ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၆/၉၁ စာ. ၄
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၁
နဓ ၆/၉၁ စာ. ၄

ကြေညာချက်များ

• ဇွန်လ။ ၁၉၂ - မျက်နှာရှိ မည်သည့်စာအုပ်ကိုမဆို။ ဇူလိုင်နှင့်သြဂုတ်။ School ဘရိုရှာအပြင် မည်သည့် ၃၂ - မျက်နှာဘရိုရှာကိုမဆို ဝေငှမည်။ စက်တင်ဘာ။ ၁၉၂ - မျက်နှာရှိ မည်သည့်စာအုပ်ကိုမဆို။

• ဦးစီးကြီးကြပ်မှူး သို့မဟုတ် သူခန့်အပ်သောသူသည် အသင်းတော်စာရင်းများကို ဇွန်လ ၁ ရက် သို့မဟုတ် ထိုနေ့စွဲပြီးနောက် စောနိုင်သ၍စောစော စာရင်းစစ်သင့်သည်။

• ဤနှစ်စည်းဝေးပွဲကြီးသည် သုံးရက်ကြာမည်ဖြစ်ရာ စည်းဝေးပွဲကြီးကျင်းပသည့်အပတ်အတွင်း အသင်းတော်စာအုပ်ကြီးသင်တန်းအစီအစဉ်ကို ဖျက်သိမ်းရန်မလိုပါ။

• စာတိုက်မှတစ်ဆင့်ရောက်ရှိလာသောစာအချို့ပေါ် တံဆိပ်ခေါင်းအလုံအလောက်မကပ်ထားသည့်စာများကို အသင်းမမကြာခဏရရှိပါသည်။ ဤသို့မပြုမိရန် ဂရုပြုပါ။ တစ်ခါတစ်ရံ ညီအစ်ကိုများသည် စာတိုက်သေတ္တာ ၆၂ သို့မဟုတ် ၉၄-ခ၊ အင်းလျားလမ်းလိပ်စာတပ်သည်။ ဤသို့ပြုခြင်းက ဌာနခွဲရှိညီအစ်ကိုများအတွက် အလုပ်ပိုစေသည်။ အကြောင်းမှာ၊ ထိုသို့ပြုပါက ဤစာတိုက်တွင် သက်ဆိုင်ရာဌာနသို့တကူးတကသွားရ၏။ ငွေပို့လွှာနှင့်မှတ်ပုံတင်စာများကိုသာ ၉၄-ခ၊ အင်းလျားလမ်းလိပ်စာတပ်သင့်သည်။ အခြားစာအားလုံးကိုကား စာတိုက်သေတ္တာ ၆၂ လိပ်စာထည့်သင့်၏။ အစိုးရစည်းကမ်းချက်များအရ စာတိုက်ပုံးထဲ တံဆိပ်ခေါင်းအလုံအလောက်မထည့်ဘဲ တစ်ခုခုထည့်ပါက ဒဏ်ငွေဆောင်ရကြောင်း ကြေညာသူများအားပေးသိစေလိုသည်။

• နိုင်ငံတော်ခန်းမရှိ အလှူငွေပုံးများကို ရှင်းလင်းထင်ရှားစွာသတ်မှတ်ပေးသင့်သည်။ အလှူငွေထည့်သည့်အခါ ဒေသခံအသင်းတော်၏လိုအပ်ရာများအတွက် သို့မဟုတ် စည်းဝေးပွဲကြီးအတွက်အစရှိသ၍ သက်ဆိုင်ရာအလှူငွေပုံးထဲထည့်ပါ။ ဤကိစ္စနှင့်ပတ်သက်၍ လိုအပ်သည့်ကြေညာချက်များကို အကြီးအကဲများပြုလုပ်ပေးပါ။ အလှူငွေပုံးအသီးသီး၌ထည့်ထားသောအလှူငွေကို လဲလှယ်အသုံးပြုခြင်းသည် မလျောက်ပတ်ပါ။ သက်ဆိုင်ရာအလှူငွေပုံးထဲ အလှူငွေထည့်ခြင်းဖြင့် မိမိအလှူငွေသည် အဘယ်အတွက်ဖြစ်သည်ကို တစ်ဦးစီတင်ပြရန်တာဝန်ရှိသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ