ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၇ အမှတ် ၃ စာ. ၁၀-၁၁
  • ဘေ့စ်ဘောကို အရာရာထက် ကြိုက်နှစ်သက်တယ်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘေ့စ်ဘောကို အရာရာထက် ကြိုက်နှစ်သက်တယ်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာသည် ဘဝအသက်တာများကို ပြောင်းလဲစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • အီလက်ထရွန်နစ်ဂိမ်းတွေကို ငါကစားသင့်သလား
    နိုးလော့!—၂၀၀၈
  • ကျွန်တော့်ဘဝတစ်လျှောက်လုံး ယေဟောဝါရဲ့ထောက်မမှုခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • အီလက်ထရောနစ် ဂိမ်းတွေအကြောင်း ဘာတွေ သိထားသင့်သလဲ
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
ကလ၁၇ အမှတ် ၃ စာ. ၁၀-၁၁
အသင်းတော်ထဲက လူငယ်တွေနဲ့ ဆမ်မြူရယ် ဟမ်မီတန်

အသင်းတော်က လူငယ်တွေနဲ့ပေါင်းသင်းရတာကို ပျော်တယ်

သမ္မာကျမ်းစာက ဘဝပုံစံတွေကို ပြောင်းလဲပေးနိုင်ပုံ

ဘေ့စ်ဘောကို အရာရာထက် ကြိုက်နှစ်သက်တယ်

ဆမ်မြူရယ် ဟမ်မီတန် ပြောပြတယ်

  • မွေးဖွားတဲ့နှစ် ၁၉၂၈

  • နေရင်းနိုင်ငံ ကော့စ်တာရီကာ

  • နောက်ခံ ကြေးစားအားကစားသမား၊ လောင်းကစားသမား

ဘေ့စ်ဘောဝတ်စုံဝတ်ထားတဲ့ လူငယ် ဆမ်မြူရယ် ဟမ်မီတန်

အတိတ်

ကော့စ်တာရီကာကမ်းရိုးတန်း အရှေ့ဘက်မှာရှိတဲ့ ပွာတိုလီမင်ဆိပ်ကမ်းမြို့နဲ့ ဝန်းကျင်မှာ ကျွန်တော် ကြီးပြင်းလာတယ်။ မောင်နှမရှစ်ယောက်ထဲမှာ ကျွန်တော်က ခုနစ်ယောက်မြောက် ဖြစ်တယ်။ ကျွန်တော် ရှစ်နှစ်သားအရွယ်မှာ အဖေဆုံးသွားတဲ့အတွက် အမေကပဲ ကျွန်တော်တို့ကို ရှာကျွေးခဲ့ရတယ်။

ဘေ့စ်ဘောဟာ ကျွန်တော့်ဘဝမှာ အဓိကပဲ။ ကျွန်တော် ကလေးဘဝကတည်းက အားကစားဝါသနာပါတယ်။ ဆယ်ကျော်သက်အရွယ်မှာ အပျော်တမ်းအားကစားအသင်းဝင် ဖြစ်နေပြီ။ အသက် ၂၀ ကျော်ရောက်တော့ အပျော်တမ်းအားကစားအသင်းမှာ ကစားနေတုန်း ကင်းထောက်လူငယ်တစ်ဦးက နီကာရာဂွာနိုင်ငံက ကြေးစားအားကစားအသင်းမှာ ကစားဖို့ ကမ်းလှမ်းတယ်။ အဲဒီအချိန်မှာ ကျန်းမာရေးမကောင်းတဲ့ အမေကို ပြုစုနေရလို့ နီကာရာဂွာနိုင်ငံကို မသွားချင်ဘူး။ ဒါကြောင့် အဲဒီကမ်းလှမ်းချက်ကို ငြင်းလိုက်တယ်။ နောက်ပိုင်းမှာ ကင်းထောက်လူငယ် နောက်တစ်ဦးက ကော့စ်တာရီကာ အမျိုးသား ဘေ့စ်ဘောအသင်းမှာ ကစားဖို့ ဖိတ်ခေါ်တယ်။ အဲဒီမှာ အပျော်တမ်းအားကစားအသင်းက ကစားသမားတွေ ပါတယ်။ ဒီတစ်ခါတော့ ကျွန်တော် လက်ခံလိုက်တယ်။ အမျိုးသားအားကစားအသင်းမှာ ၁၉၄၉ ကနေ ၁၉၅၂ အထိ ကစားခဲ့တယ်။ ကျူးဘား၊ မက္ကဆီကိုနဲ့ နီကာရာဂွာမှာလည်း ကစားခဲ့တယ်။ ကျွန်တော်ဟာ ဘေ့စ်ဘော အပစ်အဖမ်း ကျွမ်းကျင်တယ်။ ဘာအမှားအယွင်းမှ မရှိဘဲ ၁၇ ပွဲကို တစ်ဆက်တည်း ကစားနိုင်တယ်။ ကျွန်တော့်နာမည်တပ်ပြီး အားပေးတာကို ကြားချင်တယ်။

ဝမ်းနည်းစရာက အကျင့်ပျက်တဲ့ဘဝ ရောက်သွားတယ်။ ရည်းစားရှိလျက်နဲ့ တခြားမိန်းကလေးတွေနဲ့လည်း တွဲတယ်။ အရက် အလွန်အကျွံ သောက်တယ်။ တစ်ခါက ဘယ်လောက်ထိ အရက်မူးသလဲဆိုရင် နောက်တစ်နေ့ အိပ်ရာနိုးတဲ့အခါ အိမ်ကို ဘယ်လိုပြန်ရောက်နေမှန်း မသိလိုက်ဘူး။ လောင်းကစားလည်း ဝါသနာပါတယ်။ ဒိုမီနိုဂိမ်း ကစားတဲ့အပြင် ထီလည်း ထိုးတယ်။

ကျွန်တော် အဲဒီဘဝရောက်နေတုန်း အမေဟာ ယေဟောဝါသက်သေ ဖြစ်လာတယ်။ သူ့ယုံကြည်ချက်တွေကို ပြောပြပေမဲ့ အစပိုင်းမှာ မအောင်မြင်ဘူး။ ကျွန်တော်ဟာ အားကစားကလွဲလို့ ဘာကိုမှ စိတ်မဝင်စားဘူး။ လေ့ကျင့်နေရမယ်ဆိုရင် ထမင်းမေ့ဟင်းမေ့ပဲ။ အားကစားထဲမှာပဲ စိတ်ရောက်နေတယ်။ ဘေ့စ်ဘောကစားတာကို အကြိုက်ဆုံးပဲ။

အသက် ၂၉ နှစ်ရောက်တော့ ကစားပွဲတစ်ခုမှာ ဘောလုံးဖမ်းရင်းနဲ့ အကြီးအကျယ် ဒဏ်ရာရသွားတယ်။ ထူထူထောင်ထောင် ပြန်ဖြစ်လာတဲ့အခါ ကြေးစား အားကစားသမားဘဝကို စွန့်လိုက်တယ်။ ဒါပေမဲ့ ဘေ့စ်ဘောနဲ့တော့ အဆက်ပြတ်မသွားဘူး။ ကျွန်တော့်အိမ်နားမှာ အပျော်တမ်း အားကစားသမားတွေအတွက် နည်းပြလုပ်ပေးတယ်။

ကျွန်တော့်ဘဝကို ကျမ်းစာ ပြောင်းလဲပေးပုံ

၁၉၅၇ မှာ ကျွန်တော် ဘေ့စ်ဘောကစားခဲ့တဲ့ကွင်းမှာ ကျင်းပတဲ့ ယေဟောဝါသက်သေတွေရဲ့ စည်းဝေးကြီးကို သွားတက်ခဲ့တယ်။ ပရိသတ်ထဲမှာ ထိုင်နေရင်း သက်သေခံတွေရဲ့ လေးစားစရာအမူအကျင့်နဲ့ ဘေ့စ်ဘောကစားပွဲ လာကြည့်သူတွေရဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ အမူအကျင့် လုံးလုံးမတူတာကို သတိထားမိတယ်။ စည်းဝေးကြီးမှာ မြင်ခဲ့ရတာတွေကြောင့် သက်သေခံတွေနဲ့ ကျမ်းစာ စလေ့လာဖို့၊ အသင်းတော်အစည်းအဝေးတွေ တက်ဖို့ လှုံ့ဆော်ခံခဲ့ရတယ်။

သိရှိလာတဲ့ ကျမ်းစာသွန်သင်ချက်တွေကို ကျွန်တော် သဘောကျတယ်။ ဥပမာ၊ နောက်ဆုံးကာလမှာ မိမိရဲ့နောက်လိုက်တွေဟာ ဘုရားသခင့် နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာတစ်ဝန်းမှာ ဟောပြောလိမ့်မယ်လို့ ယေရှု ကြိုပြောခဲ့တယ်။ (မဿဲ ၂၄:၁၄) ခရစ်ယာန်စစ်တွေဟာ ငွေကြေးအထောက်အပံ့ရဖို့ အမှုဆောင်နေတာ မဟုတ်ဘူးဆိုတာကိုလည်း သိလာတယ်။ “အခမဲ့ရထားတဲ့အတွက် အခမဲ့ပေးကမ်းကြပါ” လို့ ယေရှုပြောတယ်။—မဿဲ ၁၀:၈။

ကျမ်းစာလေ့လာရင်း ယေဟောဝါသက်သေတွေရဲ့ လုပ်ရပ်တွေကို ကျမ်းစာပြောတာတွေနဲ့ နှိုင်းယှဉ်ကြည့်တယ်။ ကမ္ဘာတစ်ဝန်းမှာ နိုင်ငံတော်သတင်းကောင်း ပျံ့နှံ့စေဖို့ သူတို့ မမောနိုင်မပန်းနိုင် ဟောပြောနေတာကို ကျွန်တော် အထင်ကြီးမိတယ်။ ခရစ်ယာန်တွေကို ယေရှုမိန့်မှာခဲ့တဲ့ ပေးကမ်းချင်တဲ့စိတ်ဓာတ် သူတို့ဆီမှာရှိမှန်း သိရတယ်။ မာကု ၁၀:၂၁ မှာ “ကျွန်တော့်နောက်လိုက် လုပ်ပါ” ဆိုတဲ့ ယေရှုရဲ့ ဖိတ်ခေါ်ချက်ကို ဖတ်ပြီးတဲ့နောက် သက်သေခံတစ်ဦး ဖြစ်ချင်လာတယ်။

ပြတ်ပြတ်သားသား လုပ်ဆောင်ဖို့တော့ အချိန်ယူခဲ့ရတယ်။ ဥပမာ၊ အပတ်တိုင်း “လပ်ကီး” နံပါတ်နဲ့ ထီထိုးလာတာ နှစ်အတော်ကြာပြီ။ ဒါပေမဲ့ “ကံကောင်းခြင်း နတ်ဘုရား” ကိုးကွယ်သူတွေ၊ လောဘကြီးသူတွေကို ဘုရား မနှစ်သက်မှန်း ကျမ်းစာကနေ သိလာတယ်။ (ဟေရှာယ ၆၅:၁၁။ ကောလောသဲ ၃:၅) ဒါကြောင့် လောင်းကစား မလုပ်တော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ထီထိုးတာ ရပ်လိုက်ပြီးနောက် ပထမအပတ်တနင်္ဂနွေမှာ ကျွန်တော်ထိုးနေကျ “လပ်ကီး” နံပါတ် ပေါက်သွားတယ်။ အဲဒီအပတ်မှာ ထီမထိုးတဲ့အတွက် ကျွန်တော့်ကို လှောင်ကြတယ်။ ထီပြန်ထိုးဖို့ ဝိုင်းပြီးတိုက်တွန်းကြပေမဲ့ ကျွန်တော် ထီမထိုးတော့ဘူး။ လောင်းကစားကို အပြီးအပိုင် စွန့်လွှတ်လိုက်တယ်။

ယေဟောဝါသက်သေတွေရဲ့ စည်းဝေးကြီးတစ်ခုမှာ ကျွန်တော် နှစ်ခြင်းခံတယ်။ နှစ်ခြင်းခံတဲ့နေ့မှာပဲ “စရိုက်သစ်” ဝတ်ဆင်တာနဲ့ပတ်သက်ပြီး စမ်းသပ်မှု ကြုံရတယ်။ (ဧဖက် ၄:၂၄) အဲဒီညနေ တည်းခိုခန်းကို ပြန်ရောက်တဲ့အခါ ကျွန်တော့်အခန်းဝမှာ ရည်းစားဟောင်း စောင့်နေတာ တွေ့လိုက်ရတယ်။ “ဆမ်မီ၊ အတူပျော်ကြရအောင်” လို့ပြောတော့ ကျွန်တော် ချက်ချင်းငြင်းလိုက်တယ်။ အခု ကျမ်းစာစံနှုန်းတွေနဲ့အညီ ကျွန်တော် နေထိုင်နေပြီလို့ သူ့ကို ပြောပြတယ်။ (၁ ကောရိန္သု ၆:၁၈) “ဘယ်လို၊ ဘယ်လို” ဆိုပြီး လွှတ်ခနဲ သူပြောတယ်။ လိင်အကျင့်ယိုယွင်းခြင်းနဲ့ပတ်သက်တဲ့ ကျမ်းစာအမြင်ကို သူ အလေးမထားဘူး။ ပြန်တွဲရအောင်လို့ပဲ ပြောနေတယ်။ ဒါနဲ့ ကျွန်တော် အခန်းထဲဝင်ပြီး တံခါး သော့ခတ်လိုက်တယ်။ ၁၉၅၈ မှာ သက်သေခံဖြစ်လာချိန်ကစပြီး ပြောင်းလဲခဲ့တဲ့ ဘဝပုံစံအတိုင်း အခုထိ စွဲစွဲမြဲမြဲ ဆက်နေထိုင်တယ်။

ဆမ်မြူရယ် ဟမ်မီတန်

အကျိုးကျေးဇူး ခံစားခဲ့ရပုံ

ကျမ်းစာလမ်းညွှန်မှုကို လိုက်လို့ ကျွန်တော် ရရှိတဲ့အကျိုးကျေးဇူးကို စာအုပ်တစ်အုပ် ရေးရင် ရနိုင်မယ်ထင်တယ်။ အကျိုးကျေးဇူးတချို့ကတော့ မိတ်ဆွေကောင်းတွေ အများကြီး ရထားတယ်၊ ရည်ရွယ်ချက်ရှိတဲ့ဘဝနဲ့ စစ်မှန်တဲ့ပျော်ရွှင်မှုကို ရရှိထားတယ်။

ဘေ့စ်ဘောကစားတာကို အခုထိ ကြိုက်နေတုန်းပဲ။ ဒါပေမဲ့ ကျွန်တော် တန်ဖိုးထားတာတွေတော့ မတူတော့ဘူး။ ဘေ့စ်ဘောကစားတုန်းက ဂုဏ်တွေ၊ ငွေတွေ ရရှိပေမဲ့ မတည်မြဲဘူး။ ဘုရားသခင်နဲ့ ဆက်ဆံရေးကောင်းရှိတာ၊ ညီအစ်ကိုအသင်းအပင်းအဝင် ဖြစ်ရတာကတော့ အမြဲတည်တယ်။ “ဒီလောကရော လောကမှာရှိတဲ့ လူတွေလိုချင်ရာ အားလုံးပါ ရွေ့သွားကွယ်ပျောက်နေတယ်။ ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်တဲ့သူကတော့ အမြဲတည်တယ်” လို့ ကျမ်းစာပြောတယ်။ (၁ ယောဟန် ၂:၁၇) အခုတော့ ကျွန်တော်ဟာ ယေဟောဝါဘုရားနဲ့ ဘုရားရဲ့လူမျိုးကို အရာရာထက် ပိုချစ်နေပြီ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ