အထူးအစည်းအဝေးပွဲနေ့အစီအစဉ်သစ်
၁ ၁၉၉၅ လုပ်ငန်းတော်နှစ်တွင်စမည့် ကျွန်ုပ်တို့၏ အထူးအစည်းအဝေးပွဲနေ့အတွက် အစီအစဉ်သည် “သမ္မာတရားကို ဆက်၍ သက်သေခံခြင်း” အဓိကခေါင်းစဉ်ကို ပေါ်လွင်စေလိမ့်မည်။ အစီအစဉ်တစ်ခုလုံးက ယေရှုချမှတ်ခဲ့သော ပုံသက်သေနှင့် ကိုယ်တော်သည် အခွင့်အရေးရတိုင်း သူတစ်ပါးအား သမ္မာတရားကို မည်သို့ဝေငှခဲ့ကြောင်း အာရုံပြုစေမည်။ ခရစ်တော်၏တပည့်တော်များအနေနှင့် ကိုယ်တော်ကိုအတုယူကာ သမ္မာတရားကို ဆက်၍သက်သေခံရန် ကျွန်ုပ်တို့၏ တာဝန်ကို အလေးအနက် ဖော်ပြလိမ့်မည်။—၁ ကော. ၁၁:၁။
၂ သမ္မာတရားကို ပျံ့နှံ့စေရန် အသင်းတော်ဆောင်ရွက်သည့်ကဏ္ဍကိုလည်း ဆင်ခြင်သုံးသပ်လိမ့်မည်။ မဂ္ဂဇင်းများနှင့် အခြားစာပေများကို ကောင်းစွာအသုံးပြုခြင်းအကြောင်းကိုလည်း အလေးအနက်တင်ပြပါမည်။
၃ လည်ပတ်ရောက်ရှိလာသော ဟောပြောသူ၏ အဓိကဟောပြောချက်မှာ “သမ္မာတရားကို သက်သေခံခြင်း—အဘယ်အရာကို ဖြစ်မြောက်စေ” ဖြစ်သည်။ (ယော. ၈:၃၂) ဤအထူးအစည်းအဝေးပွဲနေ့ အစီအစဉ်သည် သမ္မာတရားကို အမှန်ပင်တန်ဖိုးထားစေပြီး တည်ကြည်ရန်၊ “သမ္မာတရားတော်တွင် အခြေခိုင်၍နေ” ရန် အကူအညီပေးပါလိမ့်မည်။—၂ ပေ၊ ၁:၁၂၊ သတင်းကောင်း; ၁ ကော. ၁၅:၅၈။