ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၉၂ စာ. ၄
  • စိတ်ဝင်စားမှုကို ပြန်နှိုးဆွပေးနိုင်မည်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ဝင်စားမှုကို ပြန်နှိုးဆွပေးနိုင်မည်လော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသင့်ရရှိနိုင်သောအကူအညီ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • သတင်းကောင်း ဝေငှခြင်း—ကျမ်းစာသင်အံမှုများစရန် တစ်ဦးကိုတစ်ဦး ကူညီပေးခြင်းအားဖြင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • လေ့လာမှုသည် အကျိုးဖြစ်ထွန်းစေ
    သီအိုကရက်တစ်ကျောင်း လမ်းညွှန်စာအုပ်
  • ပြန်လည်ပတ်မှုများပြုလုပ်ရန် ရဲစွမ်းသတ္တိရှိပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၁၀/၉၂ စာ. ၄

စိတ်ဝင်စားမှုကို ပြန်နှိုးဆွပေးနိုင်မည်လော

၁ “ဝိညာဉ်ရေးတွင် မိမိတို့လိုလျက်နေကြောင်း သတိပြုသူများသည် ဝမ်းမြောက်စရာရှိကြ၏။” (မ၊ ၅:၃ ကဘ) တောင်ပေါ်ဒေသနာပါ ယေရှု၏စကားများသည် အဓိပ္ပာယ်လေးနက်ပါသည်။ မိမိတို့ဘဝသာယာရေးနှင့် ရည်ရွယ်ချက်ရှိရေးအတွက် ဝိညာဏအရာများ လိုအပ်နေကြောင်းကို မသိသူကား များပါသည်။ တစ်ချိန်က ဝိညာဉ်ရေးလိုအပ်နေကြောင်း အသိအမှတ်ပြုခဲ့သော်လည်း ယခု ထိုစိတ်ထားမရှိတော့သူအချို့ရှိသည်။ ဝိညာဉ်ရေးရာနှင့်ပတ်သက်၍ အေးစက်သွားစေသည့်အရာတစ်ခုခု ရှိနေပါသည်။ သူတို့အကျိုးအတွက် အမှန်ဖြစ်သောအရာမှ သွေဖည်ခဲ့ကြသည်။ မေးစရာကား ဤကဲ့သို့သောသူတို့၏စိတ်ဝင်စားမှုကို ပြန်နှိုးဆွပေးနိုင်မည်လော။ အချို့သူများကို ကူညီပေးနိုင်၍ ဝမ်းသာခဲ့ရပြီ။

၂ လွန်ခဲ့သောနှစ်များက ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာခဲ့သူတစ်ဦးကို သင်သိရှိပေမည်။ ကလေးဘဝက လေ့လာခဲ့ဖူးသော်လည်း ဘုရားသခင့်လူမျိုးနှင့် ဆက်အပေါင်းအသင်းမပြုခဲ့သူများရှိပေမည်။ ထိုသူ့စိတ်တွင် ကျမ်းစာသွန်သင်ချက်နှင့် ဖြောင့်မတ်သောမူအချို့ စွဲမှတ်ကျန်ရစ်၍ သတိရမှတ်မိလျက်နေဦးမည်။ ကမ္ဘာ့အခြေအနေများ ဆိုးရွားလာလေ၊ ဘဝအခြေအနေလည်း ပြောင်းလဲလာလေ ယခင်လေ့လာခဲ့ရာများကို ပြန်သတိရကာ ထိုသူသည် ဘုရားဘက်လှည့်ပြီး ကျမ်းစာပညာကို တိုးသိနားလည်လိုစိတ် ရှိနေပေမည်။ ကျမ်းစာသင်အံမှု ပြန်စပြုလုပ်ပေးရန်ရည်ရွယ်ချက်ဖြင့် ဤကဲ့သို့သောသူများထံ ပြန်လည်ပတ်သွားခြင်းသည် များစွာအကျိုးရှိနိုင်ပေသည်။

၃ သတိရအောက်မေ့ပွဲကိုတက်ရောက်ခဲ့သူများထံ အခါအားလျော်စွာကြိုးစားပြန်သွားသင့်သည်။ သူတို့၏ဝိညာဏကောင်းကျိုးကို သင်တကယ်လိုလားကြောင်း၊ သူတို့နှင့်ကျမ်းစာလေ့လာလိုကြောင်း အသိပေးပါ။ “အလင်းဆောင်သူများ” ခရိုင်စည်းဝေးပွဲကို တက်ရောက်ကြမည့်သူတို့အား အထူးကြိုးစားအားပေးသင့်သည်။ အချို့ကိစ္စတွင် တိုးတက်မှုမရှိခဲ့သည့်အတွက် သင်အံမှုရပ်တန့်ခဲ့သူကိုယ်တိုင်မဟုတ်ဘဲ အခြားကြေညာသူတစ်ဦး ပြန်သွားအားပေးလျှင် အကျိုးပိုရှိနိုင်သည်။

၄ ကျွန်ုပ်တို့နှင့်ကျမ်းစာလေ့လာသူများသည် ယေဟောဝါ၏ဝတ်ပြုရေးကို အလေးအနက်သဘောထားကာ ကျမ်းစာကို ကြိုးစားလေ့လာသူများဖြစ်စေလိုသည်အမှန်။ သို့ရာတွင် ကိုယ်ကိုယ်တိုင် အတတ်နိုင်ဆုံးကြိုးစားကူညီပေးခဲ့ပြီ၊ တမန်တော်ပေါလုနည်းတူ “လူအပေါင်းတို့၏အသွေးနှင့် ငါကင်းလွတ်ပြီ” ဟုဆိုနိုင်သည်ဟု ကိုယ်ကိုယ်ကို စိတ်ချလက်ချပြောဆိုနိုင်ရမည်။​—တ၊ ၂၀:၂၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ