မေးခွန်းသေတ္တာ
• မိမိနေထိုင်သောရပ်ကွက်ရှိအသင်းတော်နှင့်အတူ တွဲအမှုထမ်းကြရန် အဘယ်ကြောင့်အားပေးထောက်ခံရသနည်း။
စည်းစံနစ်တကျနှင့်သီအိုကရက်တစ်နည်းအတိုင်း အရာရာကိုပြုလုပ်ရန် အရေးကြီးသည်။ တမန်တော်ပေါလုဤသို့ရေးသားခဲ့သည်။ “ဘုရားသခင်သည် ရုန်းရင်းခတ်သောအမှုကိုပြုစုတော်မမူ။ . . . အသင့်အတင့်ငြိမ်ဝပ်ခြင်းကိုပြုစုတော်မူ၏။ ခပ်သိမ်းသောအမှုကို တင့်တယ်လျောက်ပတ်စွာအစဉ်အတိုင်းစီရင်ကြလော့။”—၁ ကော၊ ၁၄:၃၃၊ ၄၀။
လမ်းပန်းဆက်သွယ်ရေးအခက်အခဲများ၊ အလုပ်ချိန်၊ သို့မဟုတ် ကြီးကြပ်မှုအတွက်အကူအညီလိုခြင်းတို့ကြောင့် ခြွင်းချက်များရှိမည်ဖြစ်သော်လည်း ကျွန်ုပ်တို့နေထိုင်သောရပ်ကွက်ရှိအသင်းတော်တွင် စည်းဝေးများတက်ခြင်းသည် အများအားဖြင့်အကောင်းဆုံးဖြစ်သည်။ ဤသို့ပြုခြင်းဖြင့် လယ်ကွင်းလုပ်ငန်းအတွက်ပိုအဆင်ပြေစေသည်။ မိမိရပ်ကွက်ပြင်ပရှိအုပ်စုနှင့်အမှုဆောင်ရန် ခရီးဝေးသွားနေစရာမလိုပေ။ ကျွန်ုပ်တို့အသင်းတော်ရှိသူများနှင့်တွဲအမှုဆောင်ရန် ပိုအဆင်ပြေပြီး စိတ်ဝင်စားခါစလူများအား အသင်းတော်သို့ညွှန်ပြရန် သူတို့အတွက်လည်းပိုအဆင်ပြေစေသည်။
လွတ်လပ်စွာဆုံးဖြတ်ပိုင်ခွင့်ရှိသည့်စိတ်ထားမျိုးကိုရှောင်ကြဉ်ကာ နိုင်ငံတော်ရေးရာများကို ဦးစားထားသင့်သည်။ ရေးဆွဲထားနှင့်ပြီးသောအစီအစဉ်ဘောင်အတွင်း လုပ်ကိုင်ဆောင်ရွက်သင့်သည်။ (လု၊ ၁၆:၁၀) အသင်းတော်အသစ်တစ်ခုတည်ထောင်သည်၊ သို့မဟုတ် အသင်းတော်စာအုပ်ကြီးသင်တန်းများကိုစီစဉ်လျှင် မိတ်ဆွေအချို့ရှိရာတွင် ဆက်နေလိုကြပေမည်။ သို့သော် အစီအစဉ်အသစ်ကိုလက်ခံလုပ်ကိုင်ခြင်းအားဖြင့် မိတ်ဆွေအသစ်များရလာမည်။ သီအိုကရက်တစ်အပေါင်းအသင်းများ တိုးချဲ့နိုင်ပေမည်။ ထို့ပြင် သိုးအုပ်ကိုသိုးထိန်းများစောင့်ရှောက်ပေးရန် ပိုလွယ်ကူစေမည်။ မိမိတို့ပေါင်းသင်းသည့်အသင်းတော်ရပ်ကွက်တွင် ကြေညာသူများနေထိုင်ခြင်းအားဖြင့် အသင်းတော်၏ဝိညာဏအခြေအနေကိုလည်း တိုးတက်စေနိုင်မည်။