ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၉၃ စာ. ၃
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နဓ ၂/၉၃ စာ. ၃

ကြေညာချက်များ

▪ ဖေဖော်ဝါရီလတွင်ဝေငှမည့်စာအုပ်။ ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်ကိုမဆို။

▪ မှန်မှန်ရှေ့ဆောင်များအားလုံး၏လုပ်ငန်းရပ်ကို အတွင်းရေးမှူးနှင့် လုပ်ငန်းတော်ကြီးကြပ်မှူးသည် ပြန်သုံးသပ်ကြည့်သင့်သည်။ နာရီပြည့်မီရန် တစ်ဦးတစ်ယောက် အခက်အခဲတွေ့နေမည်ဆိုလျှင် အကူအညီပေးရန် အကြီးအကဲများ စီစဉ်ပေးသင့်သည်။

▪ မေ ၈၊ ၁၉၉၃ တွင် ဌာနခွဲအဆောက်အဦများကို မိုးဦးသန့်ရှင်းရေးလုပ်ငန်းအတွက် ပိတ်ထားပါလိမ့်မည်။ ယင်းကြောင့် ထိုနေ့ရက်တွင် လည်ပတ်ရောက်ရှိခြင်း၊ သို့မဟုတ် အသင်းတော်များ စာအုပ်စာတမ်းလာယူခြင်း လုံးဝရှိမည်မဟုတ်ပါ။

▪ သတိရအောက်မေ့ပွဲကို အင်္ဂါနေ့၊ ဧပြီ ၆၊ ၁၉၉၃ တွင်ကျင်းပပါမည်။ ဟောပြောချက်ကို ကြိုတင်စနိုင်မည်ဖြစ်သော်လည်း သတိရအောက်မေ့ပွဲမုန့်နှင့်စပျစ်ရည်ကို နေမဝင်မီ ကြိုတင်ဝေမပေးသင့်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ သင့်အရပ်ဒေသတွင် အဘယ်အချိန်၌ နေဝင်ကြောင်း ဒေသခံအကြောင်းရင်းများမှ မေးမြန်းစစ်ဆေးပါ။ ထိုနေ့ရက်တွင် လယ်ကွင်းလုပ်ငန်းအတွက် စည်းဝေးခြင်းမှအပ အခြားအဘယ်အစည်းအဝေးကိုမျှ မပြုလုပ်ပါ။ တိုက်နယ်အပတ်ဖြစ်နေသည့် အသင်းတော်များသည် အင်္ဂါနေ့ညနေတွင် ခါတိုင်းကျင်းပသည့်အစည်းအဝေးကို အခြားရက်သို့စီစဉ်ပေးသင့်သည်။

▪ မတ်လနှင့်ဧပြီလများတွင် အရန်ရှေ့ဆောင်လိုသောကြေညာသူများသည် ယခုကတည်းက စီစဉ်ထား၍ လျှောက်လွှာများကို ကြိုတင်ရေးဆွဲထားသင့်သည်။ ယင်းသို့ပြုခြင်းအားဖြင့် လယ်ကွင်းလုပ်ငန်းအစီအစဉ်များနှင့် စာအုပ်စာတမ်းများ အလုံအလောက်ရှိစေရန် အကြီးအကဲများ လိုအပ်သလို စီစဉ်ပေးနိုင်ပါလိမ့်မည်။

▪ ရရှိနိုင်သော စာအုပ်စာတမ်းသစ်များ။

တရုတ်– ဘုရားသခင်သည် ကျွန်ုပ်တို့အား အမှန်ပင်ဂရုစိုက်တော်မူသလော။ အင်္ဂလိပ်– Does God Really Care About Us?, How Can Blood Save Your Life?, Should You Believe in the Trinity?, Calendar 1993. ဟားခါး– “ ကြည့်ရှုလော့။ ငါသည် အရာခပ်သိမ်းကို အသစ်ဖန်ဆင်းသည်။” လူရှိုင်း– အကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်။ မြန်မာ – ထာဝစဉ်တည်တံ့သွားမည့် မြင့်မြတ်သောနာမတော်။ ယေဟောဝါ၏သက်သေများ ကမ္ဘာတစ်ဝန်းတွင် စည်းစည်းလုံးလုံး ဘုရားသခင့်အလိုတော်ထမ်းရွက်ခြင်း။ အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံး လူသား။

▪ ရရှိနိုင်သော ဗွီဒီယိုကက်ဆက်ခွေအသစ်။

အင်္ဂလိပ်– The Purple Triangle.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ