ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၇ အမှတ် ၃ စာ. ၃
  • မြင်းစီးသူရဲလေးဦးနှင့် အသင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မြင်းစီးသူရဲလေးဦးနှင့် အသင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • မြင်းစီးသူရဲလေးဦး​—သူတို့ဟာ ဘယ်သူတွေလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • နိဒါန်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ကဆုန်စိုင်းနေသည့် မြင်းစီးသူရဲလေးဦး
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
  • မြင်းစီးသူရဲ လေးဦး
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
ကလ၁၇ အမှတ် ၃ စာ. ၃
မြင်းလေးကောင် ကဆုန်ပေါက်

မျက်နှာဖုံးအကြောင်းအရာ | မြင်းစီးသူရဲလေးဦး—သူတို့ရဲ့စီးနင်းမှုက သင့်ကို အကျိုးသက်ရောက်ပုံ

မြင်းစီးသူရဲလေးဦးနှင့် အသင်

မြင်းခွာသံ တဖြောင်းဖြောင်းနဲ့ သူတို့ ဒုန်းစိုင်းလာနေကြတယ်။ သန်မာတဲ့ မြင်းလေးကောင်နဲ့ မြင်းစီးသူရဲတွေကို ကျမ်းစာထဲမှာ ရုပ်လုံးဖော်ထားပုံဟာ ပီပြင်လွန်းလို့ တကယ်ပဲ ကဆုန်ပေါက် ခုန်ထွက်လာတော့မယ့်အတိုင်းပဲ။ ပထမ၊ မြင်းဖြူထွက်လာပြီး ဘုန်းတန်ခိုးကြီးတဲ့ နန်းတက်ခါစဘုရင် စီးနင်းလာတယ်။ သူ့နောက်မှာ မြင်းနီတစ်စီး လိုက်လာတယ်။ ကမ္ဘာပေါ်ကနေ ငြိမ်သက်ခြင်းကို ရုပ်သိမ်းပိုင်ခွင့်ရထားသူက စီးနင်းလာတယ်။ အဲဒီနောက် မည်းနက်နေတဲ့ တတိယမြင်း လိုက်လာတယ်။ အစားအစာရှားပါးမယ်ဆိုတဲ့ စိတ်မချမ်းသာစရာသတင်းကို ပုံဖော်တဲ့အနေနဲ့ မြင်းစီးသူဟာ ချိန်ခွင်တစ်လက် ကိုင်ထားတယ်။ စတုတ္ထမြင်းကတော့ ဖြူဖျော့ဖျော့ မြင်းမွဲဖြစ်တယ်။ စီးနင်းလာသူဟာ သေမင်းဖြစ်ပြီး ကပ်ရောဂါဘေးနဲ့ သေစေနိုင်တဲ့ဘေးတွေ ဖြစ်မယ်ဆိုတဲ့ ရှေ့ပြေးနိမိတ်ပဲ။ လူတွေကို အသက်ဇီဝိန်ခြွေမယ့် သင်္ချိုင်းလည်း နောက်ကနေ ကပ်လိုက်လာတယ်။—ဗျာဒိတ် ၆:၁-၈။

“မြင်းစီးသူရဲလေးဦးအကြောင်း စပြီးဖတ်လိုက်ရချိန်မှာ ကျွန်မ ကြောက်သွားတယ်။ တရားစီရင်ရာနေ့ ရောက်တော့မယ်၊ ကျွန်မ အဆင်သင့်မဖြစ်သေးတော့ လွတ်မှာမဟုတ်ဘူးလို့ ခံစားမိတယ်။”—ခရစ္စတယ်။

“အရောင်မတူတဲ့ မြင်းလေးကောင်နဲ့ မြင်းစီးသူရဲလေးဦး အကြောင်း ကျွန်တော့်စိတ်ထဲ စွဲသွားတယ်။ အဲဒီစိတ်အာရုံရဲ့ ဆိုလိုရင်းကို နားလည်သွားတဲ့အခါ ကျွန်တော့်အတွက် အဓိပ္ပာယ်ရှိလာတယ်။”—အက်ဒ်။

ဗျာဒိတ်ကျမ်းမှာပါတဲ့ မြင်းစီးသူရဲလေးဦးနဲ့ပတ်သက်ပြီး ခရစ္စတယ်လို ဒါမှမဟုတ် အက်ဒ်လို သင် ခံစားရသလား။ ဘယ်လိုပဲဖြစ်ဖြစ် မြင်းစီးသူရဲလေးဦး စီးနင်းလာပုံဟာ ကျမ်းစာထဲက နောက်ဆုံးကျမ်းစောင် ဗျာဒိတ်ကျမ်းမှာပါတဲ့ အထင်ရှားဆုံး မြင်ကွင်းတွေထဲကတစ်ခုကို ပုံဖော်ပေးတယ်။ ဒီစိတ်အာရုံကို ကိုယ်တိုင် နားလည်ထားမယ်ဆိုရင် အကျိုးခံစားရနိုင်တယ်ဆိုတာ သင်သိပါသလား။ ဘယ်လိုနည်းနဲ့လဲ။ ဗျာဒိတ်ကျမ်းမှာ ရေးထားတာတွေကို ဖတ်ရှု၊ လေ့လာပြီး အဲဒီအတိုင်း ကျင့်သုံးမယ်ဆိုရင် စစ်မှန်တဲ့ ပျော်ရွှင်မှု ရနိုင်မယ်လို့ ဘုရားသခင် ကတိပေးထားတယ်။—ဗျာဒိတ် ၁:၁-၃။

မြင်းစီးသူရဲလေးဦးအကြောင်း စိတ်အာရုံက တချို့သူတွေအတွက် ထိတ်လန့်စရာဖြစ်ပေမဲ့ တကယ်တော့ ကြောက်စရာမလိုပါဘူး။ လူသန်းပေါင်းများစွာဟာ ဒီစိတ်အာရုံကြောင့် ယုံကြည်ခြင်း ခိုင်ခံ့လာကြတယ်။ တောက်ပတဲ့ အနာဂတ် မျှော်လင့်ချက်ကိုတောင် သိမြင်လာကြတယ်။ သင့်အတွက်လည်း အဲဒီလို ဖြစ်နိုင်ပါတယ်။ သိချင်တယ်ဆိုရင် ဆက်ဖတ်ကြည့်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ