ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၂/၉၄ စာ. ၃
  • ကြေညာချက်များ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကြေညာချက်များ
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
နဓ ၂/၉၄ စာ. ၃

ကြေညာချက်များ

▪ ဖေဖော်ဝါရီတွင်အသုံးပြုကြမည့်စာအုပ်– သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်။ မတ်– ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ် နီးပြီ! ဧပြီ နှင့် မေ– ကင်းမျှော်စင်နှင့်နိုးလော့! မဂ္ဂဇင်းများနှင့် (ကျောင်းဘရိုရှာမှအပ) မည်သည့်ဘရိုရှာမဆို။ ပြန်လည်ပတ်မှုတွင် စိတ်ဝင်စားသူတွေ့ရှိပါက နှစ်စဉ်ကြေးကမ်းလှမ်းနိုင်သည်။ သတိပြု– အဆိုပါစာပေများကိုအလိုရှိသော အသင်းတော်များသည် ယင်း၏ နောက်လ လစဉ်စာအုပ်စာတမ်းတောင်းခံလွှာ (အက်စ် (ဒီ)– ၁၄) တွင်ထည့်သွင်း တောင်းခံသင့်သည်။

▪ အတွင်းရေးမှူးနှင့် လုပ်ငန်းတော်ကြီးကြပ်မှူးသည် မှန်မှန်ရှေ့ဆောင်အားလုံး၏ လုပ်ငန်းကို ပြန်လည်သုံးသပ်သင့်သည်။ တောင်းခံထားသည့်နာရီကိုမီရန် တစ်ဦးတစ်ယောက် အခက်အခဲတွေ့နေမည်ဆိုလျှင် အကူအညီပေးရန် အကြီးအကဲများ စီစဉ်ပေးသင့်သည်။ အကြံပြုချက်များပေးရန် ၁၉၉၃၊ အောက်တိုဘာ ၁ နှင့် ၁၉၉၂၊ အောက်တိုဘာ ၁ အသင်းမစာ (အက်စ်–၂၀၁) တို့ကိုပြန်သုံးသပ်ပါ။ ၁၉၈၆၊ ဩဂုတ်လ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု ကြားညှပ်၊ အပိုဒ် ၁၂-၂၀ ကိုလည်းရှု။

▪ စနေနေ့၊ ၁၉၉၄၊ မတ် ၂၆ ရက်နေ့တွင် သတိရအောက်မေ့ပွဲကို ကျင်းပပါမည်။ ထိုနေ့ရက်တွင် ဟောပြောချက်ကို စော၍စနိုင်သော်လည်း သတိရအောက်မေ့ပွဲမုန့်နှင့် စပျစ်ရည်ကိုကား နေဝင်ပြီးအချိန်မတိုင်မီ မကမ်းသင့်ကြောင်း ကျေးဇူးပြု၍ သတိရပါ။ သင့်အရပ်တွင် အဘယ်အချိန်နေဝင်တတ်သည်ကို ဒေသခံများအား မေးမြန်းပါ။ လယ်ကွင်းလုပ်ငန်းမှအပ အခြားမည်သည့်အစည်းအဝေးများကိုမျှ ထိုနေ့ရက်တွင် မကျင်းပသင့်ပါ။ သင့်အသင်းတော်၌ စနေနေ့တွင် စည်းဝေးများကျင်းပလေ့ရှိမည်ဆိုလျှင် နိုင်ငံတော်ခန်းမ အားလပ်ပါက အခြားနေ့ရက်သို့ ယင်းအစည်းအဝေးများကို ရွှေ့ပြောင်းလိုပေမည်။

▪ မတ်လနှင့်ဧပြီလတွင် အရန်ရှေ့ဆောင်လိုသော ကြေညာသူများသည် ယခုပင် စီစဉ်သင့်၍ စောစောစီးစီး လျှောက်လွှာများသွင်းသင့်သည်။ ဤသို့ပြုခြင်းဖြင့် အကြီးအကဲများသည် လယ်ကွင်းလုပ်ငန်းအစီအစဉ်များကို လိုအပ်သလိုစီစဉ်ပြီး စာအုပ်စာတမ်းအလုံအလောက်ရှိရန် စီစဉ်နိုင်မည်။

▪ ၁၉၉၄၊ မေ ၁၄ ရက်၊ စနေနေ့တွင် ဌာနခွဲအဆောက်အဦများကို မိုးဦးချိန်သန့်ရှင်းရေးပြုလုပ်မည်ဖြစ်သဖြင့် ထိုနေ့ရက်တွင် လည်ပတ်ကြည့်ရှုခြင်း၊ စာအုပ်စာတမ်းလာ၍ ယူခြင်းကို အသင်းတော်များ မပြုလုပ်နိုင်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ