ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၈ အမှတ် ၃ စာ. ၁၄-၁၅
  • ဘုရားသခင့် ဂရုစိုက်မှုကနေ သင်အကျိုးရနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့် ဂရုစိုက်မှုကနေ သင်အကျိုးရနိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်မေတ္တာနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ရာ
  • အိမ်ထောင်သက် ပထမနှစ်ကို အောင်မြင်စွာ ဖြတ်သန်းခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဗျာဒိတ် ၂၁:၄—“ဘုရားသခင်သည် သူတို့၏မျက်စိ၌ မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • ဘုရားသခင်ဟာ ဘယ်သူလဲ
    သမ္မာကျမ်းစာ သွန်သင်ရာများ
  • ဆင်းရဲဒုက္ခ
    နိုးလော့!—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၈
ကလ၁၈ အမှတ် ၃ စာ. ၁၄-၁၅
လူမျိုး၊ အသက်အရွယ် အသီးသီးရှိသူတွေ ကမ္ဘာသစ်ဆီ လျှောက်လှမ်းနေကြ

ဘုရားသခင့် ဂရုစိုက်မှုကနေ သင် အကျိုးရနိုင်

ဘုရားသခင်က ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာကို အံ့ဖွယ် ပြန်လည်ကုသနိုင်စွမ်းနဲ့ ဖန်ဆင်းထားတယ်။ ထိခိုက်၊ ပြတ်ရှ၊ ခြစ်မိတာနဲ့ ကိုယ်ခန္ဓာမှာ “ဒဏ်ရာအကြီးအငယ်တွေကို ကုသပေးတဲ့ ရှုပ်ထွေးတဲ့ ဖြစ်စဉ်တစ်ခု အစပြုလာတယ်။” (ဂျွန် ဟော့ကင်း ဆေးတက္ကသိုလ်) သွေးထွက်တာ ရပ်သွားဖို့၊ သွေးကြောတွေ ကျယ်လာဖို့၊ ဒဏ်ရာကို ကုဖို့၊ တစ်သျှူးတွေကို ပြန်အားဖြည့်ပေးဖို့ ကိုယ်ခန္ဓာက ချက်ချင်း လုပ်ဆောင်တယ်။

သုံးသပ်ကြည့်ပါ– ဘုရားသခင်က ကျွန်တော်တို့ရဲ့ ကိုယ်ခန္ဓာကို ပြန်လည်ကုသပေးနိုင်စွမ်းနဲ့ ဖန်ဆင်းထားတယ်ဆိုရင် စိတ်ဒဏ်ရာတွေကိုလည်း ပြန်ကုသပေးမယ်ဆိုတာ စိတ်ချနိုင်ပါတယ်။ ဘုရားက “စိတ်ကြေကွဲနေသူတွေကို ကုသပေးတယ်။ ဒဏ်ရာတွေကို စည်းပေးတယ်။” (ဆာလံ ၁၄၇:၃) အတိတ် ဒါမှမဟုတ် လက်ရှိအခြေအနေတွေကြောင့် စိတ်ဒဏ်ရာရနေတယ် ဆိုရင်ကော။ အခုရော အနာဂတ်မှာပါ ယေဟောဝါဘုရားက သင့်ဝေဒနာကို ကုပေးမယ်ဆိုတာ ဘယ်လို စိတ်ချနိုင်မလဲ။

ဘုရားသခင့်မေတ္တာနဲ့ပတ်သက်တဲ့ ကျမ်းစာသွန်သင်ရာ

“မကြောက်နဲ့။ မင်းနဲ့အတူ ငါရှိတယ်။ မစိုးရိမ်နဲ့။ ငါဟာ မင်းရဲ့ဘုရားသခင်ပါ။ မင်းကို ခိုင်ခံ့စေမယ်၊ ကူညီပေးမယ်” လို့ ဘုရား ကတိပေးတယ်။ (ဟေရှာယ ၄၁:၁၀) ယေဟောဝါ ဂရုစိုက်ကြောင်း သိရခြင်းက စိတ်ငြိမ်သက်စေပြီး ပြဿနာအမျိုးမျိုးကို ဖြေရှင်းဖို့ ခွန်အားရစေတယ်။ အဲဒီစိတ်ငြိမ်သက်မှုကို “လူ့ဉာဏ်နဲ့မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်း” လို့ တမန်တော်ပေါလု ခေါ်ထားတယ်။ ‘ကျွန်တော့်ကို အစွမ်းခွန်အားပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်တယ်’ ဆိုပြီး ပေါလု ဆက်ပြောတယ်။—ဖိလိပ္ပိ ၄:၄-၇၊ ၉၊ ၁၃။

ကျမ်းစာက လူ့အနာဂတ်နဲ့ပတ်သက်တဲ့ ယေဟောဝါရဲ့ ကတိတွေကို ယုံကြည်စိတ်ချမှု တိုးများစေတယ်။ ဥပမာ၊ ဗျာဒိတ် ၂၁:၄၊ ၅ မှာ ဘုရား ဘာလုပ်ပေးမယ်၊ ဘာကြောင့် ယုံကြည်စိတ်ချနိုင်တယ်ဆိုတာ ပြောတယ်–

  • “ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။” ကျွန်တော်တို့ရဲ့ ဆင်းရဲဒုက္ခတွေ၊ စိုးရိမ်ပူပန်မှုတွေက တခြားသူတွေအတွက် သေးငယ်ပုံပေါက်ရင်တောင် အားလုံးကို ယေဟောဝါ ဖယ်ရှားပေးပါလိမ့်မယ်။

  • ကောင်းကင် “ရာဇပလ္လင်ပေါ်ထိုင်နေတဲ့” အနန္တတန်ခိုးရှင် ဘုရင်က ဆင်းရဲဒုက္ခတွေကို တားဆီးဖို့၊ ကျွန်တော်တို့ကို ကူညီဖို့ မိမိတန်ခိုးအာဏာကို သုံးပါလိမ့်မယ်။

  • မိမိရဲ့ကတိတွေဟာ “သစ္စာစကား၊ ဟုတ်မှန်တဲ့စကား” ဖြစ်ကြောင်း ယေဟောဝါ အာမခံတယ်။ ကတိအတိုင်း လုပ်ပေးမယ်ဆိုတာကို ကိုယ့်နာမည်နဲ့ ဂုဏ်သိက္ခာကို တိုင်တည်ပြီး အာမခံနေတာဖြစ်တယ်။

“‘ဘုရားသခင်က သူတို့ရဲ့ မျက်ရည်ရှိသမျှကို သုတ်ပေးလိမ့်မယ်။ သေခြင်းရှိတော့မှာ မဟုတ်ဘူး။ ငိုကြွေးမြည်တမ်းခြင်း၊ အော်ဟစ်ခြင်း၊ နာကျင်ခြင်းလည်း ရှိတော့မှာ မဟုတ်ဘူး။ အရင်ကဖြစ်ဖူးတာတွေ ကွယ်ပျောက်သွားပြီ။’ ရာဇပလ္လင်ပေါ်ထိုင်နေတဲ့ ဘုရားသခင်က ‘အရာခပ်သိမ်းကို ငါ အသစ်ဖန်ဆင်းနေတယ်’ လို့ပြောတယ်။ ပြီးတော့ ‘ဒါဟာ သစ္စာစကား၊ ဟုတ်မှန်တဲ့စကားဖြစ်တဲ့အတွက် ရေးမှတ်ထားပါ’ လို့လည်း ပြောတယ်။”—ဗျာဒိတ် ၂၁:၄၊ ၅။

စကြဝဠာနဲ့ ကျမ်းစာက ဘုရားရဲ့ အရည်အသွေးတွေကို ဖော်ပြတယ်။ ဖန်ဆင်းရာတွေက ဘုရားနဲ့ မိတ်ဆွေဖွဲ့ဖို့ သွယ်ဝိုက် ဖိတ်ခေါ်နေပေမဲ့ ကျမ်းစာကတော့ “ဘုရားသခင်နဲ့ ရင်းနှီးအောင် ကြိုးစားပါ။ ဒါဆိုရင် ဘုရားသခင်လည်း ခင်ဗျားတို့နဲ့ ရင်းနှီးလာလိမ့်မယ်” လို့ တိုက်ရိုက် ဖိတ်ခေါ်ထားတယ်။ (ယာကုပ် ၄:၈) “ဘုရားသခင်ဟာ ကျွန်တော်တို့ တစ်ယောက်နဲ့မှ မဝေးပါဘူး” လို့ တမန်တော် ၁၇:၂၇ မှာ ပြောတယ်။

ဒါကြောင့် ဘုရားအကြောင်း အချိန်ပေးလေ့လာတဲ့အခါ ကျွန်တော်တို့ကို “ဂရုစိုက်တဲ့အရှင်” ဖြစ်ကြောင်း ပိုနားလည်လာပါလိမ့်မယ်။ (၁ ပေတရု ၅:၇) ယေဟောဝါကို ယုံကြည်ကိုးစားရင် ဘာအကျိုးတွေ ရမလဲ။

ဂျပန်နိုင်ငံက တိုရူးအကြောင်း သုံးသပ်ကြည့်ပါ။ ခရစ်ယာန်မိခင် လက်အောက်မှာ ကြီးပြင်းလာပေမဲ့ ယာကူဇာလို့ ခေါ်တဲ့ ဂျပန်လူဆိုးဂိုဏ်းထဲ ဝင်ခဲ့တယ်။ “ကျွန်တော့်ကို ဘုရား မုန်းတယ်လို့ ထင်ခဲ့တယ်။ ဝန်းကျင်က လူတွေ၊ အထူးသဖြင့် ကိုယ်ချစ်ရသူတွေ သေဆုံးတာက ကျွန်တော့်ကို ဘုရား ဒဏ်ပေးနေတာလို့ ယူဆခဲ့တယ်။ ဝန်းကျင်ဆိုးကြောင့် သွေးအေးအေးနဲ့ ရက်စက်တဲ့သူ ဖြစ်လာတယ်” လို့ တိုရူးပြောတယ်။ “ကိုယ့်ထက် ထင်ပေါ်တဲ့သူကို သတ်၊ ဒီနည်းနဲ့ နာမည်ကြီးအောင် လုပ်ပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ သေချင်တယ်” လို့ သူ့ရဲ့ ရည်မှန်းချက်ကို ပြောပြတယ်။

ဒါပေမဲ့ ဇနီးဟာနာနဲ့အတူ ကျမ်းစာလေ့လာပြီးနောက် တိုရူးရဲ့ဘဝ အကြီးအကျယ် ပြောင်းလဲသွားတယ်။ “ကျွန်မရဲ့ ယောက်ျား လုံးဝ ပြောင်းလဲသွားတယ်” လို့ ဟာနာ ပြောတယ်။ “တစ်ယောက်စီကို တကယ် ဂရုစိုက်တဲ့ ဘုရားရှိတယ်။ ဘုရားက ဘယ်သူ့ကိုမှ မသေစေချင်ဘူး။ နောင်တရတဲ့သူကို လိုလိုလားလား ခွင့်လွှတ်တယ်။ ဘယ်သူ့ကိုမှ ပြောလို့ မဖြစ်တဲ့၊ ဘယ်သူမှ နားမလည်ပေးနိုင်တဲ့ အကြောင်းတွေကို နားထောင်၊ နားလည်ပေးတယ်။ ပြဿနာတွေနဲ့ ဒုက္ခအားလုံးကို မကြာခင် ဖယ်ရှားပေးတော့မယ်။ အခုတောင် မမျှော်လင့်ထားတဲ့နည်းတွေနဲ့ ကူညီပေးတယ်။ စိတ်ဓာတ်ကျနေချိန်မှာ စောင့်ရှောက်ပေးတယ်” လို့ တိုရူး ပြောတယ်။—ဆာလံ ၁၃၆:၂၃။

အဖြစ်ဆိုးအားလုံးကို ဘုရား ဖယ်ရှားပေးနိုင်ပြီး ဖယ်ရှားပေးတော့မယ်။ ဒါက အနာဂတ်မျှော်လင့်ချက် ရှိစေရုံသာမက လောလောဆယ်လည်း ပိုကောင်းတဲ့ဘဝကို ရစေတယ်။ ဒုက္ခပြည့်နေတဲ့ လောကမှာတောင် ဘုရားရဲ့ မေတ္တာပါ ဂရုစိုက်မှုကနေ အကျိုးရနိုင်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ