပါတယ်– “ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသောကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်။” —ယောဟန် ၁၇:၃။

ဒီမဂ္ဂဇင်းထုတ်ဝေသူတွေက စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါနဲ့ သားတော်ယေရှုခရစ်တို့အကြောင်း သင်ပိုသိလာအောင် ကူညီပေးချင်ပါတယ်။ သင့်ဒေသအနီးတစ်ဝိုက်က ယေဟောဝါသက်သေတွေ သင့်ကို ဝမ်းသာအားရ ကူညီပေးပါလိမ့်မယ်။ ထပ်သိချင်တယ်ဆိုရင် ကျွန်ုပ်တို့ရဲ့ဝက်ဘ်ဆိုက် www.pr2711.com/mya ကို ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

a ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ “သမ္မာကျမ်းစာအပေါ် ထိုးထွင်းအမြင်” (Insight on the Scriptures) စာအုပ် အတွဲ ၁၊ စာမျက်နှာ ၉၂၂ က “The Historical Character of Genesis” ကိုကြည့်ပါ။

b ဘုရားသခင်က ကောင်းကင်မှာရှိတဲ့ သားတော်အသက်ကို မာရိရဲ့သားအိမ်ထဲ ပြောင်းရွှေ့ပေးခြင်းအားဖြင့် ပဋိသန္ဓေစွဲစေခဲ့တယ်။ ဘုရားသခင့်သန့်ရှင်းသောစွမ်းအားတော်က မာရိရဲ့မစုံလင်မှုတွေ ယေရှုဆီ မကူးစက်အောင် ကာကွယ်ပေးခဲ့တယ်။—လုကာ ၁:၃၁၊ ၃၅။

သတိရအောက်မေ့ရာပွဲမှာ တဆေးမဲ့မုန့် လက်ဆင့်ကမ်းပေးနေ

“ဤသို့ပြုလျက်နေကြလော့”

ယေရှု မသေဆုံးခင်ညမှာ သစ္စာရှိတမန်တော်တွေနဲ့အတူစုရုံးပြီး မိမိရဲ့သေခြင်းကို သတိရအောက်မေ့တဲ့ပွဲကို အစပြုကျင်းပပေးခဲ့တယ်။ “ငါ့ကိုအောက်မေ့ရန် ဤသို့ပြုလျက်နေကြလော့” ဆိုပြီး သူတို့ကို ကိုယ်တော်ပြောခဲ့တယ်။ (လုကာ ၂၂:၁၉) ဒီမိန့်မှာချက်ကိုနာခံတဲ့အနေနဲ့ ကမ္ဘာတစ်ဝန်းက ယေဟောဝါသက်သေတွေဟာ ယေရှုရဲ့သေခြင်းနှစ်ပတ်လည်အခမ်းအနားကို နှစ်စဉ်ကျင်းပကြတယ်။ ပြီးခဲ့တဲ့နှစ်မှာ တက်ရောက်သူ ၁၉,၈၆၂,၇၈၃ ယောက် ရှိပါတယ်။

ယေရှုရဲ့သေခြင်းအောက်မေ့ရာပွဲကို ဒီနှစ် မတ် ၂၃၊ ဗုဒ္ဓဟူးနေ့ နေဝင်ပြီးနောက်ပိုင်း ကျင်းပမှာဖြစ်ပါတယ်။ ကျမ်းစာအခြေပြုဟောပြောချက်တစ်ခုကို သင်နဲ့ သင့်မိသားစု၊ မိတ်ဆွေတွေပါ လာရောက်နားထောင်ဖို့ လှိုက်လှဲစွာဖိတ်ခေါ်ပါတယ်။ ယေရှုရဲ့သေခြင်းက ဘာကြောင့် အရေးကြီးတယ်၊ သင့်အတွက် ဘယ်လိုအကျိုးရှိစေနိုင်တယ်ဆိုတာ သိခွင့်ရပါမယ်။ အခမဲ့ဖြစ်ပြီး အလှူငွေလည်း မကောက်ခံပါဘူး။ အောက်မေ့ရာပွဲကျင်းပမယ့် နေရာနဲ့အချိန်ကိုသိနိုင်ဖို့ သင့်ဒေသက ယေဟောဝါသက်သေတွေနဲ့ ဆက်သွယ်မေးမြန်းပါ၊ ဒါမှမဟုတ် အသေးစိတ်သိချင်ရင် www.pr2711.com/mya ဝက်ဘ်ဆိုက်မှာ ဝင်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ