ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၈/၀၉ စာ. ၁၇
  • ကျွန်ုပ်တို့၏စာရှုသူများထံမှ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏စာရှုသူများထံမှ
  • နိုးလော့!—၂၀၀၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • မာတိကာ
    နိုးလော့!—၂၀၀၈
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • Jw.org “လူမျိုးအပေါင်းတို့အတွက် သက်သေ” ခံချက်တစ်ခု
    ၂၀၁၄ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
  • ကျွန်ုပ်တို့၏ စာရှုသူများထံမှ
    နိုးလော့!—၂၀၀၇
နိုးလော့!—၂၀၀၉
န ၈/၀၉ စာ. ၁၇

ကျွန်ုပ်တို့၏စာရှုသူများထံမှ

လူငယ်များအမေး . . . ဆဲဆိုတာ ဘာမှားလို့လဲ (မတ် ၂၀၀၈ [အင်္ဂလိပ်]) ကျွန်တော်ဟာ ခရစ်ယာန်အိမ်ထောင်စုမှာ ကြီးပြင်းလာတာပါ၊ ဒါပေမဲ့ ကျွန်တော့်မှာ ဆဲဆိုတတ်တဲ့အကျင့်ရှိတယ်။ ဒီအကျင့်ကိုဖြတ်ဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။ ဒါပေမဲ့ ဒီဆောင်းပါးက ကိုယ့်ကိုယ်ကိုထိန်းနိုင်အောင် ကူညီပေးခဲ့တယ်။ ဒီဆောင်းပါးမှာပါတဲ့အတိုင်း စကားပြောနိုင်စွမ်း ဆုကျေးဇူးကို ကျွန်တော် တလွဲမသုံးချင်ဘူး။ ဒါကြောင့် အခုဆိုရင် ကျွန်တော်ဟာ စကားမပြောခင် နှစ်ကြိမ်စဉ်းစားတယ်။ အရမ်းကျေးဇူးတင်ပါတယ်။

ကေ. ပီ., ဘရာဇီး

ကျွန်မအသက် ၁၂ နှစ်ပါ။ ကျောင်းမှာဆိုရင် နေရာတိုင်းမှာ ဆဲဆိုတာ ကြားရလို့ တစ်နေ့ကျရင် ကျွန်မပါးစပ်ကနေ ဆဲဆိုတဲ့စကား ရုတ်တရက်ထွက်သွားမှာကို စိုးရိမ်မိတယ်။ ဒီအကြောင်းနဲ့ပတ်သက်တဲ့ဆောင်းပါးကို “လူငယ်များအမေး” မှာရေးပေးဖို့ စာရေးပြီးတောင်းဆိုခါနီးဆဲဆဲမှာပဲ နိုးလော့!မှာ ဒီအကြောင်းပါလာတယ်။ ဆောင်းပါးက ဆဲဆိုတာ ဘာကြောင့်မကောင်းသလဲဆိုတာ ကျွန်မကိုသတိပေးပြီး မဆဲဆိုဖို့ ကူညီပေးခဲ့တယ်။ ဒီလိုဆောင်းပါးမျိုးတွေကို ဆက်ရေးပေးပါ။

အေ. ပီ., အမေရိကန်

ကျွန်မနဲ့ ကျွန်မခင်ပွန်းဟာ အသက်မွေးဝမ်းကျောင်းအတွက် အိမ်တွေမှာလိုက်ပြီးသန့်ရှင်းရေးလုပ်တယ်၊ အိမ်ရှင်တစ်ယောက်က မဆဲဆိုတော့ဘူးဆိုတဲ့ သူရဲ့ “နှစ်သစ်အဓိဋ္ဌာန်” အကြောင်း ကျွန်မတို့ကို ပြောပြတယ်။ သူ့ရဲ့အကျင့်ဆိုးကိုဖျောက်နိုင်ဖို့ အကူအညီအတွက် ဘုရားသခင်ဆီမှာ နေ့တိုင်းဆုတောင်းတယ်လို့ သူပြောပြတယ်။ ဒီအကြောင်းနဲ့ပတ်သက်တဲ့စာပေတွေ ကျွန်မမှာရှိရင် သူ့ကိုပေးပါလို့လည်း တောင်းတယ်။ ကျွန်မ ဒီအကြောင်းကို ဆုတောင်းလိုက်ပြီး ခါတိုင်းလိုပဲ ယေဟောဝါသက်သေတွေရဲ့ဝက်ဘ်ဆိုက် (www.pr2711.com) ကနေ ကျွန်မရဲ့ အမ်ပီသရီး (MP3) ထဲကို နောက်ဆုံးထုတ်မဂ္ဂဇင်းတွေ ကူးထည့်လိုက်တယ်။ နောက်တစ်နေ့မှာ မာတိကာကိုကြားလိုက်ရတော့ ကျွန်မဘယ်လောက်ပျော်သွားသလဲဆိုတာ သင်တို့ ခန့်မှန်းကြည့်နိုင်ပါတယ်။ ကျွန်မအရမ်းပျော်သွားတယ်။ ဒီဆောင်းပါးက လူငယ်တွေအတွက်ရေးတာမှန်ပေမဲ့ ကျွန်မတို့ရဲ့ အလုပ်ရှင်ဟာ အဲဒီဆောင်းပါးကနေ လက်တွေ့ကျအကြံဉာဏ်ရမယ်ဆိုတာ ကျွန်မသိတယ်။ သူ့ကိုပေးဖို့ ကျွန်မ မစောင့်နိုင်တော့ဘူး။

အက်စ်. ကေ., အမေရိကန်

လေကြောင်းထိန်းသိမ်းရေး—သင့်အား အန္တရာယ်ကင်းရှင်းစေနိုင်ပုံ (ဧပြီ ၂၀၀၈) ဒီဆောင်းပါးကိုဖတ်ပြီးနောက်မှာ “ဘေးကင်းတယ်၊ ပျံသန်းဖို့အသင့်” ဆိုတဲ့စကားတွေကို ကျွန်တော်ရေရွတ်မိတယ်။ လေကြောင်းထိန်းသိမ်းသူတွေဟာ ကျွန်တော်တို့ရဲ့ဘေးကင်းရေးကို တကယ်စိတ်ဝင်စားတယ်ဆိုတာ နိုးလော့!က ဖော်ပြတဲ့အတွက် ကျွန်တော်အားတက်လာပြီး ပိုဘေးကင်းတယ်လို့ ခံစားခဲ့ရတယ်။ ကျေးဇူးတင်ပါတယ်။

တီ. အက်စ်., ဘရာဇီး

သင်မည်သို့ဖြေဆိုမည်နည်း ကျွန်မအသက် ၁၂ နှစ်ဖြစ်ပြီး အိုင်ယာလန်တောင်ပိုင်းမှာနေပါတယ်။ နိုးလော့!နောက်ဘက်မှာပါတဲ့ ကလေးတွေအတွက် အထူးဉာဏ်စမ်းပဟေဠိတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါက သိပ်ကောင်းတဲ့စိတ်ကူးဖြစ်ပါတယ်။ ဒါတွေက ကလေးတွေကို မဂ္ဂဇင်းမှာ ပါဝင်ပတ်သက်စေတယ်။ ဒါတွေကို ဆက်ထည့်ပေးပါ။ ထပ်မံကျေးဇူးတင်ပါတယ်။

အေ. ကေ., အိုင်ယာလန်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ