ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၀/၉၂ စာ. ၁-၅
  • ပြန်လည်ပတ်မှုများပြုလုပ်ခြင်း၏ စိန်ခေါ်ချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပြန်လည်ပတ်မှုများပြုလုပ်ခြင်း၏ စိန်ခေါ်ချက်
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြန်လည်ပတ်မှုများက ကျမ်းစာသင်အံမှုများရရှိစေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ပြန်လည်ပတ်မှုများပြုရန်တာဝန်ကိုလက်ခံခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
  • ပြန်လည်ပတ်မှုများပြုလုပ်ရန် ရဲစွမ်းသတ္တိရှိပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
  • အလိုရှိသည်—နောက်ထပ်ကျမ်းစာသင်အံမှုများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၂
နဓ ၁၀/၉၂ စာ. ၁-၅

ပြန်လည်ပတ်မှုများပြုလုပ်ခြင်း၏ စိန်ခေါ်ချက်

၁ သတင်းကောင်းကြေညာသူများအနေနှင့် တပည့်ဖြစ်စေရန် မိန့်မှာခံခဲ့ရပြီ။ (မ၊ ၂၈:၁၉၊ ၂၀) ယင်း၌ပြန်လည်ပတ်မှုများပြုလုပ်ခြင်းပါဝင်သည်။ ကျွန်ုပ်တို့ခရစ်ယာန်ဓမ္မအမှုတွင် ဤအရေးကြီးကဏ္ဍကို အပြုသဘောဖြင့် သင်ယူမှတ်ပါသလော။ ပြန်လည်ပတ်မှုများကို ကျွမ်းကျင်လိမ္မာစွာပြုလုပ်နိုင်ခြင်းသည် စိတ်အားတက်ကြွဖွယ် စိန်ခေါ်ချက်တစ်ခုဖြစ်နိုင်ပါသည်။​—သု၊ ၂၂:၂၉။

၂ ဆက်ကပ်အပ်နှံထားပြီးသား ခရစ်ယာန်တိုင်းသည် တပည့်ဖြစ်စေခြင်းလုပ်ငန်း၌ပါဝင်ရန် တာဝန်ရှိနေကြောင်းကို အသိအမှတ်ပြုသင့်သည်။ ယင်းသို့ပြုရန် နိုင်ငံတော်မျှော်လင့်ချက်ကို သူတို့အားပြောပြဖို့အတွက် ကိုယ်ကျိုးစွန့်စရာအကြောင်း ရှိကောင်းရှိလိမ့်မည်။ ပြန်လည်ပတ်မှုများပြုလုပ်ခြင်းအားဖြင့် စိတ်ရိုးမှန်သူတစ်ဦး၏ဝိညာဏလိုအပ်ရာများကို ဖြည့်စွက်ပေးခွင့်ရရှိစေသည်။

၃ စိတ်ဝင်စားသူများအားလုံးထံ ပြန်သွားပါ။ ကျွန်ုပ်တို့၏စာအုပ်စာတမ်းများကို လက်ခံမယူသည့်တိုင် နိုင်ငံတော်သတင်းတရားကို စိတ်ဝင်စားပါသည်ဟုဆိုသူ အားလုံးတို့ထံ ပြန်လည်ပတ်သွားသင့်သည်။ ကျမ်းစာအကြောင်းများကို ကျွန်ုပ်တို့နှင့်ဆွေးနွေးလိုစိတ်ရှိခြင်းဖြင့် စိတ်ဝင်စားသူများစွာရှိသည်။ ကျမ်းစာပါအချက်များကို လူတို့နှင့်ဆွေးနွေးခြင်းအားဖြင့် နိုင်ငံတော်သတင်းတရားကို မည်သို့စိတ်ဝင်စားစေနိုင်ကြောင်း ယေရှုနှင့်တမန်တော်များ တင်ပြခဲ့ပါသည်။​—မာ၊ ၁၀:၂၁။ တ၊ ၂:၃၇-၄၁။

၄ ပြန်လည်ပတ်သည့်ရည်ရွယ်ချက်မှာ ကျမ်းစာသင်အံမှုစရန်ဖြစ်သင့်သည်။ အိမ်တွင်းကျမ်းစာသင်အံမှုကို မည်သို့ပြုလုပ်ကြောင်း အိမ်ရှင်အားသရုပ်ပြနိုင်သည်။ သွန်သင်ပေးရန် စိတ်ထားမှန်ကန်သူတစ်ဦးရှာတွေ့လိုကြောင်း သင့်ဆုတောင်းချက်ကို ယေဟောဝါဖြေဆိုပေးမည်အမှန်။ ကိုယ်တော်၏လုပ်ငန်း၌ သင့်ကြိုးစားအားထုတ်မှုများကို ယေဟောဝါကောင်းချီးပေးပါလိမ့်မည်။ ယေဟောဝါအကူအညီဖြင့် ကျမ်းစာသင်အံမှုရရန် ပန်းတိုင်ထားပါ။

၅ ဝေစာများကို ကောင်းစွာအသုံးပြု။ ကျမ်းစာသင်အံမှုများစတင်ရာတွင် ဝေစာများကို ထိရောက်စွာအသုံးပြုနိုင်ပါသည်။ မျက်နှာဖုံးပါရုပ်ပုံကိုဆွေးနွေးရုံဖြင့် အပြန်အလှန်စကားပြောဆိုနိုင်ခဲ့သူများရှိပါသည်။ အိမ်ရှင်နှင့် အပိုဒ်တစ်ပိုဒ်ပြီးတစ်ပိုဒ်ဖတ်ပါ။ မေးခွန်းတစ်ခုမေးသည့်အခါ အိမ်ရှင်အား စကားဖြေဆိုခွင့်ပေးပါ။ ကျမ်းချက်များကိုဖွင့်ဖတ်ပြီး သက်ဆိုင်ပုံကိုတင်ပြပါ။ ထိုနောက်သင်အံမှုပြုလိုသည့်စာအုပ်သို့ လမ်းကြောင်းပြောဆိုပေးနိုင်ပါသည်။

၆ Reasoning စာအုပ်ကိုအသုံးပြုပါ။ Reasoning စာအုပ်အသုံးပြုကာ ထိရောက်သောပြန်လည်ပတ်မှုများပြုလုပ်နိုင်ပါသည်။ အဓိကအကြောင်းများစာရင်း၊ သို့မဟုတ် မာတိကာကိုပြန်သုံးသပ်ခြင်းအားဖြင့် ယခင်စကားစမြည်ဆွေးနွေးခဲ့သည့် အိမ်များသို့ပြန်လည်သွားသည့်အခါ အဘယ်အကြောင်းများကို ဆက်ဆွေးနွေးရန် သင့်မည်အကြောင်း ရွေးချယ်နိုင်ပါလိမ့်မည်။ “တလွဲယူမှတ်လေ့ရှိ ကျမ်းချက်များ” အပိုင်းကို ကန့်ကွက်ချက်များပေါ်ပေါက်လာလျှင် အသုံးပြုနိုင်ပါမည်။ Reasoning စာအုပ်၊ စာမျက်မှာ ၂၀၄ ပါ “ကျမ်းစာအဓိပ္ပာယ်ပေါ်လွင်ချက်ရှင်းပြနည်းကို ယေဟောဝါသက်သေများ မည်သို့သိရှိလာသနည်း” ခေါင်းစဉ်အောက်ပါ အကြောင်းများကို အသုံးပြုခြင်းအားဖြင့် ကျမ်းစာသင်အံမှုများ စ,ရာတွင် အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း ရှေ့ဆောင်များပြောပြကြသည်။ ကျမ်းစာကိုယ်နှိုက်က မည်သို့အဓိပ္ပာယ်ပေါ်စေကြောင်း စိတ်ဝင်စားသူအား သူတို့ပြသကြပါသည်။ ယင်းသို့ပြုခြင်းဖြင့် အောင်မြင်မှုရရှိခဲ့ပြီး ကျမ်းစာသင်အံမှုအရေအတွက် တိုးများလာစေခဲ့ပြီ။

၇ ယေရှုနှင့်တမန်တော်များနည်းတူ ယေဟောဝါ၏သိုးများကို တကယ်စိတ်ဝင်စားကြောင်းတင်ပြဖို့လိုပါသည်။ (လု၊ ၉:၁၁) လူတို့ကိုချစ်ခြင်းက သူတို့အား နိုင်ငံတော်သမ္မာတရား ပေးလိုစိတ်ရှိစေမည်။ (၂ ကော၊ ၂:၁၇) သူတစ်ပါး၏ဝိညာဏအကျိုးအလိုငှာ ကိုယ်ကျိုးစွန့်ခြင်းကို အရေးပေးမည်ဆိုလျှင် ပြန်လည်ပတ်မှုများပြုလုပ်ရန်စိန်ခေါ်ချက်ကို လက်ခံယူကြပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ