ဒီဇင်ဘာအတွက်လုပ်ငန်းတော်စည်းဝေးများ
ဒီဇင်ဘာ ၅ ရက်နေ့တွင် စမည့်အပတ်
၁၂ မိ– ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှ ရွေးချယ်ထားသော ကြေညာချက်များ။ နောက်ဆုံးထုတ် မဂ္ဂဇင်းများကိုဝေငှရာတွင် ၎င်းတို့မှ ပြောဆိုတင်ပြနိုင်သည့်အချက် တစ်ခုနှစ်ခုကို ဖော်ပြပါ။ “အသင်းတော်နှင့်အံကိုက်အောင် ဆောင်းပါးများကိုမည်သို့ပြုပြင်ပုံ” ဆောင်းပါးကိုဟောပြောရန်။
၁၅ မိ– “ထက်ကြပ်မကွာ လိုက်လျှောက်ရမည့် စံနမူနာ။” မေးဖြေရန်။
၁၈ မိ– “အကြီးမြတ်ဆုံးလူသားနောက်လိုက်ရန် အခြားသူများအား ဖိတ်ခေါ်လေ။” ပရိသတ်နှင့် ဆွေးနွေး။ လိုရင်းတိုရှင်းသရုပ်ပြခန်း နှစ်ခုကို စီစဉ်ပေးပါ။ တိကျမှန်ကန်သော တစ်အိမ်မှတစ်အိမ်မှတ်တမ်းများ ရေးဆွဲထားရန် လိုအပ်ကြောင်းကို အလေးအနက်ဖော်ပြ; အဘယ်အချက်အလက်များကို ရေးမှတ်သင့်ကြောင်း တိုတိုတုတ်တုတ်ပြန်တင်ပြပါ။
သီချင်း ၁၅၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၁၂ ရက်နေ့တွင် စမည့်အပတ်
၁၃ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်းဖတ်ပြခြင်းနှင့် အလှူငွေများ ရရှိကြောင်း အသိအမှတ်ပြုခြင်း။ လောကီပွဲနေ့ဆိုင်ရာ နှုတ်ဆက်စကားများကို မည်သို့ပြန်ဖြေဆိုသင့်ကြောင်း အကြံပြုချက်အချို့ကို ပေးပါ။—ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု၊ ဒီဇင်ဘာ ၁၉၉၀၊ စာမျက်နှာ ၈ ရှု။
၁၄ မိ– “သွန်သင်ပြသနိုင်သောအရည်အချင်းကို ဖြစ်ထွန်းစေခြင်း။” သီအိုကရက်တစ် ဓမ္မအမှုကျောင်း ကြီးကြပ်မှူး ဟောပြောရန်။ ၁၉၉၅ ခုနှစ်အတွင်း သီအိုကရက်တစ်ဓမ္မအမှုကျောင်းကို မှန်မှန်တက်ခြင်းနှင့် အပြည့်အဝပါဝင်ခြင်းအားဖြင့် ယင်းအစီအစဉ်မှ အကျိုးအပြည့်အဝခံယူရန် အားပေးပါ။
၁၈ မိ– “ဘုရားသခင့်အိမ်တော်ကို တန်ဖိုးထားလေးစားကြောင်း တင်ပြလေ။” မေးဖြေရန်။ အစည်းအဝေးများတွင် အချိန်မှန်ရန် လိုအပ်ကြောင်း ထပ်ဆင့်ပြောဆိုပါ။—၁၉၉၁၊ နိုဝင်ဘာ ၁၅ ရက်၊ ကင်းမျှော်စင် စာမျက်နှာ ၂၇-၃၁ ရှု။
သီချင်း ၉၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၁၉ ရက်နေ့တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ လာမည့် လောကပွဲနေ့ကာလအတွင်း လယ်ကွင်းလုပ်ငန်းအစီအစဉ်များကို ပြန်တင်ပြပါ။ ဒေသခံ ရပ်နယ်တွင် နောက်ဆုံးထုတ်မဂ္ဂဇင်းများကို တင်ဆက်နိုင်သည့်နည်းများအတွက် အကြံပြုချက်များ ပေးပါ။
၂၀ မိ– ယခုအထိ အသင်းတော်သည် မည်သို့ပြုခဲ့ပြီနည်း။ လုပ်ငန်းတော် ကြီးကြပ်မှူးထံမှ ပေးပို့သောသတင်း။ အသင်းတော်၏ လုပ်ငန်းတော်ပျမ်းမျှခြင်းကို တိုးမြှင့်ပေးကြရန် အားပေးပါ။
၁၅ မိ– “ကိုယ်တော်၏ နောက်လိုက်များဖြစ်လာရန် သူတို့အား တိုက်တွန်းလေ။” ပရိသတ်နှင့် ဆွေးနွေး။ လိုရင်းတိုရှင်း သရုပ်ပြခန်းနှစ်ခု တင်ပြပါ။ ပတ်စဉ်လယ်ကွင်းလုပ်ငန်းအချိန် အချို့အဝက်ကို ပြန်လည်ပတ်မှုပြုခြင်းအတွက် အသုံးပြုကြရန် အားလုံးကို အားပေးပါ။
သီချင်း ၂၂ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၂၆ ရက်နေ့တွင် စမည့်အပတ်
၅ မိ– ဒေသကြေညာချက်များ။
၂၀ မိ– အသင်းတော်၏ ဝိညာဉ်ရေးစိတ်ဓာတ်ကို တည်ဆောက်ပေးခြင်း။ ဦးစီးကြီးကြပ်မှူး ဟောပြောရန်။ မိသားစုအိမ်တွင်းကျမ်းစာသင်တန်း ပြုလုပ်ကြရန် မိသားစုတိုင်းအား တိုက်တွန်းပါ။
၁၀ မိ– ဒေသ လိုအပ်ရာများ။ သို့မဟုတ် ၁၉၉၄၊ အောက်တိုဘာ ၁ ကင်းမျှော်စင်၊ စာမျက်နှာ ၂၆-၃၀ပါ “သင့်ကလေးအား ယေဟောဝါကိုရွေးချယ်ရန် ကူညီပေးနေပါသလော” ဆောင်းပါးကို ဟောပြောရန်။
၁၀ မိ– ဇန်နဝါရီလတွင် ဝေငှမည့်စာပေအတွက် ပြင်ဆင်။ ၁၉၈၂ ခုနှစ်မတိုင်မီ ၁၉၂-မျက်နှာရှိ မည်သည့်စာအုပ်ကိုမဆို ဝေမည်။ အသင်းတော်တွင် ယင်းစာအုပ်များမရှိပါက စစ်မှန်သောငြိမ်းချမ်းရေးနှင့်လုံခြုံမှု—ယင်းကို မည်သို့ရှာတွေ့နိုင် စာအုပ်ကို ဝေငှမည်။ ဤစာအုပ်ကို အသုံးပြုမည်ဆိုလျှင် ယင်းကို ဝေငှသည့်အခါ အသုံးပြုနိုင်မည့် တင်ဆက်ပြောဆိုပုံတစ်ခုကို ပြင်ဆင်ပါ။ အခြားစာအုပ်ကို ဝေငှမည်ဆိုလျှင် သင့်တော်သော တင်ဆက်ပုံ တစ်ခုနှစ်ခုကို ပြင်ဆင်ပါ။ တင်ဆက်ပုံများအတွက် အကြံပြုချက်များကို Reasoning စာအုပ်၊ စာမျက်နှာ ၉-၁၅ တွင်တွေ့ရှိနိုင်သည်။ တတ်ကျွမ်းသောကြေညာသူတစ်ဦးအား တင်ဆက်ပုံကို သရုပ်ပြစေပါ။
သီချင်း ၉၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။