ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၇ အမှတ် ၁ စာ. ၄
  • ဘယ်လို စတင်ဖတ်ရှုမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘယ်လို စတင်ဖတ်ရှုမလဲ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာဖတ်တဲ့အခါ အကျိုးအပြည့်အဝ ရနိုင်ပုံ
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
  • ဖတ်ရှုခြင်းတွင် လုံ့လထုတ်ပါ
    သီအိုကရက်တစ်ကျောင်းပညာရေးမှ အကျိုးရယူ
  • မည်သို့ဖတ်၍ မှတ်မိနိုင်ပုံ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • သမ္မာကျမ်းစာကို နေ့စဉ်ဖတ်ရှုခြင်းမှ အကျိုးခံစားခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
ကလ၁၇ အမှတ် ၁ စာ. ၄

မျက်နှာဖုံးဆောင်းပါး | ကျမ်းစာက ဘဝကို တိုးတက်စေနိုင်ပုံ

ဘယ်လို စတင်ဖတ်ရှုမလဲ

ကျမ်းစာမဖတ်ခင် ဆုတောင်းနေတဲ့ အမျိုးသမီး

ကျမ်းစာကို စိတ်ဝင်တစား ဖတ်ရှုပြီး အဲဒီကနေ အကျိုးအပြည့်အဝရအောင် ဘယ်လိုလုပ်နိုင်မလဲ။ လူအများစုအတွက် အကျိုးရှိခဲ့တဲ့ အကြံပြုချက် ၅ ခုကို ကြည့်ရအောင်။

သင့်တော်တဲ့ဝန်းကျင်ကို ရွေးချယ်ပါ။ တိတ်ဆိတ်တဲ့ နေရာကို ရှာပါ။ အနှောင့်အယှက်မရှိမှဘဲ ဖတ်တဲ့အရာကို အာရုံစိုက်နိုင်မယ်။ အလင်းရောင်နဲ့ လေကောင်းလေသန့် ကောင်းကောင်းရတယ်ဆိုရင် ဖတ်ရှုရတာ ပိုအဆင်ပြေပါတယ်။

သဘောထားအမှန်ရှိပါ။ ကျမ်းစာဟာ ကောင်းကင်ဖခင်ဆီက ဖြစ်တာမို့ မိဘဆီကနေ သင်ယူဖို့ အသင့်ဖြစ်နေတဲ့ ကလေးတစ်ယောက်ရဲ့ သဘောထားမျိုး သင့်မှာရှိမယ်ဆိုရင် အကျိုးအများကြီး ရပါလိမ့်မယ်။ အပျက်သဘောထားတွေ၊ လက်ခံထားပြီးသားအစွဲတွေ ရှိနေရင်တော့ အဲဒါတွေကို ဘေးချိတ်လိုက်ပါ။ ဒါမှ သင့်ကို ဘုရားသခင် သွန်သင်ပေးနိုင်မယ်။—ဆာလံ ၂၅:၄။

မဖတ်ခင် ဆုတောင်းပါ။ ကျမ်းစာမှာ ဘုရားသခင်ရဲ့ အတွေးအခေါ်တွေပါတယ်။ ဒါကြောင့် အဲဒါကို နားလည်နိုင်ဖို့ ကိုယ်တော်ရဲ့ အကူအညီ လိုအပ်တယ်။ ဘုရားသခင်က “တောင်းသောသူတို့အား သန့်ရှင်းသော စွမ်းအားတော်ကို” ပေးမယ်လို့ ကတိပေးထားတယ်။ (လုကာ ၁၁:၁၃) သန့်ရှင်းသော စွမ်းအားတော်က ဘုရားသခင်ရဲ့ စဉ်းစားပုံကို နားလည်ဖို့ ကူညီပေးနိုင်တယ်။ အဲဒီနောက် “ဘုရားသခင်၏ နက်နဲရာတို့ကို” နားလည်လာနိုင်ဖို့ သင့်ရဲ့ စိတ်နှလုံးကို ဖွင့်ပေးပါလိမ့်မယ်။—၁ ကောရိန္သု ၂:၁၀။

နားလည်အောင်ဖတ်ပါ။ အကြောင်းအရာကို ပြီးရုံလောက်ပဲ ဖတ်တာမျိုး မလုပ်ပါနဲ့။ ဖတ်နေတဲ့အကြောင်းအရာကို အသေအချာ စဉ်းစားပါ။ ‘ငါဖတ်နေတဲ့ ပုဂ္ဂိုလ်မှာ ဘယ်အရည်အသွေးတွေ ရှိသလဲ။ အဲဒါကို ငါ့အသက်တာမှာ ဘယ်လိုကျင့်သုံးနိုင်မလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ်မေးပါ။

တိကျတဲ့ပန်းတိုင်တွေ ထားပါ။ ကိုယ့်အသက်တာအတွက် အကျိုးပြုနိုင်တဲ့အချက်တွေကို သင်ယူမယ်ဆိုတဲ့ ပန်းတိုင်ထားပြီး ကျမ်းစာဖတ်မယ်ဆိုရင် အကျိုးအများကြီး ရနိုင်ပါတယ်။ ‘ဘုရားသခင်အကြောင်း ပိုသိအောင်လုပ်မယ်၊’ ‘ခင်ပွန်းကောင်း၊ ဇနီးကောင်းဖြစ်အောင် ဒါမှမဟုတ် ပိုကောင်းတဲ့ လူတစ်ယောက်ဖြစ်အောင်လုပ်မယ်’ စတဲ့ပန်းတိုင်တွေ ထားနိုင်ပါတယ်။ ပြီးတော့ အဲဒီပန်းတိုင်တွေ ပြည့်မီအောင် ကူညီပေးနိုင်တဲ့ ကျမ်းစာအချက်အလက်တွေကို ရွေးချယ်ဖတ်ပါ။a

ဒီအကြံပြုချက် ၅ ခုက သင့်ကို ကျမ်းစာစတင်ဖတ်ရှုဖို့ ကူညီပေးပါလိမ့်မယ်။ ဒါပေမဲ့ ကျမ်းစာဖတ်ရတာ ပိုစိတ်ဝင်စားစရာကောင်းအောင် ဘာတွေလုပ်နိုင်သေးသလဲ။ ဒီအကြောင်းကို နောက်ဆောင်းပါးမှာ ဖော်ပြထားပါတယ်။

a သင့်အနေနဲ့ ဘယ်ကျမ်းစာအချက်အလက်တွေကို ဖတ်ရမှန်း မသိဖြစ်နေရင် ယေဟောဝါသက်သေတွေက ဝမ်းမြောက်ဝမ်းသာ ကူညီပေးပါလိမ့်မယ်။

ဖတ်ရှုခြင်းကနေ ပိုအကျိုးရနိုင်ပုံ

  • အချိန်ယူပါ၊ မလောပါနဲ့

  • ဖတ်နေတဲ့ အကြောင်းအရာကို အာရုံနှစ်မြုပ်ပြီး မြင်ယောင်ကြည့်ပါ

  • အထက်အောက်စကားနဲ့ ကျမ်းချက်ဆက်စပ်နေပုံကို သိအောင်လုပ်ပါ

  • ဘာသင်ခန်းစာယူနိုင်မလဲဆိုတာကို စဉ်းစားပါ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ