ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၉၂ စာ. ၁-၄
  • မဂ္ဂဇင်းများကို ကောင်းစွာ အသုံးပြုလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မဂ္ဂဇင်းများကို ကောင်းစွာ အသုံးပြုလော့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင်၏ဓမ္မအမှုတွင် မဂ္ဂဇင်းများဝေငှပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • သတင်းကောင်း ဝေငှခြင်း—မဂ္ဂဇင်းများနှင့်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၀
  • ကင်းမျှော်စင် နှင့် နိုးလော့! မှ ဆက်လက်အကျိုးရရှိနေခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၂
  • အချိန်အခါမရွေး မဂ္ဂဇင်းများ ဝေငှပါ
    Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၁၁/၉၂ စာ. ၁-၄

မဂ္ဂဇင်းများကို ကောင်းစွာ အသုံးပြုလော့

၁ စာအုပ်ဆိုင်တစ်ခုသို့ သင်ဝင်သွားသည့်အခါ ကာတွန်းစာအုပ်များမှအစ သိပ္ပံဆိုင်ရာ စက်မှုလက်မှုအတတ်ပညာရပ် စာအုပ်စာတမ်း မြောက်မြားစွာကို သင်တွေ့ရှိရလိမ့်မည်။ အားလုံးကိုလည်း ဖတ်ဖြစ်မည်မဟုတ်ပါ။ မဂ္ဂဇင်းအချို့တွင် သိသင့်သိအပ်ရာအကြောင်းများ ပါရှိမည်မှန်သော်လည်း အများအားဖြင့် စိတ်ချလက်ချမဖတ်နိုင်သော မဂ္ဂဇင်းများဖြစ်ပါသည်။ ယုတ်ညံ့၍ ရှောင်ဖယ်ရမည့် အပေါစားမဂ္ဂဇင်း အမြောက်အမြား ရှိပါသည်။

၂ ကင်းမျှော်စင် နှင့် နိုးလော့ တို့မူကား အလွန်ကွာခြားလှသည်တကား။ ဤမဂ္ဂဇင်းများသည် ဘုရားသခင့်မေတ္တာတော်ကို တုံ့ပြန်သူအပေါင်း၏ ကယ်တင်ခြင်းအတွက် ဆည်းပူးလေ့လာနိုင်သော သမ္မာတရားကို သုံးသပ်ရှာဖွေဖော်ပြထားခြင်းငှာ ထုတ်ဝေထားခြင်းဖြစ်သည်။

၃ နိုးလော့၏ ကျယ်ပြန့်၍အမျိုးမျိုးသောဆောင်းပါးများကြောင့် ယင်းအားဖြင့် လူအသီးသီးထံ ထိထိရောက်ရောက် အကျိုးသက်ရောက်စေနိုင်သည်။ စာစဉ်တိုင်း၏ စာမျက်နှာ ၄ တွင်ဖော်ပြထားသည့်အတိုင်းပင် “လူ့မိသားစုကြီးတစ်ရပ်လုံးကို ပညာဉာဏ်အလင်းပေး” ရေးအတွက် ထုတ်ဝေခြင်းဖြစ်သည်။ လူသားတို့၊ ဘာသာတရားနှင့် သိပ္ပံဆိုင်ရာ အကြောင်း မျိုးမည်စုံလင်စွာပါသည့် ဆောင်းပါးများကို ဖတ်ရှုရမည်။ အပေါ်ယံကြောထက်မက ဖော်ထုတ်ပြကာ လတ်တလောဖြစ်ရပ်တို့၏ အဓိပ္ပာယ်မှန်ကို ပြညွှန်ပေးပါသည်။ ယင်းတို့ထက်မက အရေးအကြီးဆုံးမှာ “ငြိမ်းချမ်းလုံခြုံသော ကမ္ဘာသစ်တစ်ခုကို ဆိုက်ရောက်စေမည်ဟူသော ဖန်ဆင်းရှင်၏ကတိတော်ကို ယုံကြည်စိတ်ချစေရန် ထောက်ကူပေး” ပါသည်။

၄ မေလ ၈ ရက်ထုတ် နိုးလော့၌ “အလုပ်လက်မဲ့ဖြစ်ခြင်း မည်သို့ဖြေရှင်းနိုင်သနည်း” ဆောင်းပါးကို အထူးဖော်ပြထား၍ ဤအဖြစ်မျိုးကို မြောက်မြားစွာသောသူတို့ ကြုံတွေ့နေကြရာ ယင်းမဂ္ဂဇင်းကိုဝေငှရာတွင် စိတ်သက်သာမှုရရှိစေသည့် သမ္မာကျမ်းစာ၏ဖြေရှင်းနည်းကို အာရုံပြုစေခြင်းဖြင့် လက်သင့်ခံနားထောင်လိုစိတ်ကို နှိုးဆွပေးနိုင်ပါလိမ့်မည်။

၅ ကင်းမျှော်စင်သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ထောက်ခံကြေညာ၍ ယင်းနိုင်ငံတော်အားဖြင့်ရရှိမည့် ပရဒိသုကောင်းချီးများအကြောင်း ဖော်ကျူးထားသည့်မဂ္ဂဇင်းဖြစ်ကြောင်း ကမ္ဘာကျော်ကြားနေပါပြီ။ စက်တင်ဘာ ၁ ရက်ထုတ်မှ “လောဘကင်းမဲ့သည့်ကမ္ဘာ ဖြစ်နိုင်ပါမည်လော” ဟူသည့်သိချင်စဖွယ်မေးခွန်းကို ဖြေဆိုပေးပါလိမ့်မည်။ ယင်းဆောင်းပါးသည် ကျွန်ုပ်တို့၏နိုင်ငံတော်မျှော်လင့်ချက်အကြောင်း ပြောပြဖို့ရန် အခွင့်အရေးကောင်း ရရှိစေပါလိမ့်မည်။ “လူကောင်းများ အဘယ်ကြောင့် ဒုက္ခဆင်းရဲခံရသနည်း” အကြောင်းကို စက်တင်ဘာ ၁၅ ရက်ထုတ်တွင် အထူးဆွေးနွေးဖော်ပြထားရာ ဘဝပြဿနာများကြောင့် ဖိစီးမှုများ ကြုံတွေ့နေ၍ သက်သာမှုရရှိလိုသူ အိမ်သူအိမ်သားများနှင့် စကားစမြည် ပြောဆိုနိုင်ရန် ယင်းဆောင်းပါးသည် အထောက်အကူ ပြုပါလိမ့်မည်။

၆ ဤတန်ဖိုးမဖြတ်နိုင်သည့်မဂ္ဂဇင်းများကို စိတ်ရင်းမှန်သူများထံ ကျွန်ုပ်တို့မှန်မှန်ရောက်စေလိုကြသည်။ မဂ္ဂဇင်းများ၏အကျိုးကျေးဇူးများကို ဆွေးနွေးတင်ပြကြရာတွင် တကယ်စိတ်ဝင်စားမှုရှိမရှိ အကဲခတ်ကြည့်ပါ။ ကနဦး၌ စိတ်ဝင်စားမှုရှိကြောင်း တွေ့ရှိလျှင် မဂ္ဂဇင်းလမ်းကြောင်းအဖြစ် မဂ္ဂဇင်းများထွက်တိုင်း သွားပို့ပေးရန် သင်ဆုံးဖြတ်ပေမည်။ ဤနည်းဖြင့် စိတ်ဝင်စားမှုကို ပြုစုပျိုးထောင်ပေးနိုင်ပါမည်။ တကယ်စိတ်ဝင်စားသူတစ်ဦးဖြစ်သည်ဟု အတိအလင်းဆုံးဖြတ်နိုင်ပြီဆိုလျှင် နှစ်စဉ်ကြေးပေး၍ မဂ္ဂဇင်းများရရှိရန် စကားကြောင်းလမ်းပေးပါ။ သဘောတူလက်ခံပါက နှစ်စဉ်ကြေးယူစေနိုင်သည်။

၇ ကျွန်ုပ်တို့၏မဂ္ဂဇင်းများသည် အမှန်တန်ဖိုးရှိသည်ကို ကိုယ်တိုင်စိတ်ချထားသည့်အတွက် ယင်းတို့ကို လူတိုင်းဖတ်ရှုကြရန် ထောက်ခံပေးနိုင်ပါသည်။ ကျွန်ုပ်တို့၌ ကောင်းသောအရာပိုင်ဆိုင်ထားကြရာ သူတစ်ပါးအား ယင်းကိုဝေမျှပေးခြင်းသည် ခရစ်တော်ကဲ့သို့ပြုမူနေခြင်းဖြစ်သည်။​—သု၊ ၃:၂၇။ ဟေ၊ ၁၃:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ