ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၇ အောက်တိုဘာ စာ. ၃၂
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • သင့်စကားမှာ အဟုတ်ကို အဟုတ်ဖြစ်စေပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • ကျွန်ုပ်တို့၏စာရှုသူများထံမှ
    နိုးလော့!—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
က၁၇ အောက်တိုဘာ စာ. ၃၂

သင် သိပါသလား

ဘယ်ဂျူးထုံးစံကြောင့် သစ္စာဆိုတာကို ယေရှု ပြစ်တင်ရှုတ်ချခဲ့သလဲ။

လူတစ်ယောက် ဗိမာန်တော်မှာ သစ္စာဆိုနေ

မောရှေပညတ်အရ သစ္စာဆိုသင့်တဲ့ အချိန်အခါတွေ ရှိပါတယ်။ ဒါပေမဲ့ ယေရှုခေတ်မှာ သစ္စာဆိုတာ ခေတ်စားလွန်းလို့ ဘာပြောပြော သစ္စာဆိုတဲ့အကျင့် ရှိကြတယ်။ ကိုယ့်စကားကို ပိုယုံကြည်လက်ခံစေဖို့ ရည်ရွယ်တာပါ။ ဒါပေမဲ့ အဲဒီအကျင့်ကို ယေရှု နှစ်ကြိမ် ရှုတ်ချခဲ့တယ်။ “ဟုတ်ရင် ‘ဟုတ်တယ်၊’ မဟုတ်ရင် ‘မဟုတ်ဘူး၊’ ဒါပဲပြောပါ” လို့ ယေရှု သင်ပေးတယ်။—မ. ၅:၃၃-၃၇။ ၂၃:၁၆-၂၂။

အဘိဓာန်တစ်အုပ် (Theological Dictionary of the New Testament) အရ “ဂျူးတွေရဲ့ စကားတိုင်းလိုလိုမှာ သစ္စာဆိုတဲ့အကျင့်” အလွန်စွဲကပ်နေကြောင်း တာလမွဒ်ကျမ်းစကားတွေက ဖော်ပြတယ်။ ချိုးဖောက်လို့ ရနိုင်တဲ့၊ မရနိုင်တဲ့ သစ္စာဆိုချက်တွေကို တာလမွဒ်ကျမ်းမှာ အသေးစိတ် ဖော်ပြထားတယ်။

ဒီအကျင့်ကို ပြစ်တင်ရှုတ်ချတာ ယေရှုတစ်ယောက်တည်း မဟုတ်ဘူး။ ဥပမာ၊ ဂျူးသမိုင်းပညာရှင် ဖလေးဗီးယပ်စ် ဂျိုစီဖတ်စ်က ဂျူးဂိုဏ်းတစ်ခုအကြောင်း ဒီလိုပြောတယ်– “ကျိန်ဆိုတာကို သူတို့ရှောင်ကြတယ်။ မုသားသက်သေခံခြင်းထက် ဆိုးတယ်လို့ ယူဆကြလို့ပဲ။ သူ့စကားကို ယုံကြည်စေဖို့ သစ္စာဆိုနေမှတော့ လူလိမ်ပဲလို့ ယူဆကြတယ်။” စီရာခ်ပညာအလိမ္မာကျမ်း ခေါ် နီတိဒေသနာကျမ်း (၂၃:၁၁) မှာ “ကျိန်ဆိုတတ်သူဟာ တရားမဲ့သူပဲ” လို့ဆိုထားတယ်။ ဒါကြောင့် လွယ်လွယ်နဲ့ သစ္စာဆိုတဲ့အကျင့်ကို ယေရှု ပြစ်တင်ရှုတ်ချခဲ့တယ်။ ကျွန်တော်တို့ဟာ မှန်တဲ့စကားကိုပဲ အမြဲပြောမယ်ဆိုရင် ပိုယုံကြည်ရအောင် သစ္စာဆိုနေမှာ မဟုတ်ဘူး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ