ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ကလ၁၉ အမှတ် ၂ စာ. ၄-၅
  • သဘာဝဘေး ကျရောက်တဲ့အခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သဘာဝဘေး ကျရောက်တဲ့အခါ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအမှန်တရား သိထားခြင်းက အသက်ရှင်ရကျိုးနပ်စေ
  • ကြိုတင်ပြင်ဆင်ထားသလား
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • စိုးရိမ်စရာ ရှိသမျှကို ယေဟောဝါဆီ ပုံအပ်ထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • စိုးရိမ်ပူပန်မှုကို အောင်မြင်စွာ ဖြေရှင်းနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • အမျိုးသားတွေရဲ့ စိုးရိမ်ပူပန်မှုကို ရင်ဆိုင်ဖြေရှင်းဖို့ ကျမ်းစာ ကူညီပေးနိုင်ပုံ
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၉
ကလ၁၉ အမှတ် ၂ စာ. ၄-၅
ပြိုပျက်နေတဲ့ အဆောက်အအုံနားမှာ အမျိုးသားနှစ်ယောက် ထိုင်နေစဉ်

သဘာဝဘေး ကျရောက်တဲ့အခါ

“စိတ်ဓာတ် ဘုန်းဘုန်းကျသွားတယ်။ ရေကြီး၊ မြေပြိုလို့ ပိုင်ဆိုင်သမျှအားလုံး ပျက်စီးသွားပြီ။”—အန်ဒရူး၊ ဆီရာလီယွန်။

“မုန်တိုင်း ငြိမ်သွားလို့ အိမ်ပြန်လာကြတယ်။ ဘာဆိုဘာမှ မကျန်ဘူး။ ဆွံ့အသွားတာပဲ။ သမီးဆိုရင် ထိုင်ပြီး ငိုချလိုက်တော့တယ်။”—ဒေးဗစ်၊ ဗာဂျင်ကျွန်းစု။

သဘာဝဘေး ကြုံခဲ့ဖူးမယ်ဆိုရင် တခြားသူတွေ ကြုံတွေ့ရတဲ့ ထိတ်လန့်မှု၊ လက်မခံနိုင်မှု၊ စိတ်ရှုပ်ထွေးမှု၊ စိုးရိမ်ပူပန်မှု၊ အိပ်မက်ဆိုးတွေကို နားလည်ပေးနိုင်ပါလိမ့်မယ်။ သဘာဝဘေးသင့်သူ များစွာဟာ စိတ်ပျက်လက်ပျက်နဲ့ ရှင်သန်ချင်စိတ်တောင် မရှိကြတော့ဘူး။

သဘာဝဘေး ကြုံခဲ့ဖူးမယ်ဆိုရင် သင်လည်း မခံရပ်နိုင်အောင် စိတ်ဓာတ်ကျဖူးပါလိမ့်မယ်။ အသက်ရှင်နေလည်း အလကားပဲလို့ ခံစားရနိုင်တယ်။ ဒါပေမဲ့ သမ္မာကျမ်းစာက အသက်ရှင်ရကျိုးနပ်တယ်၊ ပိုကောင်းမွန်တဲ့အနာဂတ်ကို မျှော်လင့်နိုင်တယ်လို့ ဆိုထားတယ်။

ကျမ်းစာအမှန်တရား သိထားခြင်းက အသက်ရှင်ရကျိုးနပ်စေ

“ကိစ္စတစ်ခုရဲ့ အဆုံးဟာ အစထက် ပိုကောင်းတယ်” လို့ ဒေသနာ ၇:၈ မှာ ဆိုထားတယ်။ သဘာဝဘေး သင့်ပြီးခါစဆိုရင် မျှော်လင့်ချက် မဲ့နေသလို ဖြစ်နေနိုင်တယ်။ ဒါပေမဲ့ စိတ်ရှည်ရှည်နဲ့ ဘဝကို ပြန်တည်ဆောက်သွားရင် တဖြည်းဖြည်း ကောင်းမွန်လာနိုင်ပါတယ်။

“ငိုကြွေးသံတွေ၊ ကူပါကယ်ပါဆိုတဲ့ အသံတွေ ကြားရတော့မှာ မဟုတ်” တဲ့ အချိန်ကာလကြောင်း ကျမ်းစာမှာ ကြိုဟောထားတယ်။ (ဟေရှာယ ၆၅:၁၉) ဘုရားနိုင်ငံတော် အုပ်ချုပ်မှုအောက် ကမ္ဘာမြေဟာ ပရဒိသု ဖြစ်လာတဲ့အခါ အဲဒီလို ဖြစ်လာပါလိမ့်မယ်။ (ဆာလံ ၃၇:၁၁၊ ၂၉) သဘာဝဘေးတွေ ကျရောက်တော့မှာ မဟုတ်ဘူး။ နာကျင်ဖွယ်အမှတ်ရစရာတွေ၊ ဖျောက်ဖျက်မရတဲ့ စိတ်ဒဏ်ရာတွေ ထာဝရ ပျောက်ပျက်သွားပါလိမ့်မယ်။ အကြောင်းကတော့ “အရင်တုန်းက ဖြစ်ခဲ့တာတွေကို သတိရတော့မှာ မဟုတ်ဘူး။ အဲဒါတွေဟာ စိတ်ထဲ ပေါ်လာတော့မှာ မဟုတ်ဘူး” လို့ အနန္တတန်ခိုးရှင် ဘုရားသခင် ကတိပေးထားလို့ပါပဲ။—ဟေရှာယ ၆၅:၁၇။

စဉ်းစားကြည့်ပါ– ဖန်ဆင်းရှင်က “မင်းတို့ မျှော်လင့်တဲ့ အနာဂတ်မျိုး” ပေးဖို့ စီစဉ်ထားပါတယ်။ ဘုရားနိုင်ငံတော် အုပ်ချုပ်မှုအောက် ငြိမ်သက်အေးချမ်းတဲ့ ဘဝအသက်တာ ပေးမယ်။ (ယေရမိ ၂၉:၁၁) ဒီအမှန်တရားကို သိထားခြင်းက အသက်ရှင်ရကျိုးနပ်အောင် ကူညီပေးနိုင်သလား။ “အနာဂတ်မှာ ဘုရားနိုင်ငံတော် လုပ်ဆောင်ပေးမယ့် ကောင်းမွန်ရာတွေနဲ့ ကိုယ့်ကိုယ်ကိုယ် သတိပေးတဲ့အခါ အတိတ်ဖြစ်ရပ်တွေကို ထားခဲ့ပြီး ပစ္စုပ္ပန်ကို ရင်ဆိုင်ဖြတ်ကျော်သွားဖို့ ခွန်အား ရှိလာတယ်” လို့ အစဆောင်းပါးမှာ ကိုးကားခဲ့တဲ့ ဆယ်လီ ပြောတယ်။

ဒါကြောင့် အနာဂတ်မှာ လူသားတွေအတွက် ဘုရားနိုင်ငံတော် လုပ်ဆောင်ပေးမယ့်အရာတွေအကြောင်း လေ့လာကြည့်ပါ။ ဒါဆိုရင် သဘာဝဘေး ကြုံခဲ့ရပေမဲ့ အသက်ရှင်ရကျိုး နပ်ပါလိမ့်မယ်။ သဘာဝဘေး မရှိတော့မယ့် အနာဂတ်ကို ထက်သန်စွာ စောင့်မျှော်လာနိုင်မယ်။ ဒီအတောအတွင်း လက်တွေ့ကျတဲ့ ကျမ်းစာလမ်းညွှန်ချက်တွေက သဘာဝဘေး ကြုံတွေ့ပြီးနောက်ပိုင်း ရင်ဆိုင်ဖြေရှင်းသွားနိုင်အောင် အထောက်အကူ ပြုနိုင်ပါတယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

အကူအညီဖြစ်စေမယ့် ကျမ်းပိုဒ်များ

လုံလုံလောက်လောက် အနားယူပါ။

“လက်တစ်ဆုပ်စာ အနားယူရတာဟာ လက်နှစ်ဆုပ်စာ တပင်တပန်း လုပ်ဆောင်ပြီး လေကို ဖမ်းဆုပ်ဖို့ အားထုတ်နေတာထက် ပိုကောင်းတယ်။”—ဒေသနာ ၄:၆။

စိတ်ဆင်းရဲစရာတွေ တွေ့ကြုံတဲ့အခါ “အိပ်ရေးဝဝ မအိပ်ခြင်းက ဝေဒနာကို ဆိုးရွားစေနိုင်တယ်။ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ ပိုများစေနိုင်တယ်” လို့ သုတေသီတွေ ဆိုကြတယ်။ ဒါကြောင့် လုံလုံလောက်လောက် အနားယူတာ ကောင်းတယ်။

ကိုယ့်ခံစားချက်ကို ပြောပြပါ။

“စိုးရိမ်ပူပန်မှုဟာ စိတ်ဓာတ်ကျစေတယ်။ ကောင်းတဲ့စကားကတော့ စိတ်အားတက်စေတယ်။”—ပညာအလိမ္မာ ၁၂:၂၅။

မိသားစုဝင်၊ စိတ်ချရတဲ့မိတ်ဆွေကို ရင်ဖွင့်ပြောပြပါ။ မိသားစုဝင်တွေ၊ မိတ်ဆွေတွေက နားထောင်ပေးကြမယ့်အပြင် အားပေးနှစ်သိမ့်စကားတွေ၊ လက်တွေ့ကျတဲ့ အကူအညီတွေ ပေးနိုင်ပါတယ်။a

ပိုကောင်းမယ့် အနာဂတ်ကို စောင့်မျှော်နေပါ။

“ဘုရားသခင် ကတိပေးထားတဲ့အတိုင်း ဖြောင့်မတ်ခြင်း တည်တံ့မယ့် ကောင်းကင်သစ်နဲ့ မြေကြီးသစ်ကို ကျွန်တော်တို့ စောင့်မျှော်နေကြတယ်။”—၂ ပေတရု ၃:၁၃။

a ရေရှည်စိတ်ဖိစီးမှု၊ ဆိုးရွားတဲ့ ပူပန်သောက ခံစားနေသူဟာ ဆေးကုသမှု ခံယူဖို့ လိုအပ်နိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ