သီအိုကရက်တစ် ဓမ္မအမှုဆောင်ကျောင်း ပြန်လည်စစ်ဆေးခြင်း
၁၉၉၁ စက်တင်ဘာ ၂ မှ ဒီဇင်ဘာ ၂၃ ရက်အပတ်အတွင်း သီအိုကရက်တစ် ဓမ္မအမှုဆောင်ကျောင်း တာဝန်များတွင် လေ့လာခဲ့သော အကြောင်းအရာများကို ပြန်လည်စစ်ဆေးခြင်း။ ကန့်သတ်ထားသည့်အချိန်အတွင်း သင်ဖြေဆိုနိုင်သမျှမေးခွန်းများ၏အဖြေများကို သီးခြားစာရွက်တစ်ရွက်တွင် ဖြေဆိုပါ။
[သတိပြုချက်။ ရေးဖြေစစ်ဆေးချိန်တွင် မည်သည့်မေးခွန်းကိုမဆို ဖြေဆိုရာ၌ ကျမ်းစာကိုသာ အသုံးပြုရမည်။]
အောက်ပါမေးခွန်းများ မှားကြောင်းမှန်ကြောင်း ဖေါ်ပြပါ။
၁။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း သည် ခရစ်ယာန်ဂရိကျမ်းသို့ မြင့်မြတ်သောနာမတော်ကိုပြန်ထည့်သွင်းပေးသည့် ဦးဆုံးဘာသာပြန်ကျမ်းဖြစ်သည်။
၂။ ကုရုစလင်ဒါသည် သုံ့ပန်းများအား နေရင်းပြည်များသို့ပြန်ပို့လေ့ရှိသည့်လုပ်ရိုးလုပ်စဉ်ကို ဖော်ပြသည်။ [ကမ ၅၀၅/၂၀]
၃။ မောရှေသည် ပဲန်တာကျွတ်ကျမ်းကိုရေးသူဟု ဂျူးများပင်မက တိတ္ထိများဖြစ်သောရန်သူအချို့ပါထောက်ခံသည်။ [ကမ ၅၁၁/၅]
၄။ ဒိနကို ရှေခင်မုဒိန်းကျင့်ခဲ့မည်ဖြစ်သည်။ (က၊ ၃၄:၁-၃) [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း။]
၅။ ကမ္ဘာဦးကျမ်း ၃၈:၈-၁၀ တွင်ပါသည့် သုတ်ရည်ကိုသြနန်ထုတ်၍စွန့်ခြင်းအကြောင်းက တားဆေးများမသုံးသင့်ဟုထောက်ခံသည်။ [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း။]
၆။ ပြည့်တန်ဆာထင်ပြီးမိန်းမတစ်ဦးနှင့်ဆက်ဆံခြင်းဖြင့် ယုဒသည်ဖြောင့်မတ်စွာမကျင့်ခဲ့သည်မှန်သော်လည်း ဘုရားသခင့်ပညတ်ချက်ကိုမချိုးဖောက်ခဲ့ပါ။ [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း။]
၇။ တိုင်းပြည်တစ်ခု၏ထုံးစံဖြစ်နေမည်ဆိုလျှင် ယေဟောဝါသက်သေများသည် အရာရှိရှေ့ရိုသေမှုပြသည့်အနေနှင့် မတ်တတ်ရပ်ခြင်း၊ ဦးညွတ်ခြင်းမက ဝပ်တွားခြင်းပင်ပြုပါသည်။ (က၊ ၄၄:၁၄) [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း]
၈။ ရေရှိသမျှကို မောရှေအသွေးဖြစ်စေခဲ့ပြီးနောက်မှ အီဂျစ်ဝိဇ္ဇာဆရာများလည်း အတုယူပြီး သူတို့၏မှော်အတတ်ကိုပြုရန် တွင်းရေကိုအသုံးပြုခဲ့ပေမည်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း]
၉။ ရှီကိုင်နာအလင်းကို တဲတော်နှင့်ရှောလမုန်၏ဗိမာန်တော်နှစ်ခုစလုံး၏ သန့်ရှင်းဆုံးအခန်း၌ တွေ့မြင်ခဲ့ရသည်။ (ထွက်မြောက်ရာ ၂၅:၂၁၊ ၂၂ နှင့်နှိုင်းယှဉ်။ [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း]
၁၀။ အန္တရာယ်ရှိသည့် “အခြားသောအနာ” သည်မိခင်နှင့်သာသက်ဆိုင်သည်။ (ထွ၊ ၂၁:၂၃) [ပတ်စဉ် ကျမ်းစာဖတ်ရှုခြင်း]
အောက်ပါမေးခွန်းများကို ဖြေဆိုပါ။
၁၁။ ဘာသာပြန်ကျမ်းများစွာတွင် အဘယ်ချွတ်ယွင်းချက်များရှိသနည်း။ [ကမ ၄၈၉/၁၅]
၁၂။ ကျမ်းစာပြန်ဆိုသူတို့သည် စကားလှပရည်မွန်မှုဟုယူမှတ်သည့်ပုံစံဖြစ်ရန် စာသားအတိုင်းပြန်ဆိုခြင်းကိုစွန့်လွှတ်သည့်အခါ မည်သို့ဖြစ်သနည်း။ [ကမ ၃၂၅/၃၁၊ အင်္ဂလိပ်]
၁၃။ ကမ္ဘာသစ်ဘာသာပြန်ကျမ်း သည် ယင်း၏ပြန်ဆိုချက်များတွင် မည်သို့ရှေ့နောက်ညီညွတ်သနည်း။ [ကမ ၃၂၇/၇၊ အင်္ဂလိပ်]
၁၄။ သမ္မာကျမ်းစာသည် ကျမ်းစစ်ကျမ်းမှန်ဖြစ်ကြောင်း အဘယ်အရာကထူးခြားစွာသက်သေထူသနည်း။ [ကမ ၅၂၂/၂၅]
၁၅။ ကမ္ဘာဦး ၃၀:၁၄၊ ၁၅ တွင်တင်ပြသည့်အတိုင်း ပဋိသန္ဓေတည်ရခွင့်ကို လေအာထံမှအနုဆေးသီးအချို့နှင့်လဲလှယ်ဖို့ ရာခေလအဘယ်ကြောင့်ဆန္ဒရှိသနည်း။ [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း။]
၁၆။ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို သားသမီးများအားသွန်သင်ပေးခြင်းသည် နောင်တွင်သူတို့အားအကျိုးဖြစ်စေမည်ဟု ကမ္ဘာဦး ၃၉:၉ ကမည်သို့တင်ပြသနည်း။ [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း။]
၁၇။ အီဂျစ်ပြည်မှ အစဉ်အမြဲ ထွက်သွားရန်ဘုရားသခင်အလိုတော်ရှိလျက်နှင့် တောအရပ်တွင် သုံးရက် သွားနေခွင့်ကို ဖာရောထံမှမောရှေတောင်းဆိုရန် ဘုရားအဘယ်ကြောင့်စေခိုင်းသနည်း။ (ထွ၊ ၃:၁၈) [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း။ ]
၁၈။ ဘုရားသခင်၏ ‘အသက်စာစောင်’ တွင်အမည်ပါဝင်ခြင်းက ထာဝရအသက်ရရန် အာမခံသလော။ (ထွ၊ ၃၂:၃၂၊ ၃၃) [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း။]
၁၉။ ‘ယေဟောဝါသည် မောရှေနှင့်မျက်နှာချင်းဆိုင်၍ နှုတ်ဆက်တော်မူ’ သည်အကြောင်းကို မည်သို့ရှင်းပြမည်နည်း။ (ထွ၊ ၃၃:၁၁) [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း။]
အောက်ပါဝါကျများကို ပြီးပြည့်စေရန် လိုအပ်သောစကားလုံး သို့မဟုတ် စကားစုများကို ထည့်ပေးပါ။
၂၀။ ဟေဗြဲကြိယာများကို တိကျစွာမပြန်ဆိုနိုင်ခြင်းအကြောင်းတစ်ခုမှာ ဟုခေါ်သောယခုခေတ်သဒ္ဒါသီအိုရီကြောင့်ဖြစ်သည်။ [ကမ ၃၂၉/၁၄၊ အင်္ဂလိပ်]
၂၁။ ၁၉၈၉ (၁၉၆၃) ခုနှစ်တိုင်သော် ကမ္ဘာသစ်ဘာသာပြန်ကျမ်း သည်ဘာသာစကားပေါင်း နှင့်စောင်ရေ သို့ပုံနှိပ်ထုတ်ဝေပြီးသားဖြစ်သည်။ [ကမ ၃၃၀/၂၁၊ ၂၂ အင်္ဂလိပ်]
၂၂။ ရှေးဟောင်းသုတေသီတစ်ဦး၏အဆိုအရ ဘာသာစကားများစတင်ပြန့်နှံ့ခဲ့သောအချက်အခြာနေရာကား ဖြစ်သည်။ [ကမ ၅၁၄/၁၃]
၂၃။ ပြန်အိမ်ထောင်ပြုနိုင်ခွင့်ရှိသည့် လင်မယားကွာရှင်းနိုင်သောအကြောင်းပြချက်တစ်ခုတည်းကား ဖြစ်သည်။ [ထရ အခန်း ၂၉/၂၈]
၂၄။ ရှိလောအဓိပ္ပာယ်မှာ ဖြစ်ပြီး ပရောဖက်ပြုချက်အရ ယင်းသည် အားညွှန်းသည်။ (က၊ ၄၉:၁၀) [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း။]
၂၅။ ပဋိညာဉ် သည် “မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး” ဖြစ်လာရန်အကူအညီပြုသည်။ [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း။]
အောက်ပါဝါကျများတွင် အဖြေအမှန်ကို ရွေးပေးပါ။
၂၆။ ဂိဟုန်အရပ်တွင် ရှေးဟောင်းသုတေသီများတွေ့ရှိခဲ့ရာတို့သည် (ဗာဗုလုန်ရဲတိုက်၊ ဒါဝိဒ်၏မြို့တော်ရှိရေမြောင်း၊ ယုဒပြည်ကို ရှိရှက်ဝင်ရောက်တိုက်ခိုက်ခြင်း) ဆိုင်ရာကျမ်းစာမှတ်တမ်းကို ထောက်ခံပေမည်။ [ကမ ၄၉၇/၉]
၂၇။ (တိတုခုံး၊ ပုန္တိပိလတ်ကမ္ပည်း၊ အာရေတောင်) သည်အာသင်မြို့တွင် ယနေ့တိုင်ရှိနေသေး၍ တမန်တော် ၁၇:၁၆-၃၄ ပါအနေအထားမှန်ကန်ကြောင်းထောက်ခံသည်။ [ကမ ၅၀၆/၂၄]
၂၈။ အမျက်ဒေါသသည် သွေးဖိအားကိုထိခိုက်ပြီး နှလုံးလှုပ်ရှားထကြွခြင်း၊ ခေါင်းကိုက်ခြင်း၊ နှာခေါင်းသွေးယိုခြင်း၊ မူးမော်ခြင်းနှင့်အသံမထွက်ရန်ဖြစ်စေတတ်သည်ဟူသော ခေတ်ဆေးသုတေသီတို့၏အဆိုသည် (သုတ္တံ ၁၄:၃၀၊ ယောဘ ၁၉:၂၀၊ ဆာလံ ၁၂:၃) နှင့်ညီညွတ်သည်။ [ကမ ၅၁၆/၁၅]
၂၉။ “ညဦးအချိန်” ဟုဆိုရာတွင် (မွန်းလွဲမှနေဝင်၊ နေဝင်မှမှောင်ထုကျချိန်၊ ပြက္ခဒိန်ရက် တစ်ရက်မှတစ်ရက်၏ညနေချိန်) ကိုဆိုလိုပါသည်။ (ထွ၊ ၁၂:၆) [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း။ ]
၃၀။ ထွက်မြောက်ရာ ၄၀:၃၄ တွင်ဖော်ပြထားသည့်အကြောင်းသည် (တဲတော်ကိုယေဟောဝါမျက်နှာသာတွေ့ကြောင်း၊ ယေဟောဝါသည် မျက်မြင်မရဖြစ်သည်ကိုသတိပေးခြင်း၊ လာလတံ့သောအတိဒုက္ခနိမိတ်ဖြစ်ကြောင်း၏သာဓက) ဖြစ်ပါသည်။ [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း။]
အောက်ပါဝါကျများနှင့် သက်ဆိုင်ရာ ကျမ်းချက်များကို ပူးတွဲပေးပါ။
ထွ၊ ၁၄:၂၁။ တရား၊ ၂၃:၉-၁၄။ ၄ ရာ၊ ၃:၄၊ ၅။ ဆာ၊ ၁၉:၇-၁၀။ ဆာ၊ ၇၇:၁၁၊ ၁၂။
၃၁။ မောဘကျောက်စာသည် ဤကျမ်းစာမှတ်တမ်းကို ထောက်ခံပါသည်။ [ကမ ၄၉၈/၁၁]
၃၂။ ကျန်းမာရေးနှင့်ဆိုင်သော ကျမ်းစာသြဝါဒသည် ဆေးပညာနှင့်ကိုက်ညီသည်။ [ကမ ၅၁၇/၁၇]
၃၃။ ဘုရားသခင်၏ဉာဏ်ပညာတော်ကို ဒါဝိဒ်လေးမြတ်ကြောင်းဖော်ကြူးခဲ့သည်။ [ကမ ၃၅၀/၇၊ အင်္ဂလိပ်]
၃၄။ ကျမ်းစာမှအကျိုးခံစားရရန် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို အစဉ်ဆင်ခြင်သုံးသပ်ရမည်။ [ကမ ၃၅၁/၁၂၊ အင်္ဂလိပ်]
၃၅။ ဤအဖြစ်အပျက်အကြောင်း ယုံလောက်ဖွယ်ရှင်းပြချက်များရှိသော်လည်း သဘာဝအံ့ဖွယ်ရာမျှဖြစ်မည့်အစား ဘုရားသခင့်လက်ချက်ပါသည်ကားအမှန်ပင်ဖြစ်သည်။ [ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်း။]