ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၆ အမှတ် ၂ စာ. ၁၁-၁၃
  • ကြိုတင်သတိပေးချက်ကို လိုက်နာခြင်းက အသက်အန္တရာယ်မှလွတ်မြောက်စေနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြိုတင်သတိပေးချက်ကို လိုက်နာခြင်းက အသက်အန္တရာယ်မှလွတ်မြောက်စေနိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တစ်ပြိုင်နက်ဖြစ်ပျက်နေတဲ့ ကမ္ဘာ့အခြေအနေတွေကို ဂရုပြုပါ
  • ဘုရားသခင့်မေတ္တာဖော်ပြချက်
  • ဘေးကင်းရာဆီ ထွက်ပြေးပါ
  • အဆုံး ဘယ်တော့ ရောက်လာမလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၂၁
  • အဆုံးနဲ့ပတ်သက်တဲ့ မေးခွန်းလေးခုရဲ့ အဖြေများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ၂၀၁၁ ဂျပန်ဆူနာမီမှ လွတ်မြောက်လာသူတချို့ရဲ့ ပြောပြရာများ
    နိုးလော့!—၂၀၁၁
  • ဘုရားသခင့်ရည်ရွယ်ချက် ပြည့်စုံလုနီးပြီ
    ဘဝ ရည်ရွယ်ချက်ကား အဘယ်နည်း ယင်းကိုသင်မည်သို့ရှာတွေ့နိုင်သနည်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၆
ကလ၁၆ အမှတ် ၂ စာ. ၁၁-၁၃
ဆူနာမီဒဏ်ကြောင့် အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းက ကမ်းရိုးတန်းတစ်ခု ပျက်စီးသွား

ကြိုတင်သတိပေးချက်ကို လိုက်နာခြင်းက အသက်အန္တရာယ်မှလွတ်မြောက်စေနိုင်

၂၀၀၄၊ ဒီဇင်ဘာ ၂၆ မှာ အင်ဒိုနီးရှားနိုင်ငံ၊ ဆူမားတြားကျွန်းကမ်းရိုးတန်း အနောက်မြောက်ဘက်ပိုင်းနားက ဆင်မျူလို့ကျွန်းကို အင်အား ၉.၁ ရှိတဲ့ ငလျင်တစ်ခုလှုပ်ခတ်သွားတယ်။ အဲဒီအချိန် ကမ်းခြေမှာရှိသူတိုင်း ပင်လယ်ပြင်ကို စိုးရိမ်တကြီးကြည့်နေခိုက် ပင်လယ်ဒီရေဟာ တစ်ဟုန်ထိုး,ထိုးဆင်းသွားတယ်။ ဆူနာမီအတွက် သူတို့ဒေသအခေါ် “ဆမွန်၊ ဆမွန်” လို့အော်ပြီး တောင်ကုန်းပေါ် လူတိုင်း အလောတကြီး ပြေးတက်သွားကြတယ်။ မိနစ်သုံးဆယ်အတွင်းမှာပဲ ရေလှိုင်းလုံးကြီးတွေ ကမ်းခြေဆီတဟုန်ထိုးတက်လာပြီး ကျေးရွာတွေ၊ အိမ်တွေကို ဆွဲချဖျက်ဆီးပစ်လိုက်တယ်။

ဆူနာမီရေလှိုင်း ရိုက်ခတ်ခဲ့တဲ့ ဦးဆုံးဒေသက ဆင်မျူလို့ကျွန်းဖြစ်တယ်။ အဲဒီကျွန်းမှာ ကျွန်းသူကျွန်းသားပေါင်း ၇၈,၀၀၀ ရှိပြီး ၇ ယောက်ပဲ သေဆုံးခဲ့တယ်။ ဘာကြောင့် အသေအပျောက်နည်းရတာလဲ။a ကျွန်းသူကျွန်းသားတွေကြား ပြောလေ့ရှိတာက “အင်အားပြင်းငလျင်တစ်ခုလှုပ်ပြီး ပင်လယ်ရေတွေ ထိုးကျသွားပြီဆိုရင် တောင်ကုန်းပေါ်သာ ပြေးပေတော့။ ခဏနေ ပင်လယ်ရေလှိုင်းကြီးတွေ ကမ်းခြေဆီ တဝုန်းဝုန်းတက်လာတော့မှာ။” ဆင်မျူလို့ကျွန်းသားတွေဟာ အရင်တုန်းကအတွေ့အကြုံတွေအရ ပင်လယ်ပြင်အပြောင်းအလဲကိုကြည့်ပြီး ဆူနာမီဖြစ်လာတော့မယ်ဆိုတာကို သိရှိခဲ့ကြတယ်။ ကြိုတင်သတိပေးချက်ကိုလိုက်နာခဲ့လို့ သူတို့ အသက်ဘေးကနေ လွတ်မြောက်ခဲ့ကြတယ်။

ဖြစ်လာတော့မယ့် ဖျက်ဆီးခြင်းဘေးအကြောင်း ကျမ်းစာမှာ အခုလိုပြောထားပါတယ်– “ဤလောကတည်ချိန်မှစ၍ ယခုတိုင်အောင် မဖြစ်စဖူး၊ နောင်လည်း ဖြစ်မည်မဟုတ်သည့် ကြီးစွာသောဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။” (မဿဲ ၂၄:၂၁) ကမ္ဘာမြေ ထာဝစဉ်တည်ရှိဖို့ ဘုရားသခင်ရည်ရွယ်ထားတာကြောင့် အခုဘေးဒဏ်က တာဝန်မဲ့တဲ့လူသားတွေရဲ့ လုပ်ရပ်ကြောင့်၊ ကြီးမားတဲ့သဘာဝဘေးဒဏ်တွေကြောင့် ကမ္ဘာဂြိုဟ်ပျက်စီးသွားမှာကို ပြောနေတာမဟုတ်ပါဘူး။ (ဒေသနာ ၁:၄) အဲဒီအစား ဖြစ်လာတော့မယ့်ဘေးဒဏ်က ‘မြေကြီးကို ဖျက်ဆီးသောသူတို့ကို ဘုရားသခင် ဖျက်ဆီး’ ပစ်မယ်၊ ဆိုးသွမ်းမှု၊ ဆင်းရဲဒုက္ခအားလုံးကို ဘုရား အဆုံးတိုင်စေမယ်ဆိုတာကို ဆိုလိုနေတာဖြစ်တယ်။ (ဗျာဒိတ် ၁၁:၁၈; သုတ္တံ ၂:၂၂) သိပ်ကောင်းတဲ့ အနာဂတ်ပါပဲ။

ဒီအပြင် ဖြစ်လာတော့မယ့်ဖျက်ဆီးခြင်းဘေးက ဆူနာမီ၊ ငလျင်၊ မီးတောင်ပေါက်ကွဲမှုတို့လို အပြစ်မဲ့လူသားတွေကို သိမ်းကျုံးသေကြေပျက်စီးစေမှာ မဟုတ်ဘူး။ အကြောင်းကတော့ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်တော်မူ၏” ဆိုပြီး ကျမ်းစာမှာဖော်ပြထားလို့ဖြစ်တယ်။ “ဖြောင့်မတ်သောသူတို့သည် ပြည်တော် [မြေကြီး] ကိုအမွေခံ၍ အစဉ်အမြဲနေရကြလိမ့်မည်” ဆိုပြီးတော့လည်း ယေဟောဝါအမည်ရှိတဲ့ဘုရား ကတိပြုထားတယ်။ (၁ ယောဟန် ၄:၈; ဆာလံ ၃၇:၂၉) ဖြစ်လာတော့မယ့်ဖျက်ဆီးခြင်းဘေးကနေ သင် ဘယ်လိုကပ်ကျော်နိုင်မလဲ၊ ကောင်းချီးတွေ ဘယ်လိုခံစားနိုင်မလဲ။ အဓိကအချက်ကတော့ ကြိုတင်သတိပေးချက်ကို လိုက်နာခြင်းပါပဲ။

တစ်ပြိုင်နက်ဖြစ်ပျက်နေတဲ့ ကမ္ဘာ့အခြေအနေတွေကို ဂရုပြုပါ

ဆိုးသွမ်းမှု၊ ဆင်းရဲဒုက္ခအားလုံးကို အဆုံးတိုင်စေမယ့် နေ့ရက်အတိအကျကို ကျွန်ုပ်တို့ မသိနိုင်ဘူး။ ဘာကြောင့်လဲ၊ ယေရှု အခုလို ပြောခဲ့လို့ပါ– “ထိုနေ့ရက်နှင့် အချိန်နာရီကိုကား မည်သူမျှမသိ။ ကောင်းကင်တမန်တို့လည်း မသိ။ သားတော်လည်း မသိ။ ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။” ဒါပေမဲ့ “စောင့်နေကြ” ဖို့ ကျွန်ုပ်တို့ကို ယေရှု အားပေးခဲ့ပါတယ်။ (မဿဲ ၂၄:၃၆; ၂၅:၁၃) ဘာကို စောင့်ရမှာလဲ။ ဘုရားရဲ့ဖျက်ဆီးခြင်းဘေးမလာခင် ဖြစ်လာမယ့် ကမ္ဘာအခြေအနေတွေအကြောင်း ကျမ်းစာမှာဖော်ပြထားတယ်။ ဆင်မျူလို့ကျွန်းသားတွေအတွက် ဒီရေအပြောင်းအလဲက ဆူနာမီလာတော့မယ့် သတိပေးချက်ဖြစ်သလို ကျွန်ုပ်တို့အားလုံးအတွက် တစ်ပြိုင်နက်ဖြစ်ပျက်နေတဲ့ ကမ္ဘာ့အခြေအနေတွေက မကြာခင် ဖျက်ဆီးခြင်းဘေးရောက်လာတော့မယ်ဆိုတဲ့ သတိပေးချက်ဖြစ်တယ်။ ကျမ်းစာကြိုပြောထားတဲ့ ထူးထူးခြားခြားအပြောင်းအလဲတချို့ ဖြစ်ပျက်နေမှန်း ပူးတွဲပါလေးထောင့်ကွက်က ဖော်ပြနေပါတယ်။

ဟိုးအရင်တုန်းကလည်း လေးထောင့်ကွက်ထဲက အဖြစ်အပျက်တစ်ခုချင်းစီဟာ အတိုင်းအတာတစ်ခုထိ ဖြစ်ပျက်ခဲ့တာတော့ မှန်ပါတယ်။ ဒါပေမဲ့ “ထိုအခြင်းအရာအလုံးစုံတို့ကို” မြင်ရပြီဆိုရင် ဖျက်ဆီးခြင်းဘေးနီးပြီဆိုတာ ကျွန်ုပ်တို့သိကြလိမ့်မယ်လို့ ယေရှုပြောခဲ့တယ်။ (မဿဲ ၂၄:၃၃) ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးကြည့်ပါ– ယေရှုပြောခဲ့တဲ့ ထိုအခြင်းအရာအလုံးစုံတွေက ‘(၁) တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ (၂) တပြိုင်နက်ဖြစ်ပျက်နေပြီး (၃) ဆိုးသည်ထက်ဆိုးလာ’ နေတဲ့အချိန်က လူ့သမိုင်းရဲ့ ဘယ်အချိန်မှာလဲ။ ကျွန်ုပ်တို့အသက်ရှင်နေတဲ့ ဒီနေ့အချိန်ပါပဲ။

ဘုရားသခင့်မေတ္တာဖော်ပြချက်

“ကြိုတင်သတိပေးစနစ်တွေက . . . အသက်ကယ်တယ်” လို့ အမေရိကန်သမ္မတဟောင်းတစ်ဦး ပြောခဲ့တယ်။ ၂၀၀၄ ဆူနာမီပြီးနောက် အနာဂတ်မှာ ထိခိုက်သေကြေပျက်စီးဆုံးရှုံးမှုနည်းအောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဘေးသင့်ဒေသတွေမှာ ကြိုတင်သတိပေးစနစ်တွေ တပ်ဆင်ကြတယ်။ အဲဒီလိုပါပဲ၊ ဖျက်ဆီးခြင်းဘေးမလာခင် သိရှိထားသင့်တဲ့ ကြိုတင်သတိပေးချက်တွေကို ဘုရားသခင် ပြင်ဆင်ပေးထားပါတယ်။ ဒါနဲ့ပတ်သက်ပြီး ကျမ်းစာမှာ အခုလိုကြိုပြောထားတယ်– “လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်။”—မဿဲ ၂၄:၁၄။

လွန်ခဲ့တဲ့တစ်နှစ်အတွင်းမှာပဲ ယေဟောဝါသက်သေတွေဟာ နိုင်ငံပေါင်း ၂၄၀ နိုင်ငံမှာ သတင်းကောင်းဟောပြောဖို့ နာရီပေါင်း ၁.၉ ဘီလီယံကျော် အသုံးပြုခဲ့ပြီး ဘာသာစကားပေါင်း ၇၀၀ ကျော်နဲ့ဟောပြောခဲ့တယ်။ အဲဒီလို ကျယ်ကျယ်ပြန့်ပြန့်ဟောပြောခြင်းက အဆုံးနီးလာပြီဆိုတဲ့ ခိုင်မာတဲ့အထောက်အထားပါပဲ။ လူလူချင်းကိုချစ်တဲ့မေတ္တာကြောင့် ယေဟောဝါသက်သေတွေဟာ မကြာခင်မှာဖြစ်လာမယ့် ဘုရားသခင့်တရားစီရင်ရာနေ့အကြောင်း တခြားသူတွေကို မပြတ်သတိပေးနေကြပါတယ်။ (မဿဲ ၂၂:၃၉) အခုလိုသတိပေးချက်ကနေ သိရတာက သင့်ကို ယေဟောဝါဘုရားသခင် ချစ်တယ်ဆိုတဲ့အချက်ပဲ။ “မည်သူမျှ ဖျက်ဆီးခြင်းမခံရဘဲ ရှိသမျှတို့သည် နောင်တရစေရန် [ဘုရားသခင်] အလိုရှိသောကြောင့် သင်တို့အပေါ် စိတ်ရှည်တော်မူ၏” ဆိုတဲ့အချက်ကို မှတ်သားထားပါ။ (၂ ပေတရု ၃:၉) သင်အနေနဲ့ ဘုရားသခင့်မေတ္တာကိုတုံ့ပြန်ပြီး ကြိုတင်သတိပေးချက်ကို လိုက်နာမလား။

ဘေးကင်းရာဆီ ထွက်ပြေးပါ

ဆင်မျူလို့ကျွန်းသားတွေဟာ ပင်လယ်ရေ ထိုးဆင်းသွားတာကိုမြင်တာနဲ့ ရေပြန်တက်လာတဲ့အထိမစောင့်ဘဲ ကုန်းမြင့်ပေါ် ချက်ချင်းထွက်ပြေးသွားကြောင်း သတိရပါ။ သူတို့ မြန်မြန်ဆန်ဆန် ထွက်ပြေးခဲ့လို့ အသက်ချမ်းသာရာရခဲ့တာ။ လာမယ့်ဖျက်ဆီးခြင်းဘေးကနေ လွတ်မြောက်ဖို့ဆိုရင် သင်အနေနဲ့လည်း အချိန်မနှောင်းခင် ပိုမြင့်တဲ့ကုန်းမြင့်ဆီ ထွက်ပြေးဖို့လိုပါတယ်။ ဘယ်လိုနည်းနဲ့လဲ။ ကျွန်ုပ်တို့အသက်ရှင်နေကြတဲ့ “နောက်ဆုံးကာလ” မှာ အကျယ်တဝင့်လုပ်ဆောင်မယ့် အားရှိစရာဖိတ်ခေါ်ချက်တစ်ခုအကြောင်းရေးသားဖို့ ကြိုဟောသူဟေရှာယကို ဘုရားသခင် စေခိုင်းခဲ့ပါတယ်– ‘ထာဝရဘုရား၏တောင်တော်သို့ တက်သွားကြကုန်အံ့။ [ဘုရားသခင်သည်] လမ်းခရီးတော်တို့ကို ပြသသွန်သင်တော်မူ၍ ငါတို့သည် ခြေတော်ရာသို့ လိုက်သွားကြမည်။’—ဟေရှာယ ၂:၂၊ ၃။

တောင်ထိပ်ဆီတက်သွားတာကြောင့် အနီးပတ်ဝန်းကျင်ကို သင် ကောင်းကောင်းမြင်နိုင်ပြီး လုံခြုံစိတ်ချရတဲ့နေရာတစ်ခုလည်း ရရှိမှာဖြစ်တယ်။ အဲဒီလိုပါပဲ၊ ကျမ်းစာဖတ်ပြီး ဘုရားသခင့်နည်းလမ်းကို သိလာတာကြောင့် ကမ္ဘာတစ်ဝန်းက လူသန်းပေါင်းများစွာဟာ သူတို့ဘဝအတွက် အကျိုးရှိစေမယ့်ပြောင်းလဲမှုတွေ လုပ်နိုင်ခဲ့ကြတယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇) အဲဒီလိုလုပ်တာက ‘ဘုရားသခင့်လမ်းစဉ်အတိုင်း လျှောက်လှမ်း’ နေတာဖြစ်ပြီး ကိုယ်တော့်မျက်နှာသာနဲ့ ကာကွယ်ပေးမှု ရရှိမှာဖြစ်ပါတယ်။

အဆိုပါဖိတ်ခေါ်ချက်ကိုလက်ခံပြီး ခက်ခဲကျပ်တည်းတဲ့နောက်ဆုံးကာလမှာ ဘုရားသခင် မေတ္တာပါပါ ကာကွယ်စောင့်ရှောက်ပေးတာကို လိုချင်ပါသလား။ ဒီဆောင်းပါးထဲက လေးထောင့်ကွက်မှာဖော်ပြထားတဲ့ “နောက်ဆုံးကာလ” နဲ့ပတ်သက်တဲ့ ကျမ်းစာအထောက်အထားတွေကို သင်ကိုယ်တိုင် သေချာဆန်းစစ်ကြည့်ဖို့ ကျွန်ုပ်တို့ တိုက်တွန်းလိုပါတယ်။ သင့်ဒေသမှာရှိတဲ့ ယေဟောဝါသက်သေတွေက သင် ကျမ်းစာအကြောင်း ပိုရှင်းရှင်းလင်းလင်းသိလာပြီး လက်တွေကျင့်သုံးဖို့ လိုအပ်တဲ့ဘယ်အရာကိုမဆို ဝမ်းမြောက်ဝမ်းသာ ကူညီပေးဖို့အသင့်ပါပဲ။ ဒါမှမဟုတ် သင် သိချင်တာတွေကို ကျွန်ုပ်တို့ရဲ့ဝက်ဘ်ဆိုက် www.pr2711.com/mya မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ဒီခေါင်းစဉ်အောက်မှာကြည့်ပါ သမ္မာကျမ်းစာသွန်သင်ချက်များ > သမ္မာကျမ်းစာမေးခွန်းတွေရဲ့ အဖြေ။

a ၂၀၀၄ ဆူနာမီရေလှိုင်းဒဏ်ကြောင့် လူ ၂၂၀,၀၀၀ ကျော် သေဆုံးခဲ့ရတယ်။ လူ့သမိုင်းမှာ သေကြေပျက်စီးမှုအများဆုံး ဆူနာမီစာရင်းအဝင်ဖြစ်တယ်။

အဆုံးနီးပြီဖြစ်ကြောင်း ဖော်ပြပေးတဲ့ သိသာထင်ရှား ကမ္ဘာ့ဖြစ်ရပ်များ

အမြောက်တစ်လက်

စစ်ပွဲ၊ ပဋိပက္ခတိုးများလာ

“သင်တို့သည် ရပ်နီးရပ်ဝေးမှ စစ်မက်သတင်းများကို ကြားရလိမ့်မည်။ သို့ရာတွင် ထိတ်လန့်ခြင်း မရှိကြနှင့်။ ထိုအမှုအရာတို့သည် ဖြစ်ပျက်ရမည်။ သို့သော် အဆုံးသည် မရောက်သေး။ လူတစ်မျိုးနှင့်တစ်မျိုး၊ တစ်နိုင်ငံနှင့်တစ်နိုင်ငံ တိုက်ခိုက်ကြလိမ့်မည်။ . . . ထိုအမှုအရာ အလုံးစုံတို့သည် ဆင်းရဲဒုက္ခ၏အစဖြစ်၏။”—မဿဲ ၂၄:၆–၈။

ဆာလောင်ငတ်ပြတ်နေတဲ့ ကလေးများ

ရောဂါနဲ့ အငတ်ဘေး

“ကပ်ရောဂါများ၊ အစာခေါင်းပါးခြင်းများသည် တစ်နေရာပြီး တစ်နေရာ၌ ဖြစ်လိမ့်မည်။” —လုကာ ၂၁:၁၁။

လက်ထိတ်ခတ်ခံထားရတဲ့ ဓမ္မဆရာ

မတရားမှုနဲ့ ဘာသာရေးပဋိပက္ခ တိုးများလာ

“ပရောဖက်အတုအယောင် များစွာပေါ်လာ၍ လူတို့ကို လှည့်ဖြားကြလိမ့်မည်။ မတရားသောအမှုတို့သည် တိုးပွားသဖြင့် လူအများစုတို့တွင် ချစ်ခြင်းမေတ္တာ ခေါင်းပါးလိမ့်မည်။”—မဿဲ ၂၄:၁၁၊ ၁၂။

လိင်တူချင်း လက်ထပ်ပေးနေတဲ့ ဓမ္မဆရာတစ်ဦး

စာရိတ္တစံနှုန်းတွေ မယုံနိုင်လောက်အောင် ထိုးကျသွား

“နောက်ဆုံးသောနေ့ရက်များသည် ခက်ခဲကျပ်တည်းသောကာလ ဖြစ်မည်ကို သိမှတ်လော့။ အကြောင်းမူကား လူတို့သည် ကိုယ့်ကိုယ်ကိုယ်ချစ်သူ၊ ငွေကိုတပ်မက်သူ၊ ဘဝင်မြင့်သူ၊ မောက်မာသူ၊ စော်ကားသူ၊ မိဘစကားနားမထောင်သူ၊ ကျေးဇူးကန်းသူ၊ သစ္စာမရှိသူ၊ မိသားစုချစ်ခင်စုံမက်ခြင်းမရှိသူ၊ ဖီလာဆန့်ကျင်တတ်သူ၊ အသရေဖျက်သူ၊ ချုပ်တည်းခြင်းမရှိသူ၊ ကြမ်းကြုတ်သူ၊ ကောင်းမြတ်ခြင်းကို မနှစ်သက်သူ၊ သစ္စာဖောက်သူ၊ ခေါင်းမာသူ၊ မာနထောင်လွှားသူ” တွေဖြစ်ကြလိမ့်မည်။—၂ တိမောသေ ၃:၁–၄။

လက်တွန်းစင်နားမှာရပ်နေတဲ့ ယေဟောဝါသက်သေတွေက လူတစ်ဦးကို ကျမ်းစာအကြောင်းပြောပြနေ

ကမ္ဘာတစ်ဝန်းမှာ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြော

“လူမျိုးအပေါင်းတို့အတွက် သက်သေဖြစ်စေရန် နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို လူနေရာ မြေတစ်ပြင်လုံး၌ ဟောပြောရလိမ့်မည်။ သို့ပြီးမှ အဆုံးသည် ရောက်လိမ့်မည်။”—မဿဲ ၂၄:၁၄။

လက်ခါငြင်းဆန်နေသူ အမျိုးသမီး

အဆုံးနီးနေပြီဆိုတာကို ပြစ်တင်ဝေဖန်သူတွေ လက်မခံ

“နောက်ဆုံးသောနေ့ရက်များတွင် ပြက်ရယ်ပြုတတ်သူတို့သည် ပြက်ရယ်ပြုသောစကားနှင့် ပေါ်လာကြလိမ့်မည်။ . . . ‘ကိုယ်တော်ရောက်ရှိမည်ဟူသော ကတိတော်သည် အဘယ်မှာနည်း။ ငါတို့၏ဘိုးဘေးများ သေခြင်း၌ အိပ်ပျော်သည့်နေ့မှစ၍ အရာခပ်သိမ်းသည် ဖန်ဆင်းစကကဲ့သို့ ဖြစ်မြဲဖြစ်နေ၏’ ဟုပြောဆိုကြ၏။” —၂ ပေတရု ၃:၃၊ ၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ