ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၅/၉၂ စာ. ၃
  • မေးခွန်းသေတ္တာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေးခွန်းသေတ္တာ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • နိုင်ငံတော်ခန်းမစာကြည့်တိုက်များအတွက် အစီအစဉ်သစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ဝတ်ပြုရာခန်းမ စာကြည့်တိုက်က ဘယ်လို အကျိုးပြုနိုင်သလဲ
    ဒီနေ့အချိန်မှာ ယေဟောဝါဘုရားသခင့် အလိုတော်ကို ဘယ်သူတွေ ဆောင်ရွက်နေကြသလဲ
  • မေးခွန်းသေတ္တာ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • အကျိုးရနေသည်ဆိုလျှင် ယင်းကိုသုံးပါလေ!
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၅/၉၂ စာ. ၃

မေးခွန်းသေတ္တာ

▪ အသင်းတော်သည် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာစောင်များကို ဖိုင်တွဲထားသင့်သလော။

၁၉၇၂ ခုနှစ်၊ မေလထုတ် နိုင်ငံတော်ဓမ္မအမှု စာစောင်တွင် အကိုးအကားပြုနိုင်ရန်ရည်ရွယ်ချက်ဖြင့် လစဉ်ထုတ် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာစောင်ကို နိုင်ငံတော်ခန်းမစာကြည့်တိုက်တွင် ဖိုင်သွင်းသိမ်းဆည်းထားရန် ညွှန်ကြားထားသည်။ ထိုဖိုင်မျိုးတစ်ခုကို အကြီးအကဲများနှင့်ကြေညာသူများအတွက်အသုံးဝင်ရန် ဆက်လက်ထိန်းသိမ်းထားရန် သင့်လျော်သည်။

ကြေညာသူများသည် လွန်ခဲ့သောအချိန်ကဆောင်းပါးများဖြစ်သည့် လယ်ကွင်းလုပ်ငန်းတွင်တင်ဆက်ပုံ၊ ကျမ်းစာသင်အံမှုပြုလုပ်ခြင်း၊ ပြန်လည်ပတ်မှုပြုလုပ်ခြင်းနှင့် အခြားသောအချက်များကို ပြန်လည်ကိုးကားနိုင်သည်။ ဓမ္မအမှုတွင်အသုံးပြုရန် ကောင်းသောအကြံဉာဏ်များကို ရရှိနိုင်သည်။ တစ်ခါတစ်ရံ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာစောင်သစ်များသည် အချို့ညီအစ်ကိုများအသင်းတော်နှင့်မပေါင်းသင်းခင်ကတည်းက ထုတ်ဝေခဲ့သောစာစောင်အဟောင်းများကို ပြန်လည်ရည်ညွှန်းတတ်သည်။ ထိုဖိုင်ကိုသိမ်းဆည်းထားပါက လူသစ်များအတွက်အကျိုးရှိပေမည်။ နိုင်ငံတော်ခန်းမတွင် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာစောင်အဟောင်းများကို သိမ်းဆည်းထားရန် ပုံစံသစ် ကင်းမျှော်စင် ဖိုင်တစ်ခုကို အသုံးပြုနိုင်သည်။

အကြီးအကဲများသည် ဤဖိုင်တွဲတွင် နောက်ဆုံးထုတ်စာစောင်များကို လစဉ်သိမ်းထားရန် သီအိုကရက်တစ်ကျောင်းကြီးကြပ်မှူး သို့မဟုတ် အရည်အချင်းရှိသောဓမ္မအမှုထမ်းတစ်ဦးကို တာဝန်ပေးသင့်သည်။ ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှု တွင်ဖော်ပြသောအကြောင်းကြားချက်များသည် တိကျသောစည်းမျဉ်းများအရမဟုတ်ဘဲ အကြံပေးချက်ပုံစံဖြင့်ဆိုလျှင် ယင်းသည် အသင်းတော်တစ်ခုစီ၏စာကြည့်တိုက်ရှိ ကောင်းသောကိုးကားရန်အခြေအမြစ်ဖြစ်မြဲဖြစ်နေမည်။ ထုတ်ဝေခဲ့ပြီးသော ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု စာစောင်များကို ဌာနခွဲတွင်မှာယူ၍မရနိုင်တော့ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ