လယ်ကွင်းတွင် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုကို ထမ်းဆောင်ခြင်း
၁ ယေဟောဝါနှင့်မိမိနှင့်စပ်ဆိုင်သူကိုချစ်ခြင်းက နိုင်ငံတော်သတင်းကောင်းဟောပြောရန် လှုံ့ဆော်ပေးသည်။ သမ္မာတရားကို ကျွမ်းကျင်စွာအသုံးပြုခြင်းဖြင့် “ဘုရားသခင်ကိုသိသောပညာကိုဆီးတားသော မာန်မာနရှိသမျှတို့ကို” မှောက်လှန်နိုင်ပါလိမ့်မည်။ (၂ ကော၊ ၁၀:၅) ဤတွင်အကူအညီရရန် Watch Tower Publications Index ကိုပြင်ဆင်ထားသည်။
၂ လယ်ကွင်းဟောပြောခြင်းသို့ညွှန်းသည့် အဓိကခေါင်းစဉ်မှာ “လယ်ကွင်းဓမ္မအမှု” ဖြစ်သည်။ ထိုတွင် ကျွန်ုပ်တို့ကိုယ်ပိုင်သဘောထား၊ နိဒါန်းများ၊ ကန့်ကွက်ချက်များကို ချေပအနိုင်ယူခြင်း၊ စာစောင်တစ်စောင်စီအတွက် တင်ဆက်ပုံများ၊ ပြန်လည်ပတ်မှုနှင့်ကျမ်းစာသင်အံမှုအစရှိသည့်ကဏ္ဍတိုင်းကိုဖေါ်ပြထားသည်။ အချက်တစ်ချက်ကို တွေ့ကြုံမှုကောင်းအနည်းငယ်ဖြင့် ရှင်းပြလိုသလော။ သင်လိုအပ်ရာကို “တွေ့ကြုံမှုများ” ခေါင်းစဉ်ပါအကြောင်းအောက် တွေ့ရှိပေမည်။
၃ အခန်းငယ်အချို့ကိုပါတင်ပြပြီး ကျမ်းစာ၏အတွင်းစကားများမညီညွတ်ဟူ၍ တစ်ဦးဦးပြောသလော။ “ကျမ်းစာစစ်မှန်ခြင်း” ခေါင်းစဉ်အောက်တွင် ခေါင်းစဉ်ငယ် “ဆန့်ကျင်စကားများ” နှင့် “ညီညွတ်မှု” တို့က ဤကန့်ကွက်ချက်ကိုဆွေးနွေးတင်ပြပုံများ ဖေါ်ပြထားပါသည်။ ခေါင်းစဉ်ငယ် “ကျမ်းချက်များကိုညီညွတ်စေခြင်း” အောက်တွင် ဆန့်ကျင်ပုံရှိသောကျမ်းချက်များနှင့် ယင်းတို့ကိုရှင်းလင်းတင်ပြသည့် ကိုးကားချက်အမြောက်အမြားကိုတွေ့ရှိမည်။
၄ အချို့နေရာများတွင် သုံးပါးပေါင်းတစ်ဆူ၊ ငရဲမီးနှင့်ဝိညာဉ်မသေနိုင်အစရှိသည့် ခရစ်ယာန်ဘောင်၏မှားယွင်းသောအယူတို့ကို ဖြေရှင်းပေးရန်လိုပေမည်။ ယင်းတို့တစ်ခုစီအတွက် အဓိကခေါင်းစဉ်များစွာရှိသည်။ “သုံးပါးပေါင်းတစ်ဆူ” နှင့် “ဝိညာဉ်မသေနိုင်” အောက်တွင် “ထောက်ခံတင်ပြရန် အလွဲအမှားအသုံးပြုသည့်ကျမ်းချက်များ” ခေါင်းစဉ်ငယ်ကိုတွေ့ရှိပါမည်။ ယင်းက ကျမ်းချက်တစ်ခုဆိုင်ရာဆွေးနွေးပုံသို့ ညွှန်းပေးပါလိမ့်မည်။ “မှားယွင်းစွာအဓိပ္ပာယ်ကောက်ယူသည့်ကျမ်းချက်များ” ခေါင်းစဉ်ငယ်ပါသည့် “ငရဲ” ခေါင်းစဉ်ကြီးအောက် ထပ်တူဆွေးနွေးခြင်းကိုတွေ့ရှိမည်။
၅ ကျမ်းစာသင်အံမှုစလိုပါသလော။ သို့မဟုတ် မတိုးတက်သောသင်အံမှုရှိနေပါသလော။ “ကျမ်းစာသင်အံမှုများ” ခေါင်းစဉ်အောက်တွင် ခေါင်းစဉ်ငယ်များဖြစ်သည့် “စတင်ခြင်း” “ကူညီပေးခြင်း” နှင့် “သွန်သင်ခြင်း” တို့ကိုတွေ့ရှိပါမည်။ ယင်းတို့အောက်အသီးသီး တိုးတက်သောကျမ်းစာသင်အံမှုများတွေ့ရှိ၍ကျင်းပရန် အကူအညီများကို ညွှန်ပြထားသည်။ သင်အံမှုတစ်ခုကို အဘယ်အချိန်တွင်ရပ်စဲလိုက်လျှင်အကောင်းဆုံးဖြစ်မည်ကိုသိရှိရန် “မတိုးတက်သည်ကိုရပ်စဲခြင်း” နှင့် “အဆက်ဖြတ်ခြင်း” ခေါင်းစဉ်ငယ်များကိုသုံးသပ်နိုင်ပါသည်။
၆ လယ်ကွင်းဓမ္မအမှုတွင် ထပ်ဆင့်အခွင့်အရေးများရလိုပါသလော။ “အချိန်ပြည့်ဓမ္မအမှု”၊ “အရံရှေ့ဆောင်များ”၊ “ရှေ့ဆောင်များ”၊ “သာသနာပြုများ” နှင့် “အကူအညီသာ၍လိုအပ်သောနေရာများတွင် အမှုဆောင်ခြင်း” ခေါင်းစဉ်တို့က ဤပန်းတိုင်များကိုမည်သို့မီနိုင်ရန် လက်တွေ့ကျအကြောင်းနှင့် မီခဲ့သူများ၏ အားရစရာတွေ့ကြုံမှုများသို့ညွှန်းထားပါသည်။
၇ လယ်ကွင်း၌ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုကိုထမ်းဆောင်ခြင်းဖြင့် ကျေနပ်မှုများစွာရရှိနိုင်သည်။ (ယော၊ ၄:၃၄) ဤပျော်ရွှင်ဖွယ်လုပ်ငန်းတွင် ပါဝင်ရာ၌ Watch Tower Publications Index ကသင့်အားအကူအညီပေးနိုင်ပါသည်။