တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ထောက်ကူသော စည်းဝေးများ
ဩဂုတ် ၅ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
သီချင်း ၁၆၅
၁၀ မိ။ ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှကြေညာချက်များ။ ဒေသခံရပ်ကွက်အတွက်သင့်တော်သော မဂ္ဂဇင်းဝေငှပုံ တစ်ခုနှစ်ခုဆွေးနွေးပါ။ ဤအပတ် စနေတနင်္ဂနွေနေ့များတွင် အမှုဆောင်ထွက်ကြရန် ကြေညာသူများကိုအားပေးပါ။ Reasoning စာအုပ်ကို နောက်အပတ် လုပ်ငန်းတော်စည်းဝေးသို့ယူလာကြရန်။
၂၀ မိ။ “ဘုရားသခင့်နာမတော်ကို အပြည့်အဝချီးမွမ်း။” မေးဖြေဆွေးနွေးရန်။ နောက်ဆုံးအပြန်အလှန်စကားအတွက်အကြောင်းအရာကို မည်သို့အသုံးပြုနိုင်ကြောင်း ကောင်းစွာပြင်ဆင်ထားသောသရုပ်ပြခန်းနှင့်နိဂုံးချုပ်ပါ။ ဒေသအခြေအနေနှင့်အညီ ပြုပြင်အသုံးပြုပါ။ မိမိကိုယ်ကိုမိတ်ဆက်ပြီးနောက် ကြေညာသူသည် ဤသို့ဆိုနိုင်သည်။ “အနာဂတ်အတွက် အပြုသဘောထားရှိအမြင်မျိုးထားရန်လိုအပ်ကြောင်း ဤအနီးနားတစ်ဝိုက် ဆွေးနွေးတင်ပြနေပါသည်။ ကမ္ဘာ့ခေါင်းဆောင်များက သာ၍ကောင်းသောကမ္ဘာအတွက် သူတို့စီမံကိန်းများအကြောင်း မကြာခဏတင်ပြကြသည်။ သူတို့အဘယ်အရာကိုအခြေခံပြီး မျှော်လင့်ချက်ထားရှိကြသနည်း။ လူသားတို့သည် သာ၍ကောင်းသောကမ္ဘာ ဖြစ်ပေါ်လာစေနိုင်မည်ဟု သင်ယူမှတ်သလော။ [ဖြေဆိုပါစေ။] ယေရမိ ၁၀:၂၃ တွင်ယေရမိဤသို့ဆိုထားသည်။ [ဖတ်။] ဘုရားသခင်၏ကတိတော်ကိုသိထားသည့်အတွက် အနာဂတ်အဖို့ မျှော်လင့်ချက်ထားနိုင်သည်။ ကိုယ်တော်၏ကတိတော်လည်း ပျက်လိမ့်မည်မဟုတ်ပါ။ တမန်တော်ပေတရု ဤသို့ဆိုသည်။ [၂ ပေ၊ ၃:၁၃ ကိုဖတ်။] ဤဘရုရှာတွင် ဘုရားသခင်၏စိတ်ချရသောကတိတော်ကို မည်သို့ပေါ်လွင်စေကြောင်း သတိပြုပါ။” တင်ပြသည့်ဘရိုရှာတွင် သက်ဆိုင်ရာအကြောင်းကို အိမ်ရှင်အားကြေညာသူပြပေး။
၁၅ မိ။ “စိုက်ပျိုး၍ရေလောင်းခြင်း—တပည့်ဖြစ်စေရန် အဆင့်များ။” ကြားညှပ် စာမျက်နှာ ၃ ပါ အပိုဒ် ၁-၉ ကိုပရိသတ်နှင့်ဆွေးနွေး။ အပိုဒ် ၇-၉ ကိုဆွေးနွေးသည့်အခါ တင်ပြထားသည့်အတိုင်း ပြုလုပ်နိုင်သောကြေညာသူများကို လူတွေ့ခေါ်မေးခြင်းအားဖြင့် သို့မဟုတ် တွေ့ကြုံမှုများတင်ပြစေခြင်းအားဖြင့် ဆွေးနွေးတင်ပြသည့်အကြောင်းကို လက်တွေ့ကျစေပါ။ တွေ့ကြုံမှုများ၊ လူတွေ့ခေါ်မေးမြန်းခြင်းများကို တိုတိုတုတ်တုတ်သာဖြစ်စေပါ။ လိုရင်းချက်ကိုပေါ်လွင်စေပါ။
သီချင်း ၁၃၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၁၂ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
သီချင်း ၇၂
၁၀ မိ။ ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ စနေတနင်္ဂနွေနှင့်အခြားရက်များ၌ လယ်ကွင်းလုပ်ငန်းတွင်ပါဝင်ရန် အသင်းတော်ကိုအားပေး။
၁၅ မိ။ “လယ်ကွင်းဓမ္မအမှုတွင် စိုးလ်အပြည့်ရှိလေ။—အပိုင်း ၂။” ဤအကြောင်းကိုအားတက်စွာဟောပြော၍ Reasoning စာအုပ်ကိုမည်သို့အသုံးပြုနိုင်ကြောင်းဖေါ်ပြပါ။ တင်ပြသည့်အချက်များကို သရုပ်ပြနေစရာမလိုဘဲ လယ်ကွင်းလုပ်ငန်းအတွက် ဤလက်စွဲသုံးစာအုပ်ကောင်းပါအချက်များကို မည်သို့အသုံးပြုနိုင်ကြောင်း ဟောပြောသူကိုယ်တိုင်တင်ပြနိုင်။ Reasoning စာအုပ်မရှိလျှင် ဆွေးနွေးရန်ကျမ်းစာအကြောင်းများ စာအုပ်ကိုအသုံးပြုရန်အားပေးပါ။ လယ်ကွင်းဓမ္မအမှုအတွက်ပြင်ဆင်ရာတွင် ဆွေးနွေးရန်ကျမ်းစာအကြောင်းများ စာအုပ်ကိုအသုံးပြု၍ လေ့ကျင့်ခြင်းအစီစဉ်များ၏တန်ဖိုးကို တိုရှင်းလိုရင်းဖေါ်ပြပါ။ အချိန်ရလျှင် ယင်းသို့ ကြေညာသူတစ်ဦးမည်သို့ပြုလုပ်မည်အကြောင်း ရှင်းပြပါစေ။
၂၀ မိ။ “စိုက်ပျိုး၍ရေလောင်းခြင်း—တပည့်ဖြစ်စေရန် အဆင့်များ။” ပြီးခဲ့သောအပတ်၌ဆွေးနွေးခဲ့သောအကြောင်းကို အနည်းငယ်ပြန်တင်ပြပြီးနောက် ကြားညှပ်၊ စာမျက်နှာ ၇ နှင့် ၈ အပိုဒ် ၁၀-၂၀ ကိုပြန်မေးဖြေဆွေးနွေးပါ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု လထုတ်ဟောင်းများပါ အကြံပြုချက်များကိုအသုံးပြုခြင်းဖြင့် မိမိတို့ဓမ္မအမှုကို မည်သို့တိုးတက်စေခဲ့ကြောင်း နှင့် ကျမ်းစာသင်အံမှုများကို မည်သို့စနိုင်ခဲ့ကြောင်း ကြေညာသူအချို့ပြောပြနိုင်ပေမည်။
သီချင်း ၄၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၁၉ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
သီချင်း ၁၇၄
၁၀ မိ။ ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။ “ဘုရားသခင့်အလိုတော်ကို ဝီရိယရှိရှိ ဆောင်ရွက်ခြင်း။” ၁၉၉၂ ခုအထူးစည်းဝေးပွဲအစီအစဉ်ကိုတက်နိုင်ရန် ကြိုတင်စီစဉ်ထားကြရန် ညီအစ်ကိုများကိုအားပေး။ သိထားမည်ဆိုလျှင် ၄င်း၏ရက်စွဲနှင့်နေရာကိုကြေညာပေး။ အချိန်ရှိလျှင် ဤအပတ်စနေတနင်္ဂနွေနေ့များတွင် တစ်အိမ်မှတစ်အိမ်လုပ်ငန်း၌ နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ အဘယ်ဆောင်းပါးများကိုအသုံးပြုနိုင်ကြောင်း တင်ပြပါ။
၂၀ မိ။ “သတင်းကောင်းဝေငှခြင်း—ကြိမ်ဖန်များစွာ အမှုဆောင်သည့်ရပ်ကွက်တွင်။” မေးဖြေရန်။ ယင်းကို မိမိဒေသ၌အသုံးပြုနိုင်ပုံ သို့မဟုတ် အသင်းတော်လိုအပ်ရာနှင့်အညီ ပြုပြင်၍တင်ပြရန်။
၁၅ မိ။ “အသင်းတော်စာအုပ်ကြီးသင်တန်းအစီအစဉ်—အပိုင်း ၁။” ထိရောက်စွာသွန်သင်သော အသင်းတော်စာအုပ်ကြီးသင်တန်းမှူး အားတက်သရောဟောရန်။
သီချင်း ၂၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဩဂုတ် ၂၆ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
သီချင်း ၁၃၄
၁၅ မိ။ ဒေသကြေညာချက်များ။ အသင်းတော်၏လယ်ကွင်းလုပ်ငန်းတော်အစီအစဉ်များနှင့် ရှေ့ဆောင်များအတွက် အားပေးမှုဖြစ်သည့် အဘယ်အကူအညီများပြုလုပ်ထားကြောင်း အသေးစိတ်ဖေါ်ပြ။ စက်တင်ဘာ ၁ ရက်မှစ၍ ရှေ့ဆောင်လုပ်ငန်းတွင်စပါဝင်မည့်သူတို့၏လိုအပ်ရာကို အထူးဂရုပြုပါ။ ဤအပတ်စနေတနင်္ဂနွေနေ့ လယ်ကွင်းလုပ်ငန်း၌ပါဝင်ရန် အားပေး။ စာအုပ်စာတမ်းများထုတ်ယူကြရန် တိုက်တွန်း။
၁၅ မိ။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် ဩဂုတ်လမှတ်တမ်းအကြောင်းဆွေးနွေးတင်ပြ။ ကောင်းလျှင်ချီးမွမ်းရန်။
၁၅ မိ။ ဦးစီးကြီးကြပ်မှူးသည် လုပ်ငန်းတော်နှစ်သစ်အတွက် အားတက်ဖြစ်ကြရန်ဟောပြော။
သီချင်း ၁၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။