ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၉၃ စာ. ၁
  • သင်သည် ကျမ်းစာမှကျိုးကြောင်း ဆင်ခြင်ပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်သည် ကျမ်းစာမှကျိုးကြောင်း ဆင်ခြင်ပါသလော
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြန်လည်ပတ်မှုများပြုလုပ်ခြင်း၏ စိန်ခေါ်ချက်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ကျိုးကြောင်းဆင်ခြင်စာအုပ်ကို သင်အသုံးပြုနေပါသလော
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၈
  • ပြန်လည်ပတ်မှုများတွင် Reasoning စာအုပ်ကိုအသုံးပြုခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • “စွမ်းအားတော်ဓား” ကို ကျွမ်းကျင်စွာ အသုံးပြုပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နဓ ၁၁/၉၃ စာ. ၁

သင်သည် ကျမ်းစာမှကျိုးကြောင်း ဆင်ခြင်ပါသလော

၁ ရှေ့တန်းတက်မည့် ဝါရင့်စစ်သားသည် လက်နက်အပြည့်အစုံနှင့် အကာအကွယ်ပစ္စည်းများအစုံကို ယူဆောင်သွားပေမည်။ ကြီးမားသောဆောက်လုပ်ရေးတစ်ခုကို အပြီးအပြတ်ဆောင်ရွက်နိုင်ခြင်းငှာ ပြင်ဆင်နေသော ကျွမ်းကျင်ဗိသုကာတစ်ဦးသည် လိုအပ်သမျှလက်နက်ကိရိယာများကို ဆောင်ထားပါမည်။ လယ်ကွင်းလုပ်ငန်း၌ပါဝင်နေသည့် ယေဟောဝါ၏ကျေးကျွန်သည် လက်ထဲ “ဓား” ကိုင်ထားကာ အခွင့်အရေးရတိုင်း ယင်းကိုကျွမ်းကျင်စွာ အသုံးပြုပါလိမ့်မည်။ (ဧ. ၆:၁၇) သင်ကိုယ်တိုင် ယင်းသို့အမှန်ပြုသလော။ လုပ်ငန်းတော်၌ပါဝင်သည့်အခါ ကြားနာသူများ၏နှလုံးကို သန့်ရှင်းသောဝိညာဉ်တော် ထိမိစေနိုင်ရန် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို စကားပြောဆိုစေပါသလော။​—သု. ၈:၁၊ ၆။

၂ ဟောပြောခြင်းသည် အမြဲတန်း မလွယ်ကူပါ။ အချို့ရပ်ကွက်များတွင် အိမ်များ၌ လူမရှိသည်ကများ၏၊ အိမ်ပေါက်ဝသို့ ထွက်လာသူများကလည်း အများအားဖြင့် အလုပ်များလွန်းကြ၍ ကျမ်းစာဆွေးနွေးရန် အချိန်မပေးနိုင်ကြချေ။ သမ္မာကျမ်းစာသည် ကျွန်ုပ်တို့၏အဓိကပြဌာန်းစာအုပ်ဖြစ်သဖြင့် လုပ်ငန်းတော်တွင် ယင်းကို မည်သို့ပိုမိုအသုံးပြုကာ ကျွန်ုပ်တို့စကားကို ကြားနားသူများအား ယင်း၏မှုတ်သွင်းခံသတင်းတရား ဩဇာလွှမ်းမိုးစေရန် မည်သို့ ပြုလုပ်နိုင်မည်နည်း။

၃ အခွင့်အရေးရတိုင်း– အိမ်ရှင်အားတိုက်တွန်းမှုဖြစ်စေရန် အိမ်ပေါက်ဝတိုင်းတွင် သမ္မာကျမ်းစာကို အသုံးပြုလိုကြမည်။ မည်သည့်စာအုပ်ကိုမဆို ဝေငှစေကာမူ ယင်းသို့ပြုလုပ်ရန် အသင့်ရှိရမည်။ အိမ်ရှင်သည် အလုပ်များနေ၍ ကျမ်းစာကိုဖွင့်ပြီး ကျမ်းချက်တစ်ချက်နှစ်ချက် ဖတ်ခွင့်မရလျှင် စာပေမဝေငှမီ ကျမ်းချက်ကို ကိုးကားခြင်း၊ သို့မဟုတ် အဓိပ္ပာယ်ရှင်းပြခြင်း ပြုနိုင်မည်လော။ ယင်းသို့ပြုရုံဖြင့် ထိုသူသည် ရပ်နားပြီးနားထောင်ပေမည်။​—ဟေဗြဲ ၄:၁၂။

၄ ဥပမာ၊ ကမ္ဘာသစ်နှင့်ပတ်သက်သည့် ဆောင်းပါး သို့မဟုတ် အချက်အလက်များကို မဂ္ဂဇင်းတစ်စောင်မှ ဖော်ပြလျှင် ရုပ်ပုံကို ပြပြီးနောက် သင်မေးနိုင်သည်မှာ “ရောဂါမရှိတော့ဘဲ လူတိုင်း ကျန်းမာသန်စွမ်းမယ့်အချိန် ရောက်လိမ့်မယ်ဆိုပြီး ခင်ဗျားယုံကြည်သလား” ဖြစ်သည်။ မည်သို့ပင်တုံ့ပြန်စေကာမူ သင့်ကျမ်းစာမှ တိုက်ရိုက်ဖတ်ရှုခြင်း သို့မဟုတ် ဟေရှာယ ၃၃:၂၄၊ ဗျာဒိတ် ၂၁:၄ ကဲ့သို့သော ကျမ်းချက်ကို ရှင်းပြနိုင်ပေမည်။ ဤနည်းဖြင့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို စကားပြောစေနိုင်သည်။

၅ ပြန်လည်ပတ်မှုများတွင်– ပြန်လည်ပတ်မှုများ မပြုလုပ်မီ ကြိုတင်ပြင်ဆင်သင့်သည်။ သို့ရာတွင် ကြိုတင်မပြင်ဆင်ထားသည့်အကြောင်းများကို ဆွေးနွေးစရာ ဖြစ်လာမည်။ ဤအခါတွင် ကျမ်းစာဖြင့်ကျိုးကြောင်း ဆင်ခြင်ခြင်း သို့မဟုတ် ဆွေးနွေးရန် ကျမ်းစာအကြောင်းများ စာအုပ်တို့သည် တန်ဖိုးရှိ လက်နက်ကိရိယာများ ဖြစ်နိုင်ပါသည်။ ကျိုးကြောင်းဆင်ခြင်ခြင်း သို့မဟုတ် ဆွေးနွေးရန် ကျမ်းစာအကြောင်းများ စာအုပ်တို့မှ ထောက်ခံသည့်ကျမ်းချက်များကို ကိုးကားခြင်း သို့မဟုတ် ဖတ်ပြခြင်းဖြင့် ကျွန်ုပ်တို့သည် နှုတ်ကပါဌ်တော်ဖြင့် အမြတ်အစွန်းထုတ်သူများမဟုတ်ဘဲ ဘုရားသခင့်ဓမ္မအမှုဆောင်များဖြစ်ကြောင်း လူတို့အား သိနားလည်စေပါလိမ့်မည်။​—၂ ကော. ၂:၁၇။

၆ အကြောင်းအရာတစ်ခုကို အတိအကျဆွေးနွေးမှုမရှိသောအိမ်သို့ ပြန်လည်ပတ်သွားသည့်အခါ ကျိုးကြောင်းဆင်ခြင်ခြင်း (သို့မဟုတ် ဆွေးနွေးရန် ကျမ်းစာအကြောင်းများ) စာအုပ်ကိုဖွင့်၍ “ယေရှုခရစ်၊” “နောက်ဆုံးကာလ၊” သို့မဟုတ် “ရှင်ပြန်ထမြောက်ခြင်း၊” နှင့်ခေါင်းစဉ်ငယ်တစ်ခုခုဖြင့် ဆွေးနွေးခန်းကို စတင်နိုင်ပါသည်။ အိမ်ရှင်အား သူ၏ကျမ်းစာမှပင် ကျမ်းချက်အချို့ကို ဖတ်ရှုရန်ဖိတ်ခေါ်နိုင်ပါသည်။ ဤနည်းဖြင့် သမ္မာကျမ်းစာသည် သူတို့အတွက် အသက်ဝင်လာကာ ဖြောင့်မတ်ခြင်းတရားမြတ်နိုးသူဖြစ်လျှင် ယေဟောဝါ၏သန့်ရှင်းသောဝိညာဉ်တော်သည် အတားအဆီးမရှိ စီးဆင်းပါလိမ့်မည်။

၇ ကျွန်ုပ်တို့၏ သတင်းကောင်းဟောပြောခြင်းနှင့် လူဆိုးကိုသတိပေးခြင်းတာဝန်သည် အလွန်အရေးကြီးသည်။ ကိုယ်ပိုင်သတင်းမဟုတ်ဘဲ ယေဟောဝါ၏သတင်းတရားကို ဟောနေကြရသည်။ သင့်အား ကိုယ်တော်၏နှုတ်ကပါဌ်တော်၊ ဝိညာဉ်တော်ဓားသည် ကူညီပါလေစေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ