ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၈/၉၀ စာ. ၁-၇
  • နိုင်ငံတော်သတင်းကြေညာရာတွင် ဇွဲရှိလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိုင်ငံတော်သတင်းကြေညာရာတွင် ဇွဲရှိလော့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မဂ္ဂဇင်းများကို ဝေငှရာတွင် ဇွဲရှိလေ
  • မဂ္ဂဇင်းများဝေငှရန် အကြံပြုချက်များ
  • သင့်နိုင်ငံတော်မျှော်လင့်ချက်ကို ဝေမျှရန် ဘရိုရှာများတင်ပြ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • သင်ဟာ ‘ကောင်းသော အမှု၌ စိတ်အားထက်သန်’ သူလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ယေဟောဝါ အိမ်တော်တွက် ဇောသန်
    ယေဟောဝါအား ချီးမွမ်းကျူးဧခြင်း
  • ဘရိုရှာများဖြင့်နိုင်ငံတော်သတင်းကောင်းကြေညာခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
နဓ ၈/၉၀ စာ. ၁-၇

နိုင်ငံတော်သတင်းကြေညာရာတွင် ဇွဲရှိလော့

၁ ယေဟောဝါရှင်သည် ကောင်းမြတ်သောလုပ်ငန်းတော်များကိုပြုတော်မူသည့် ဘုရားသခင်ဖြစ်ပြီး ယင်းတို့ဖြစ်မြောက်အောင်မြင်ရေးကို ဇွဲနှင့်စီမံတော်မူသည်။ ကိုယ်တော်ပြုလေသမျှသည် ကိုယ်တော်အားဝတ်ပြုသူတို့အကျိုးအလိုငှာဖြစ်သည်။ ခမည်းတော်၏ဇွဲကို အတုယူရာတွင် ယေရှုသည် ပုံသက်သေကောင်းဖြစ်တော်မူသည်။ တစ်ချိန်က ယေဟောဝါ၏အိမ်တော်အတွက် စိတ်ဇောထက်သန်မှုက ယင်းကို အရောင်းအဝယ်နေရာဖြစ်စေဖို့ ဖန်တီးနေသူတို့အား ဗိမာန်တော်မှနှင်ထုတ်ပစ်ရန် ကိုယ်တော်ကို လှုံ့ဆော်ပေးခဲ့သည်။ (ယော၊ ၂:၁၄-၁၇) ကျွန်ုပ်တို့လည်း ‘မွန်မြတ်သောလုပ်ငန်းများအတွက် ဇွဲရှိ’ သူများအဖြစ် သတ်မှတ်ခံစေလိုပါက ယေဟောဝါဘုရားသခင်၏လုပ်ငန်းတော်၌ ဇွဲတင်ပြရကြမည်။​—တိ၊ ၂:၁၄။

၂ ခရစ်ယာန်များ၏ ကောင်းမွန်သောလုပ်ငန်းများသည် အခြားသူများအကျိုးဖြစ်ထွန်းသည်။ အခြားသူတစ်ဦးအတွက် အကျိုးအရှိဆုံးလုပ်ငန်းမှာ ယေဟောဝါကိုသူ့အားသိကျွမ်းစေပြီး ကိုယ်တော်ကိုဝတ်ပြုရန်ဖြစ်သည်။ (ယော၊ ၁၇:၃) ကျွန်ုပ်တို့၏ဇွဲလုံ့လရှိ နိုင်ငံတော်သတင်းဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းအားဖြင့် ဤသို့သောကူညီမှုကိုပေးသည်။

၃ ဇွဲမည်သည်ကား အဘယ်နည်း။ ဇွဲသည် ပြင်းထန်သောအရှိန်ဖြစ်သည်။ ခရစ်ယာန်ဇွဲသည် မှန်ကန်၍ သင့်တော်ရာကိုပြုမူရန် စိတ်ထက်သန်ခြင်းကိုအခြေပြုသည်။ “ဇွဲ” ဟုအနက်ဖွင့်သော ဂရိစကားလုံး၏အဓိပ္ပာယ်ကား “ဆူပွက်နေ” ဖြစ်သည်။ ဘုရားသခင်၏ဓမ္မအမှုဆောင်များအနေနှင့် နိုင်ငံတော်သတင်းကြေညာရာတွင် ဤအရည်အချင်းကို တင်ပြရမည်။ ဓမ္မအမှုတွင် ကျွန်ုပ်တို့ဇွဲရှိသလော။ ယေဟောဝါ၏ရည်ရွယ်တော်မူချက်များကို သူတစ်ပါးသိရှိလာရန် အတတ်နိုင်ဆုံးကူညီပေးနေပါသလော။

မဂ္ဂဇင်းများကို ဝေငှရာတွင် ဇွဲရှိလေ

၄ ဩဂုတ်လတွင် မဂ္ဂဇင်းများဝေငှသည့်အခါ အထူးသဖြင့် လက်ဟောင်းစာအုပ်များရှိပါက အရင်အသုံးပြုပါ။ မရှိမှသာ မဂ္ဂဇင်းများကို အစုံလိုက်ဝေငှပေးပါ။ ဘာသာစကားအမျိုးမျိုးနှင့် ထုတ်ဝေထားသောမဂ္ဂဇင်းများ အမြဲဆောင်ထားပါ။ သင့်ရပ်ကွက်နှင့် အိမ်ပေါက်ဝတွင် တွေ့ဆုံသူအတွက် အသင့်တော်ဆုံးဖြစ်ပုံရှိသောစာစောင်ကို ဝေငှပေးပါ။

၅ နိုင်ငံတော်သတင်းကို ဇွဲရှိရှိကြေညာရာတွင် ကောင်းစွာပြင်ဆင်ထားရန်လိုသည်။ နောက်ဆုံး အပြန်အလှန်စကားအတွက်အကြောင်းအရာကို ကောင်းကောင်းတတ်ထားသလော။ ကျွန်ုပ်တို့ဝေငှနေသော မဂ္ဂဇင်းနှင့် အပြန်အလှန်စကားအတွက်အကြောင်းအရာကို မည်သို့ဆက်သွယ်ပေးမည်နည်း။ မဂ္ဂဇင်းတွင်ပါသည့် အဘယ်အချက်အလက်များကို ဖေါ်ထုတ်နိုင်သနည်း။ မဂ္ဂဇင်းများပါ ဆောင်းပါးအားလုံးကို ကောင်းစွာဖတ်ရှုထားပြီး ယင်းတို့ကိုနှစ်သက်အားရသည့်သဘောရှိထားလျှင် ကျွန်ုပ်တို့ရပ်ကွက်ရှိသူများအား မဂ္ဂဇင်းများကိုဇွဲရှိရှိဝေငှရန် အသင့်ရှိနေမည်။

မဂ္ဂဇင်းများဝေငှရန် အကြံပြုချက်များ

၆ သင်မိတ်ဆက်ပြီးနောက် ဤသို့ဆိုနိုင်သည်။ “ယနေ့ ဤလောကကြီးရှိ ဆိုးသွမ်းမိုက်မဲမှုကို ဘုရားသခင်ဂရုမူမမူ သင်တွေးတောကြည့်ဖူးသလော။ [ဖြေဆိုပါစေ။] များမကြာမီ လူဆိုးများဖျက်ဆီးခံရတော့မည်ဟု သမ္မာကျမ်းစာရှင်းပြဖူးသည်။ [ဆာ၊ ၉၂:၇ ကိုဖတ်ပါ။] ယင်းသို့ဖြစ်သဖြင့် စစ်မှန်သောလမ်းပြမှုနှင့် ကာကွယ်မှုရရှိရန် မည်သူ့ထံအကူအညီတောင်းဆိုမည်နည်း။ [ဆာ၊ ၁၄၅:၂၀ ကိုဖတ်။] ထိုကြောင့် ကျွန်ုပ်တို့ကယ်တင်ခြင်းရနိုင်သည့် တစ်နည်းတည်းကား ဖန်ဆင်းရှင် ယေဟောဝါဘုရားနှင့် ဆက်ဆံမှုကောင်းရှိခြင်းသာတည်း။ ယင်းကြောင့် ဘုရားသခင်အကြောင်း၊ ကိုယ်တော်၏နိုင်ငံတော်ဘုရင်အကြောင်း လေ့လာရမည်။ [ယော၊ ၁၇:၃ ကိုဖတ်။] ဤမဂ္ဂဇင်းသည် သင်နှင့်သင့်မိသားစုအား ထိုအသိပညာကိုပေးပါလိမ့်မည်။” ထိုနောက် ပြင်ဆင်ထားသည့် ဆောင်းပါးကိုတင်ပြပါ။

၇ ဤအချိန်အခါသည် ခဲယဉ်းသောကာလဖြစ်ရကား ကျွန်ုပ်တို့ကြေညာနေသောသတင်းသည် အရေးကြီးသည်။ နိုင်ငံတော်သတင်းကြေညာရာတွင် ဇွဲရှိရန်လိုသည်။ ဘုရားသခင်နှင့် ကိုယ်တော်၏နှုတ်ကပတ်တော်ကို သူတစ်ပါးအားသိလာစေရန် ဇွဲရှိရှိကြိုးစားပါ။ ဤအသက်ပေးအသိပညာကို ကြေညာခြင်းအားဖြင့် ကျွန်ုပ်တို့၏ ဘုရားရေးရာဆက်ကပ်အပ်နှံခြင်းကိုတင်ပြရုံသာမက ယေဟောဝါကိုချစ်မြတ်နိုးကြောင်းထင်ရှားစေသည်။ သင့်ကိုယ်သင်မေးမြန်းပါ။ ‘ကောင်းမွန်သောအလုပ်များအတွက် ကျွန်ုပ်ဇွဲလုံ့လရှိပါသလော။ ဟောပြောခြင်းလုပ်ငန်းကို ကျွန်ုပ်လုပ်ကိုင်ပုံသည် စိတ်ထက်သန်ပုံရှိပြီး စိုးလ်အပြည့်ဖြစ်ပါသလော။’ ကျွန်ုပ်တို့ဇွဲလုံ့လ၏အရည်အသွေးကို ကျွန်ုပ်တို့အဖြေများက ထင်ရှားစေမည်။ နိုင်ငံတော်သတင်းကို များများကြေညာလေ ကျွန်ုပ်တို့ဇွဲထက်သန်လေဖြစ်မည်။ ကျွန်ုပ်တို့သည် မွန်မြတ်သောလုပ်ငန်းများအတွက် ဇွဲလုံ့လရှိသူများအမှန်ဖြစ်ကြောင်း လူအားလုံးတွေ့မြင်ကြပေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ