နောက်ဆုံးသောနေ့ရက်များကို ကပ်ကျော်သူတွေအတွက် သာယာလှပတဲ့ ဥယျာဉ်က စောင့်ကြိုနေ
သမ္မာကျမ်းစာ သွန်သင်ရာ
“နောက်ဆုံးသောနေ့ရက်များ” မှာ ကျွန်တော်တို့ အသက်ရှင်နေကြပါသလား
သင် ဘယ်လို ထင်ပါသလဲ။
ဟုတ်တယ်
မဟုတ်ဘူး
ဖြစ်ကောင်းဖြစ်နိုင်တယ်
ကျမ်းစာ သွန်သင်ရာ
“နောက်ဆုံးသောနေ့ရက်များသည် ခက်ခဲကျပ်တည်းသောကာလ ဖြစ်မည်ကို သိမှတ်လော့။” (၂ တိမောသေ ၃:၁) ကျမ်းစာကြိုဟောချက်နဲ့ လက်ရှိဖြစ်ရပ်တွေက အခုအချိန်ဟာ “နောက်ဆုံးသောနေ့ရက်များ” ဖြစ်တယ်ဆိုတာ ဖော်ပြတယ်။
ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ
စစ်ပွဲ၊ အစာခေါင်းပါးမှု၊ ငလျင်၊ ရောဂါဆိုးပျံ့နှံ့မှုတွေဟာ နောက်ဆုံးသောနေ့ရက်များရဲ့ လက္ခဏာ ဖြစ်တယ်။ —မဿဲ ၂၄:၃၊ ၇။ လုကာ ၂၁:၁၁။
နောက်ဆုံးသောနေ့ရက်များအတွင်း လူ့အသိုင်းအဝိုင်းမှာ ကိုယ်ကျင့်တရားနဲ့ ဝတ်ပြုရေးစံနှုန်းတွေ အကြီးအကျယ် ကျဆင်းလိမ့်မယ်။—၂ တိမောသေ ၃:၂-၅။
လူတွေအတွက် ဘယ်လို အနာဂတ်ရှိသလဲ။
လူတချို့ ယုံကြည်ရာ . . .
နောက်ဆုံးသောနေ့ရက်များရဲ့ အဆုံးမှာ ကမ္ဘာကြီးနဲ့ ကမ္ဘာပေါ်က လူအားလုံး ဖျက်ဆီးခံရလိမ့်မယ်။ ကမ္ဘာ့အခြေအနေ ပိုကောင်းလာမယ်လို့လည်း လူတချို့ မျှော်လင့်ကြတယ်။
သင် ဘယ်လို ထင်ပါသလဲ။
ကျမ်းစာ သွန်သင်ရာ
“ဖြောင့်မတ်သောသူတို့သည် ပြည်တော် [မြေကြီး] ကိုအမွေခံ၍ အစဉ်အမြဲ နေရကြလိမ့်မည်။”—ဆာလံ ၃၇:၂၉။
ကျမ်းစာမှ နောက်ထပ်သင်ယူနိုင်ရာများ
“နောက်ဆုံးသောနေ့ရက်များ” အကြောင်း ပိုသိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၉ မှာကြည့်ပါ
www.pr2711.com/mya ဝက်ဘ်ဆိုက်မှာလည်း ကြည့်နိုင်ပါတယ်