ဝေစာနှင့်ဘရိုရှာများဝေငှရန် နိဒါန်းပျိုးခြင်း
၁ ဝေစာနှင့်ဘရိုရှာများကို သင်အသုံးပြုပါသလော။ အသုံးပြုသူများစွာရှိသည်။ ဘာသာစကားပေါင်းမြောက်မြားစွာဖြင့် ဝေစာနှင့်ဘရိုရှာ သန်းပေါင်းများစွာကို ပုံနှိပ်ထုတ်ဝေနေကြပါသည်။ ယင်းတို့ကြောင့် သမ္မာတရားရရှိသူများစွာရှိပြီ။ ထိုကြောင့် ယင်းတို့ကိုများများအသုံးပြုကြရန် တိုက်တွန်းအားပေးပါသည်။
၂ ဤလိုရင်းတိုရှင်းသတင်းများ၌ဖော်ပြထားသည့် ဘုရားသခင့်နှုတ်ကပါဌ်တော်တန်ခိုးကို ဘယ်သောအခါမျှ အထင်မသေးသင့်ပါ။ (ဟေ၊ ၄:၁၂။ ဇာ၊ ၄:၁၀။ ယာ၊ ၃:၄၊ ၅ နှိုင်းယှဉ်။) ဘရိုရှာများသည် ဖတ်ရှုဖို့လွယ်ကူပြီး ယင်းတို့ပါရုပ်ပုံများက ဖတ်ရှုသူတို့အား သတင်းတရားကိုရှင်းလင်းပြတ်သားစွာနားလည်စေသည်။
၃ မိမိပြောဆိုရမည့်အကြောင်းကို အဘယ်ကြောင့်စစ်ဆေးသုံးသပ်သင့်။ အကြောင်းအရာတစ်ခုနှင့်စပ်လျဉ်း၍ လူတို့စဉ်းစားကြည့်မြင်ပုံ ခြားနားသည့်အတွက် ကျွန်ုပ်တို့ပြောဆိုလိုသည့်အကြောင်းကို အိမ်ရှင်လက်ခံနိုင်ရန် နိဒါန်းကိုသင့်လျော်စွာပြုပြင်ပေးရန် လိုပေမည်။
၄ လျောက်ပတ်စွာနှုတ်ဆက်ပြီးနောက် သင်ပြောနိုင်သည်ကား၊
▪ “ဘဝပုံစံပြောင်းလဲမှု၊ လူ့အကျင့်စာရိတ္တပျက်ပြားခြင်း၊ ကုန်ဈေးနှုန်းများတက်ခြင်း အစရှိသည်တို့ကြောင့် လူအများသည် မိမိနှင့်မိမိတို့သားသမီးများ၏နောင်ရေးအတွက် ပူပင်နေကြောင်း အိမ်နီးချင်းတို့နှင့်စကားစမြည်ပြောဆိုရာတွင် တွေ့ရှိခဲ့ပါသည်။ ယင်းတို့ကို သင်မည်သို့ယူမှတ်ပါသနည်း။ (ဖြေဆိုပါစေ။) လွန်ခဲ့သောနှစ်ပေါင်းနှစ်ထောင်ခန့်က ဤပြောင်းလဲမှုများအကြောင်း ကြိုတင်ဟောပြောထား၍ ဟောထားသည့်အတိုင်းပင် ဖြစ်ပျက်နေပါသည်။ ဤပရောဖက်ပြုချက်များနှင့်အတူ နောက်နောင် လူအပေါင်းတို့၏ကောင်းရာကောင်းကျိုးများ မည်သို့ဖြစ်ပျက်လာမည့်အကြောင်းကိုပါ ကြိုတင်ဟောပြောထားသည်။ “ကြည့်ရှုလော့။ ငါသည်ခပ်သိမ်းသောအရာတို့ကို အသစ်ဖန်ဆင်းသည်” ဘရိုရှာတွင် ဤအကြောင်းများကို ရှင်းပြထားပါသည်။ ယင်းကို ကျပ် ၆/- ဖြင့်ရယူနိုင် ပါသည်။
၅ ဘရိုရှာကိုလက်မခံလျှင် “ကမ္ဘာသစ်တွင် . . . အသက်တာ” ဝေစာကိုပြနိုင်သည်။
မိမိကိုယ်ကိုမိတ်ဆက်ပြီးနောက် သင်ပြောနိုင်သည်ကား၊
▪ “ယခုကျွန်ုပ်တို့ကြုံတွေ့နေရသောပြဿနာများသည် မည်သို့ပပျောက်သွားမည့်အကြောင်း ဤဝေစာကလေးက လွယ်ကူစွာရှင်းပြပါလိမ့်မည်။ ဤရုပ်ပုံအတိုင်းပင် (ကမ္ဘာသစ်ပုံကိုပြ) လူသားအပေါင်းအတွက် အခြေအနေကောင်းလာစရာအကြောင်းရှိသည်။”
၆ အမှန်အလုပ်များနေလျှင် သင်ပြောနိုင်မည်ကား၊
▪ “သင်အလုပ်များနေတဲ့အတွက် ဒီဝေစာကိုပေးထားချင်တယ်။ ဒါကိုဖတ်ဖို့အချိန်သိပ်ကုန်မှာမဟုတ်ပါဘူး။ ဖတ်တဲ့အခါ ကမ္ဘာ့ပြဿနာများ ဘယ်လိုပပျောက်ကုန်မယ့်အကြောင်း ရှင်းပြပါလိမ့်မယ်။”
၇ ဝေစာနှင့်ဘရိုရှာများကိုတင်ပြရာတွင် ထိရောက်စွာဆက်နွယ်ပေးခြင်းအားဖြင့် စစ်မှန်သောဘုရားသခင်ယေဟောဝါကို လူတို့သိရှိလာရန် ကူညီပေးနိုင်ပေမည်။