တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ထောက်ကူသော စည်းဝေးများ
ဖေဖေါ်ဝါရီ ၄ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှကြေညာချက်များ။ အချိန်ရသ၍ နောက်ဆုံးထုတ်မဂ္ဂဇင်းများကို မိမိရပ်ကွက်တွင် ဝေငှနိုင်သည့်နည်းများကို တင်ပြပါ။ ဤအပတ် စနေတနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်း၌ပါဝင်ရန် အားပေး။
၁၅ မိ။ “ ‘လာခဲ့ပါ’ ဟုရဲရင့်စွာ တိုး၍ဖိတ်ခေါ်။” မေးဖြေဆွေးနွေး၍ သရုပ်ပြပွဲများနှင့်တင်ဆက်ရန်။ ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှု ပါဆောင်းပါးကိုအသုံးပြုကာ နှစ်ချုပ်ကျမ်းချက်၊ ဗျာ၊ ၂၂:၁၇ ကိုအထူးပေါ်လွင်စေပါ။ မိမိရပ်ကွက်တွင် နောက်ဆုံးထုတ်စာပေများကိုတင်ဆက်ပုံ သရုပ်ပြခန်းနှစ်ခုစီစဉ်ပါ။
၁၀ မိ။ “ယေဟောဝါအား သီချင်းဖြင့်ချီးမွမ်းခြင်း။” ဆောင်းပါးကိုအသုံးပြု အားတက်သရောဟော။ ဆောင်းပါးပါ အချက်များကိုရှင်းပြရန် ဤညနေအစီအစဉ်ပါသီချင်းတို့ကို အသုံးပြုပါ။
၁၀ မိ။ ဒေသလိုအပ်ရာ။
သီချင်း ၂၀ နှင့် ဆုတောင်းချက်။
ဖေဖော်ဝါရီ ၁၁ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ ဒေသလိုအပ်ရာများအတွက် အသင်းတော်လိုက် ရက်ရောစွာလှူဒါန်းမှုကို ကျေးဇူးတင်စကားပြော။
၂၀ မိ။ “သတင်းကောင်းဝေငှခြင်း—အလွတ်သဘောသက်သေခံခြင်းဖြင့်။” မေးဖြေပြုလုပ်ရန်။ ကြေညာသူများအသုံးပြုနိုင်မည့်အချက်များကို ပေါ်လွင်စေရန် သရုပ်ပြခန်း နှစ်ခုသုံးခုတင်ဆက်ပါ။
၁၅ မိ။ သတိရအောက်မေ့ပွဲကာလအတွင်း အရံရှေ့ဆောင်ရန် စီစဉ်ပါ။ မတ်လသို့မဟုတ်ဧပြီလ၊ သို့မဟုတ်ထိုနှစ်လစလုံးတွင် အရံရှေ့ဆောင်လိုသူများအတွက် အကူအညီဖြစ်မည့် သိအပ်သောအကြောင်းများကို အားတက်သရောဟောပြောပါ။ ကြေညာချက်ခေါင်းစဉ်အောက်ပါ အရံရှေ့ဆောင်ခြင်းအကြောင်းကို ကိုးကားပါ။ သတိရအောက်မေ့ပွဲကာလအတွင်း ရှေ့ဆောင်ကြမည့်သူများကို အားပေးကူညီရန် အသင်းတော်နှင့်ကြေညာသူတစ်ဦးစီ မည်သို့စီစဉ်နိုင်ကြောင်း ရှင်းပြပါ။ စည်းဝေးပြီးနောက် လျှောက်လွှာများတောင်းဆိုလိုသူတို့အတွက် လျှောက်လွှာစာရွက်များ အသင့်ဆောင်ထားပါ။ မတ်လတွင် စနေတနင်္ဂနွေနေ့များ ငါးပတ်ရှိမည်အကြောင်း၊ မတ်လ ၃၀ ရက်နေ့တွင် သတိရအောက်မေ့ပွဲသို့လည်းကောင်း၊ ဧပြီလ ၇ ရက်နေ့အတွက်စီစဉ်ထားသော အထူးဟောပြောချက်သို့လည်းကောင်း လူများကိုခေါ်ဖိတ်ရန် အထူးကြိုးစားမည်အကြောင်း ဖေါ်ပြပါ။
သီချင်း ၁၃၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ မေးခွန်းသေတ္တာ။ မိမိတို့အသင်းတော်အမည်ကို အတိအကျသိရုံသာမက အကြီးအကဲများအမည်ကိုပါ ကြေညာသူများသိသင့်ကြောင်းတင်ပြ။ ဤအပတ် စနေတနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်း၌ အားလုံးပါဝင်ကြရန် အားပေး။ နောက်ဆုံးထုတ်မဂ္ဂဇင်းများကို ဝေငှနိုင်ရန်နည်းများကို တင်ပြပါ။
၁၅ မိ။ “ယေဟောဝါသက်သေများအဖြစ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကို တာဝန်ကျေပွန်စွာ ထမ်းဆောင်ခြင်း။” အရည်အချင်းပြည့်ညီအစ်ကိုတစ်ဦး ဤအကြောင်းကိုဆွေးနွေးတင်ပြ၍ ဓမ္မအမှုတိုးတက်ရန် ဖေါ်ပြထားသောအချက်တို့ကို သရုပ်ပြ။
၂၀ မိ။ “ ‘လာခဲ့ပါ’ ဟုဖိတ်ခေါ်ခြင်းဖြင့် ကမ္ဘာတစ်ခွင်ရွှင်လန်းမှုတွင်ပါဝင်။” ဇန်နဝါရီ ၁၊ ၁၉၉၁ ခုထုတ်ကင်းမျှော်စင် ပါအဓိကအကြောင်းများမှ တွေ့ကြုံမှုများကိုအသုံးပြု၍ ဟောပြောရန်၊ လူတွေ့ခေါ်မေးခြင်းပြုလုပ်ရန်။ တက်ကြွစွာဟော၍ ဇွဲရှိသောကြေညာသူတို့ တွေ့ကြုံမှုများပြောဆိုရန်။
သီချင်း ၂၁၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။ မဂ္ဂဇင်းများတင်ဆက်ပုံတို့ကို သရုပ်ပြ၍အကြံပေး။ ဤအပတ်စနေတနင်္ဂနွေနေ့များတွင် လယ်ကွင်းလုပ်ငန်း၌ပါဝင်ရန် အားပေး။
၁၅ မိ။ ကျွန်ုပ်တို့တိုက်နယ်စည်းဝေးပွဲကို ငွေအားဖြင့်ထောက်ပံ့ခြင်း။ အကြီးအကဲဟောပြောရန်။ (ဓအ ၁၅၅)
၂၀ မိ။ မတ်လလုပ်ငန်းတော်အတွက် ပြင်ဆင်။ မတ်လတွင် အရံရှေ့ဆောင်များစွာရှိမည့်အတွက် နာရီနှင့်ပြန်လည်ပတ်မှုများများပြုလုပ်နိုင်သင့်သည်။ ကျမ်စာသင်အံမှုအသစ်များလည်း စနိုင်ပေမည်။ တိုက်နယ်စည်းဝေးများတက်ရန် ခရီးသွားကြမည့်သူများသော်လည်း လယ်ကွင်းလုပ်ငန်းနှင့်မှတ်တမ်းသွင်းခြင်းကို မထိခိုက်သင့်။ မတ်လတွင် ကြေညာသူအသစ်များစနိုင်ရန် ကြိုးစားပါ။ လုပ်ငန်းတော်ကြီးကြပ်မှူး အားတက်သရောဟော။
သီချင်း ၆၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။