သင့်လုပ်ငန်းတော်တွင် စိုးလ်အပြည့်ပါဝင်ခြင်း
၁ ယေရှု၏တပည့်တော်များအနေနှင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောရန်နှင့် ယေရှုခရစ်၏တပည့်များဖြစ်လာစေရန် တာဝန်ရထားပါသည်။ (မ၊ ၂၄:၁၄။ ၂၈:၁၉၊ ၂၀) ဤလုပ်ငန်းလောက် အရေးတကြီးပြုလုပ်ရမည့် အဘယ်အရေးကြီးသောလုပ်ငန်းမျှ ဤလောကတွင်မရှိပါ။ သန်းပေါင်းများစွာသောသူတို့၏ သေရေးရှင်ရေးနှင့်ပတ်သက်နေသည်။ အတတ်နိုင်ဆုံး ကြိုးစားလုပ်ကိုင်ကြရန် တာဝန်ရှိပါသည်။ ပေါလု၏သြဝါဒစကားများ အလွန်သက်ဆိုင်ပါသည်။ “သခင်ဘုရား [ယေဟောဝါ၊ ကဘ] ၏အမှုတော်ကိုဆောင်ရွက်သကဲ့သို့ ပြုလေသမျှတို့၌ စေတနာစိတ် [စိုးလ်အပြည်၊ ကဘ] နှင့်ပြုကြလော့။” (ကော၊ ၃:၂၃) “စိုးလ်အပြည့်” ကို “စိတ်အားထက်သန်သောသဘော၊ သို့မဟုတ် တာဝန်ကို စွဲစွဲလမ်းလမ်းထမ်းဆောင်ခြင်း” ဟုရှင်းပြထားပါသည်။ သင့်လုပ်ငန်းတော်တွင် စိုးလ်အပြည့်ရှိပါသလော။
၂ စိုးလ်အပြည့်ရှိရန် ဘာလိုအပ်သနည်း။ ယေဟောဝါလက်သင့်ခံယူနိုင်သော လုပ်ငန်းတော်ကို ဆယ်ဖို့တစ်ဖို့ဟု ဆိုထားပါသည်။ (မာလ၊ ၃:၁၀) မည်ရွေ့မည်မျှဖြစ်ရမည်ဟု အတိအကျဖော်ပြမည့်အစား ဆယ်ပုံတစ်ပုံသည် ယေဟောဝါကိုချစ်မြတ်နိုးကြောင်းကို တင်ပြခြင်း၊ မိမိကိုယ်ကို ဆက်ကပ်အပ်နှံထားကြောင်းကို အသိအမှတ်ပြုခြင်းငှာ ကိုယ်တော်၏လုပ်ငန်းတော်တွင် အချိန်နှင့်ခွန်အား မည်မျှစိုက်ထုတ်ခြင်းကို တင်စားပါသည်။ (က၉၂ ၁၂/၁ စ၊ ၁၅) ကျွန်ုပ်တို့၏လုပ်ငန်းဆောင်တာသည် ယေဟောဝါအပေါ်ကျွန်ုပ်တို့၏အပ်နှံထားသည့်အတိုင်းအတာနှင့် မေတ္တာကိုတင်ပြသင့်သည်။ စိုးလ်အပြည့်ရှိသူသည် မိမိ၏ကျန်းမာရေးနှင့်အခြေအနေများ ခွင့်ပြုသမျှ ယေဟောဝါ၏အမှုတော်ကို အတတ်နိုင်ဆုံးဆောင်ရွက်ရန် တိုက်တွန်းခံရပါသည်။
၃ မျှော်လင့်ချက်ကြောင့် “ပင်ပန်းစွာအမှုဆောင်ရွက်” နေကြသောခရစ်ယာန်များကို ပေါလုအလွန်ချီးမွမ်းပါသည်။ (၁ တိ၊ ၄:၁၀) သူတို့သည် “စည်းစိမ်ဖြစ်စေ” သည့် ယေဟောဝါ၏ကောင်းချီးကို ခံစားကြရသည်။ (သု၊ ၁၀:၂၂) ဤသူတို့နှင့်မတူ အားမစိုက်၊ တွန့်တိုစွာပေးကမ်းသူများသည် ပေးကမ်းခြင်းမှ ရရှိနိုင်သောပျော်ရွှင်မှုကို မခံစားကြပါ။ (တ၊ ၂၀:၃၅) အကောင်းဆုံးကို မပေးကမ်းခြင်းက ယေဟောဝါရသင့်ရထိုက်သော “ဆယ်ဖို့တစ်ဖို့” ကိုမပေးခြင်းနှင့်တူပါသည်။—မာလ၊ ၃:၈။
၄ ကျွန်ုပ်တို့၏အကောင်းဆုံးကို ပေးဆက်ခြင်း။ လယ်ကွင်းလုပ်ငန်းတွင်ပါဝင်၍ မှတ်တမ်းသွင်းသည့်အခါ တိကျမှန်ကန်စွာ သွင်းကြပါသလော။ မိမိတို့၏ဓမ္မအမှုစာအုပ်၊ စာမျက်နှာ ၁၃၀ တွင်ဤသို့ဆိုထားသည်။ “သင့်အမှုဆောင်နာရီသည် အမှုဆောင်အချိန် အပိုင်းအခြားတစ်ခုချင်း၏ စသက်သေခံသည့်အချိန်မှ နောက်ဆုံးအိမ်ပြီးသွားည့်အထိ ဖြစ်ပါသည်။ လယ်ကွင်းလုပ်ငန်းအချိန်အတွင်း လက်ဖက်ရည်သောက်ခြင်း၊ ထမင်းစားခြင်း စသည်တို့အတွက် အချိန်များ ထည့်မရေတွက်ရ။” လယ်ကွင်းလုပ်ငန်းတွင် ပါဝင်ချိန်အတွင်း အကျိုးအထိရောက်ဆုံး ဆောင်ရွက်ခြင်းငှာ ကောင်းစွာ စီစဉ်ခြင်းနှင့် ကြိုးစားမှုရှိရန်လိုပါသည်။
၅ အကောင်းဆုံးကိုပေးဆက်ခြင်းအဓိပ္ပာယ်ကား လုပ်ငန်းတော်၌ပါဝင်ရာတွင် များနိုင်သမျှများများ ကြိုးစားပါဝင်လုပ်ဆောင်ခြင်းကို ဆိုလိုပါသည်။ စိုးလ်အပြည့်ရှိသူသည် တစ်အိမ်မှတစ်အိမ်လုပ်ငန်း၌ မပါဝင်ဘဲ မိမိ၏ဟောပြောခြင်းကို အခါအားလျော်စွာ အလွတ်သဘောသက်သေခံခြင်း၌သာ ကန့်သတ်ထားမည်မဟုတ်ပါ။ စိုးလ်အပြည့်ရှိ၊ ငယ်ရွယ်သော နှစ်ခြင်းမခံရသေးသည့်ကြေညာသူသည် မိဘများ၏တိုက်တွန်းမှုကြောင့်သာ ဟောပြောခြင်းလုပ်ငန်း၌ပါဝင်မည်မဟုတ်၊ အိမ်များထံ လည်ပတ်ဟောပြောခြင်း၊ သို့မဟုတ် ကိုယ်တိုင်ဟောပြောခြင်း၌ ပါဝင်ခြင်းကို စိတ်မဝင်စားပုံရှိမည်မဟုတ်ပါ။
၆ ပျင်းရိခြင်းမရှိစေခြင်းငှာ အမြဲဝီရိယစိုက်ထုတ်နေရန် ပေါလုက တိုက်တွန်းထားပါသည်။ (ဟေဗြဲ ၆:၁၁၊ ၁၂) စိုးလ်အပြည့်ရှိကြသည့်အတွက် မိမိကိုယ်တိုင်၏လုပ်ငန်းတော်ကို စိစစ်ပြီး ရှက်ကြောက်စရာအကြောင်းမရှိခြင်းသည် အလွန်ဝမ်းသာစရာပါတကား။ (၂ တိ၊ ၂:၁၅) ကြီးစွာသောဒုက္ခကာလတွင် ကိုယ်တိုင်ကူညီပေးခဲ့သူများ ကပ်ကျော်သည်ကိုတွေ့ရှိသည့်အခါ ကျွန်ုပ်တို့အများဆုံးပျော်ရွှင်ကြပါလိမ့်မည်။ စိုးလ်အပြည့် ယေဟောဝါအမှုတော်ထမ်းသူများကို ကိုယ်တော်သည် အမှန်တကယ်ပင် ကြွယ်ဝစွာကောင်းချီးပေးတော်မူမည်။