ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၇ အမှတ် ၅ စာ. ၆
  • ကောင်းကင်တမန်ဆိုးတွေ ရှိသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကောင်းကင်တမန်ဆိုးတွေ ရှိသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာမေးခွန်းတွေရဲ့ အဖြေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ကောင်းကင်တမန်များ ကျွန်ုပ်တို့ကိုအကျိုးပြုပုံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ကောင်းကင်တမန်များ—‘အမှုထမ်းရန် စေလွှတ်ခံရသော ဝိညာဉ်သတ္တဝါများ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • နတ်ဆိုးတွေ တကယ်ရှိသလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
ကလ၁၇ အမှတ် ၅ စာ. ၆
ကောင်းကင်တမန်ဆိုးတွေ၊ နတ်ဆိုးတွေ

မျက်နှာဖုံးအကြောင်းအရာ | ကောင်းကင်တမန်တွေ တကယ်ရှိရဲ့လား၊ သူတို့အကြောင်း ဘာကြောင့် သိသင့်သလဲ

ကောင်းကင်တမန်ဆိုးတွေ ရှိသလား

ရှိပါတယ်။ သူတို့ ဘယ်ကနေ ဖြစ်လာတာလဲ။ ဘုရားသခင်က ကောင်းကင်တမန်တွေကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ထည့်သွင်းဖန်ဆင်းထားတယ်ဆိုတာ ပြန်အမှတ်ရပါ။ ပထမလူသားမောင်နှံ အာဒံနဲ့ ဧဝကို ဖန်ဆင်းပြီး မကြာခင် ပြည့်ဝစုံလင်တဲ့ ဝိညာဉ်ပုဂ္ဂိုလ်တစ်ပါးဟာ မိမိရဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ခဲ့တယ်။ ဒီနည်းနဲ့ ကမ္ဘာပေါ်မှာ ပုန်ကန်မှုပေါ်လာအောင် လှုံ့ဆော်ခဲ့တယ်။ ဘုရားသခင်ကို ပုန်ကန်အောင် အာဒံနဲ့ ဧဝကို သူ လှည့်စားနိုင်ခဲ့တယ်။ (ကမ္ဘာဦး ၃:၁-၇။ ဗျာဒိတ် ၁၂:၉) အဲဒီဝိညာဉ်ပုဂ္ဂိုလ်ရဲ့ နာမည် ဘယ်လိုခေါ်သလဲ၊ သူ မပုန်ကန်ခင်တုန်းက ကောင်းကင်မှာ ဘာရာထူးရှိခဲ့သလဲဆိုတာ ကျမ်းစာ မဖော်ပြဘူး။ သူ ပုန်ကန်ပြီးနောက် သူ့ကို စာတန်မာရ်နတ်လို့ ကျမ်းစာမှာ ခေါ်တယ်။ စာတန်ဆိုတာ “ခုခံသူ၊” မာရ်နတ်ဆိုတာ “အသရေဖျက်သူ” လို့ အဓိပ္ပာယ်ရှိတယ်။—မဿဲ ၄:၈-၁၁။

ဝမ်းနည်းစရာက ဘုရားသခင်ကို ပုန်ကန်တာ သူတစ်ဦးတည်း မဟုတ်ဘူး။ နောဧခေတ်တုန်းက ကောင်းကင်တမန် အတော်များများဟာ ကောင်းကင်ပေါ်က ဘုရားရဲ့မိသားစုမှာ ရရှိထားတဲ့ “ကိုယ့်နေရာကို စွန့်ခွာခဲ့” ကြတယ်။ သူတို့ ကမ္ဘာပေါ် ဆင်းလာပြီး သွေးသားခန္ဓာကို ယူဆောင်တယ်။ ယုတ်ညံ့ပြီး အကျင့်ပျက်တဲ့လမ်းစဉ် လိုက်ခဲ့တယ်။ ဒီနည်းနဲ့ သူတို့ကို ဖန်ဆင်းရတဲ့ ရည်ရွယ်ချက်ကို ဆန့်ကျင်ခဲ့ကြတယ်။—ယုဒ ၆။ ကမ္ဘာဦး ၆:၁-၄။ ၁ ပေတရု ၃:၁၉၊ ၂၀။

အဲဒီကောင်းကင်တမန်ဆိုးတွေ ဘာဖြစ်သွားသလဲ။ ကမ္ဘာကြီးကို ဘုရားသခင် ရေလွှမ်းမိုးပြီး ဆေးကြောလိုက်တဲ့အခါ သူတို့ လူ့ခန္ဓာကို စွန့်ပြီး ကောင်းကင် ပြန်တက်သွားတယ်။ ဒါပေမဲ့ ဘုရားသခင်ဟာ အဲဒီကောင်းကင်တမန်ဆိုးတွေကို “မူလအခွင့်အရာ” ပြန်မပေးတော့ဘူး။ တားတရပ်လို့ခေါ်တဲ့ “မှောက်မိုက်” မှာ၊ နိမ့်ကျတဲ့အခြေအနေမှာ ချုပ်ထားလိုက်တယ်။ (ယုဒ ၆။ ၂ ပေတရု ၂:၄) အဲဒီနတ်ဆိုးတွေဟာ “အလင်းရဲ့ ကောင်းကင်တမန် ဖြစ်ယောင်ဆောင်” တဲ့ “နတ်ဆိုးမင်း” စာတန်မာရ်နတ်ရဲ့ လက်အောက်ရောက်သွားတယ်။—မဿဲ ၁၂:၂၄။ ၂ ကောရိန္သု ၁၁:၁၄။

၁၉၁၄ မှာ ကောင်းကင်အစိုးရဖြစ်တဲ့ ဘုရားသခင်ရဲ့ မေရှိယနိုင်ငံ တည်ထောင်တယ်လို့ ကျမ်းစာ သွန်သင်တယ်။a အဲဒီသမိုင်းဝင်ဖြစ်ရပ် ပြီးတဲ့နောက် စာတန်နဲ့ နတ်ဆိုးတွေဟာ ကောင်းကင်ကနေ မြေကြီးပေါ် နှင်ချခံခဲ့ရတယ်။ ကမ္ဘာပေါ်မှာ ဆိုးသွမ်းမှုတွေ၊ အကျင့်ပျက်မှုတွေ အကြီးအကျယ် ပျံ့နှံ့နေတာဟာ နတ်ဆိုးတွေရဲ့ အငြိုးကြီးမှုနဲ့ အဖျက်သြဇာကြီးမားမှုရဲ့ သက်သေပဲ။—ဗျာဒိတ် ၁၂:၉-၁၂။

အကျင့်ပျက်ပြားမှု၊ ထိတ်လန့်ဖွယ် အကြမ်းဖက်မှုတွေ တိုးများလာတာဟာ နတ်ဆိုးတွေရဲ့ ကြမ်းကြုတ်တဲ့အုပ်ချုပ်မှု အဆုံးတိုင်တော့မယ်ဆိုတာ ဖော်ပြတယ်။ မကြာခင် ကြမ်းကြုတ်တဲ့ ဝိညာဉ်ပုဂ္ဂိုလ်တွေ အရေးယူခံရတော့မယ်။ ဘုရားနိုင်ငံတော်က သာယာလှပတဲ့ ကမ္ဘာမြေကို အနှစ် ၁,၀၀၀ အုပ်ချုပ်ပြီးတဲ့နောက် အဲဒီနတ်ဆိုးတွေဟာ လူသားတွေကို လှည့်ဖြားဖို့ နောက်ဆုံးအခွင့်အရေးကို တစ်ခဏ ရရှိကြမယ်။ အဲဒီနောက် သူတို့ ထာဝရ ဖျက်ဆီးခံရပါလိမ့်မယ်။—မဿဲ ၂၅:၄၁။ ဗျာဒိတ် ၂၀:၁-၃၊ ၇-၁၀။

a ဘုရားနိုင်ငံတော်အကြောင်း ပိုသိချင်ရင် ယေဟောဝါသက်သေတွေ ထုတ်ဝေတဲ့ သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာက ဘာလဲ စာအုပ်၊ အခန်း ၈ မှာကြည့်ပါ။ www.pr2711.com/mya မှာလည်း ကြည့်နိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ