ဖေဖော်ဝါရီအတွက်လုပ်ငန်းတော်စည်းဝေးများ
ဖေဖော်ဝါရီ ၇ တွင် စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။ နောက်ဆုံးထုတ်စာစောင်များကိုအသုံးပြု၍ မဂ္ဂဇင်းတင်ဆက်ပုံကို ပြပါ။ မေးခွန်းသေတ္တာမှ အဓိကအချက်များကို ပြန်သုံးသပ်ပါ။
၁၈ မိ– “ငြိမ်းချမ်းသော ဘုရားသခင့်နိုင်ငံတော်၌ စိတ်ဝင်စားမှု တိုးပွားစေပါ။” ပရိသတ်နှင့် ဤဆောင်းပါးကို ဆွေးနွေး။ သရုပ်ပြခန်းနှစ်ခုထည့်။ အပိုဒ် ၂ ကိုသုံးသပ်ပြီးနောက် အလုပ်များနေသောအိမ်ရှင်အား ဝေစာဝေငှပုံကို တင်ပြပါ။ ပြန်လည်ပတ်မှုအတွက် လမ်းကြောင်းပေးမည့်မေးခွန်းကို ကြေညာသူသည် လေးလေးစားစား မေးမြန်းသည်။ အပိုဒ် ၃ ကို စိတ်ဝင်စားသည့်အိမ်ရှင်အား ဘရိုရှာအသုံးပြု၍ ကြေညာသူဟောပြောပုံဖြင့် သရုပ်ပြပါ။ ဤတွင်တစ်ဖန် ပြန်လည်ပတ်မှုအတွက် လမ်းခင်းထားသင့်ပါသည်။
၁၂ မိ– ၁၉၉၄ နှစ်ချုပ်စာအုပ်မှ အကျိုးခံစားကြပါ။ ၁၉၉၄ နှစ်ချုပ်စာအုပ်၊ စာမျက်နှာ ၁၀-၁၈ ပါအကြောင်းကိုအသုံးပြု၍ သီအိုကရက်တစ်အဖွဲ့အစည်းကို တန်ဖိုးထားလေးမြတ်မှု တိုးပွားလာစေရန် အားပေးစကားများကို အကြီးအကဲနှင့် ဓမ္မအမှုထမ်း ဆွေးနွေးပါ။
သီချင်း ၁၃၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၁၄ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ အလှူငွေများအတွက် အသင်းမသည် ကျေးဇူးတင်ကြောင်းကို ထည့်ပြောပါ။ ဒေသခံအသင်းတော်ကို ထောက်ပံ့ကူညီသည့်အတွက် အသင်းတော်အား ချီးမွမ်းစကား ပြောဆိုပါ။ စနေ၊ တနင်္ဂနွေ လယ်ကွင်းလုပ်ငန်း၌ပါဝင်ရန် တိုက်တွန်းအားပေးပါ။
၂၀ မိ– “အဓိပ္ပာယ်ရှိသော ပြန်လည်ပတ်မှုများလုပ်ခြင်းအားဖြင့် ကြီးထွားရန် လှုံ့ဆော်ပါ။” မေးဖြေဆွေးနွေးရန်။ အပိုဒ် ၃ ပါတင်ဆက်ပုံအရ ပြန်လည်ပတ်မှုပြုပုံကို သရုပ်ပြ။ လည်ပတ်ရာတွင် အကြောင်းမများလွန်းဖို့ ထိုးထွင်းဉာဏ်လိုကြောင်း ပေါ်လွင်စေပါ။ နောက်နောင်လည်ပတ်ဖို့ရန် စိတ်ဝင်စားမှုနှိုးဆွပေးခြင်း၏ အရေးပါမှုကို အလေးအနက်ဖော်ပြပါ။
၁၅ မိ– ခရိုင်စည်းဝေးပွဲတွင် ကြားသိခဲ့ရသည့်အချက်များကို ပရိသတ်နှင့်ဆွေးနွေး။ တတ်သိလာသည့် တန်ဖိုးထားရာအကြောင်းအချို့ကို တင်ပြစေပါ။ နိဂုံးတွင် အားလုံး တိုက်နယ်စည်းဝေးတက်ကြရန် အားပေးတိုက်တွန်းပါ။
သီချင်း ၁၂၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၂၁ တွင် စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။
၁၅ မိ– “ယေဟောဝါ၏သားဦးကို ကြိုဆိုလေ!” မေးဖြေဆွေးနွေးရန်။ အကြီးအကဲတစ်ဦး လှိုက်လှဲစွာ အားတက်သရော တင်ပြရန်။ သတိရအောက်မေ့ပွဲနှင့် လာမည့်လူထုဟောပြောချက်အစီအစဉ်ကို တက်ရောက်ရန် ခေါ်ဖိတ်မည့်သူများ၏ နာမည်စာရင်းကို အားလုံးရေးထားရန် တိုက်တွန်းပါ။ အပိုဒ် ၇ ပါအချက်များကို သရုပ်ပြပါ။ နိုင်ငံတော်ခန်းမအတွင်းဝင်လာသူများနှင့် အနီးရှိသူများကိုကြေညာသူချဉ်းကပ်။ အခြားတစ်မြို့တွင်နေထိုင်သည့် ဆွေမျိုးက တိုက်တွန်းသဖြင့် လူတစ်ဦး စည်းဝေးတက်ဖြစ်ကြောင်း ကြေညာသူသိရှိလာ။ ထိုသူအား ကြေညာသူသည် မိမိအိမ်ထောင်စုနှင့်အတူထိုင်၍ ကျမ်းစာနှင့်သီချင်းစာအုပ်ကို တွဲအသုံးပြုရန် ခေါ်ဖိတ်သည်။ စည်းဝေးပြီးနောက် ထိုသူသိရှိလိုသောအရာများကို ဖြေဆိုပေးမည်ဟု ကြေညာသူ စကားကမ်းလှမ်း။ သတိရအောက်မေ့ပွဲကို အသင်းတော်၌ အဘယ်အချိန်တွင် ကျင်းပမည့်အကြောင်း ကြေညာခြင်းဖြင့် ဤအပိုင်းကို နိဂုံးချုပ်ပါ။
၁၀ မိ– သမ္မာကျမ်းစာ—အားပေးတိုက်တွန်းမှု အကောင်းဆုံးရရှိသည့် ဇာစ်မြစ်။ ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်၊ စာမျက်နှာ ၁၁၇-၂၁။ ကျိုးကြောင်းဆင်ခြင်ခြင်းစာအုပ်မရှိလျှင် ဆွေးနွေးရန် ကျမ်းစာအကြောင်းများကို အသုံးပြုပါ။ အကြီးအကဲဟောပြောရန်။ အသင်းတော် အတွင်းအပြင်ရှိသူ မြောက်မြားစွာသည် အားပေးမှုလိုအပ်နေ။ အသင်းတော်ရှိ ကြေညာသူတစ်ဦးစီသည် ဘုရားသခင့်နှုတ်ကပါဌ်တော်ကိုအသုံးပြု၍ သူတစ်ပါးကို မည်သို့အားပေးတည်ဆောက်နိုင်ကြောင်း တင်ပြပါ။
၁၅ မိ– “လူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်။” အတွေ့အကြုံရှိ အကြီးအကဲတစ်ဦး ဟောပြောရန်။
သီချင်း ၂၀၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဖေဖော်ဝါရီ ၂၈ တွင် စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။ မတ်လအတွက်ဝေငှမည့် စာပေများကိုအကြမ်းဖျင်းဖော်ပြ။
၁၅ မိ– “လူမျိုးတို့သည် သင်တို့ကို မုန်းကြလိမ့်မည်” မှအချက်အချို့ကို အသုံးပြုကာ ကိုယ်ပိုင်လေ့လာမှုသည် မည်မျှ အကျိုးပြုကြောင်း။ အကြီးအကဲဟောပြောရန်။
၁၅ မိ– “သင့်အသင်းတော်၏ လူထုဟောပြောချက်အစီအစဉ်ကို အပြည့်အဝထောက်ခံ။” ဟောပြောရန်။ သို့သော် ပရိသတ်အား မေးခွန်းတစ်ခုနှစ်ခု မေးမြန်းနိုင်။ လူထုဟောပြောချက်ကို ပထမအကြိမ် တက်ရောက်ဖူးသော စိတ်ဝင်စားသူများအား မည်သို့ကြိုဆိုနိုင်ကြောင်း ရှင်းပြပါ။ လူထုဟောပြောချက်ကို မှန်မှန်တက်ရောက်ခဲ့သည့်အတွက် ကြေညာသူတစ်ဦး မည်သို့အကျိုးခံစားခဲ့ရကြောင်းကိုဖော်ပြရန် ကြိုတင်ပြင်ဆင်ထားစေပါ။
၁၀ မိ– “လွဲမှားစွာ ကြင်နာမှုပြခြင်းကို ရှောင်ကြဉ်ပါ”။ ဟောပြောရန်။
သီချင်း ၁၉၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။